ကယ်တင်ခြင်းခံလိုက်ရပြီးနောက် ၎င်းရဲ့လက်တွဲဖော်နှင့် တစ်သက်တာပြန်လည်ပေါင်းစည်းနိုင်ခဲ့တဲ့ ငန်းဖြူမလေးတို့ရဲ့ကြည့်နူးဖွယ်အခိုက်အတန့်..
ခုဖော်ပြပေးမဲ့အဖြစ်အပျက်ကတော့ ချစ်စရာအကောင်းဆုံးတွေထဲမှ တစ်ခုလို့ဆိုနိုင်ပါတယ်။
ငန်းဖြူတွေဟာ အလွန်လှပပြီး ချစ်စဖွယ်ကောင်းတဲ့သတ္တဝါများဖြစ်ပြီး ၎င်းတို့ဟာ လူသားတို့လိုဘဲ အချင်းချင်းအပေါ် တူညီတဲ့ မေတ္တာနဲ့ ကရုဏာကို လွတ်လပ်စွာ ပြသနိုင်ကြပါတယ်။
၎င်းတို့ရဲ့အဖော်များနှင့်အတူ ထာဝရနေထိုင်သွားလေ့ရှိတဲ့ တောရိုင်းတိရိစ္ဆာန်မျိုးစိတ် အနည်းငယ်သာရှိပြီး ၎င်းတို့ထဲမှ မျိုးစိတ်တစ်ခုမှာ ငန်းဖြူလေးတွေဘဲဖြစ်ပါတယ်။
အတူရှိနေကြတဲ့အခါ ဤကြီးကျယ်ခမ်းနားတဲ့ငှက်တွေဟာ လူသားများကဲ့သို့ ၎င်းတို့၏ခံစားချက်များကို လွတ်လပ်စွာဖော်ပြတတ်ကြပါတယ်။
ဒါ့ကြောင့် လမ်းခွဲလိုက်ရတဲ့အခါကျရင်လည်း ၎င်းတို့ဟာ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် အသည်းကွဲတတ်ကြပါတယ်။
ခုဖော်ပြပေးမှာကတော့ ခဏတာခွဲခွာပြီးနောက် ပြန်လည်ဆုံစည်းခဲ့ကြတဲ့ ငန်းဖြူ ၂ ကောင်တို့၏အဖြစ်အပျက်ဇာတ်လမ်းဘဲဖြစ်ပါတယ်။
Bonnie နှင့် Clyde လို့ခေါ်တဲ့ ငန်းဖြူနှစ်ကောင်တို့ဟာ အင်္ဂလန်နိုင်ငံ Crewe မြို့နှင့် မဝေးသောရေကန်တစ်ခုမှာ နှစ်အတော်ကြာအောင် အတူနေထိုင်လျက်ရှိပါတယ်။
တောရိုင်းတိရိစ္ဆာန် ဝါသနာရှင်များသာမက ဒေသခံများနှင့် လူတိုင်းကပင် ၎င်းတို့ကို ဒေသခံထင်ရှားကျော်ကြားသောငှက်များအဖြစ် သိထားကြပါတယ်။သို့ပေမဲ့ မကြာသေးမီက Bonnie ဟာ ဒဏ်ရာရခဲ့တာကြောင့် လူတိုင်းက စိုးရိမ်နေကြရပါတယ်။
ထို့ကြောင့် သက်ဆိုင်ရာနိုင်ငံသားများက တိရိစ္ဆာန်များကို ရက်စက်ကြမ်းကြုတ်မှု တားဆီးကာကွယ်ရေးတော်ဝင်အသင်း (RSPCA) သို့အကြောင်းကြားခဲ့ကြတာကြောင့် ကယ်ဆယ်ရေးအဖွဲ့များကလည်း ချက်ချင်းတုံ့ပြန်ပေးခဲ့ကြပါတယ်။
Bonnie ကို ကယ်တင်ခြင်းက မျှော်လင့်ထားသည်ထက် ပိုမိုခက်ခဲနေခဲ့ပါတယ်။
ကယ်ဆယ်နေစဉ်အတွင်း Bonnie ဟာလွန်စွာစိတ်မကောင်းဖြစ်ပြီး ခုခံနေတာကြောင့် ကယ်ဆယ်ရေးဖောင် ၂ စင်းကိုအသုံးပြုကာ ရေကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင် ၄ ဦးကပူးပေါင်းကယ်ဆယ်ခဲ့ကြရပါတယ်။
Bonnie မှာခြေထောက်ဒဏ်ရာရှိကြောင်းတိရိစ္ဆာန်ဆေးကုဆရာဝန်များက တွေ့ရှိခဲ့ရာ အဆိုပါ ငန်းဖြူကို RSPCA စက်ရုံသို့ချက်ခြင်းပို့ဆောင်ပေးခဲ့ပါတယ်။
ဒဏ်ရာသိပ်မပြင်းထန်ေပေမယ့်သိပ်မကြာခင်မှာနေကောင်းလာလိမ့်မယ်လို့လည်း ဆရာဝန်များက ပြောကြားခဲ့ပါတယ်။
ကံကောင်းစွာဖြင့်၊ Bonnie ဟာ တစ်လမပြည့်မီမှာ ပြန်လည်သက်သာလာခဲ့ပြီး ..စေတနာ့ဝန်ထမ်းများကလည်း သူမရဲ့ တစ်သက်တာလက်တွဲဖော်ဖြစ်တဲ့ Clyde နှင့် ပြန်လည်ပေါင်းစည်းစေခဲ့ကြပါတယ်။
သူမနောက်ဆုံးလွတ်မြောက်လာတဲ့အခါ Bonnie ဟာ Clyde ဆီသို့ ချက်ခြင်းဦးတည်သွားခဲ့ပြီး မမျှော်လင့်ဘဲ ၎င်းတို့နှစ်ကောင်ဟာ ဓာတ်ပုံတွင်ရိုက်ကူးရမိထားသည့်အတိုင်း။ ၎င်းတို့ရဲ့လည်ပင်းရှည်များဖြင့် နှလုံးပုံသဏ္ဍာန်ကို ဖန်တီးခဲ့ကြပါတယ်။
ဒီချစ်စဖွယ်အကောင်းဆုံးအခိုက်အတန့်ဟာ နှလုံးသားနွေးထွေးသည့်မြင်ကွင်းတစ်ခုဖြစ်ပြီး ဤငှက်များဟာ ၎င်းတို့ဘယ်လောက်နူးညံ့သိမ်မွေ့ပြီး သနားကြင်နာတတ်သည်ကို လူတိုင်းအား အမှတ်ရစေခဲ့ပါတယ်။
၎င်းတို့အချင်းချင်းမျှဝေခဲ့ကြတဲ့ ချစ်ခြင်းမေတ္တာတွေကလည်း အရမ်းတန်ဖိုးရှိနေပါတယ်။ ဒီကျက်သရေရှိတဲ့ငှက်များကို မြင့်မြတ်သောငှက်များဟုလည်း လူသိများပါသေးတယ်။
crd