ၾကားသိရသမွ်

NUG ရန်ပုံငွေပွဲကြီးကို အာဇာနည် မင်းမော်ကွန်အပါဝင် အနုပညာရှင်များစွာ ပါဝင်ဖျော်ဖြေမည်

စစ်အာဏာရှင်စနစ်ကို အသိပညာ၊ အတတ်ပညာ၊ အနုပညာ၊ စစ်ပညာတွေနဲ့ အဘက် ဘက်မှ တော်လှန်ရင်း နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ အနုပညာရှင်တွေပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးရန်ပုံငွေဖျော်ဖြေပွဲကို ကျင်းပသွားဖို့ ရှိနေ ပါတယ်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြီး မြန်မာ့ပညာရေးပြန်လည်ဦးမော့လာရေးကို ရည်ရွယ် ပြုလုပ်တဲ့ ဒီဖျော်ဖြေပွဲကိုတော့ “ပညာဖြင့်တော်လှန် နွေဦးရဲ့အောင်လံ” လို့ အမည်ပေးထားပြီး လာမယ့် နိုဝင်ဘာ ၁၃ ရက်နေ့၊ မြန်မာစံတော်ချိန်ည ၈ နာရီမှာ ကျင်းပပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

တော်လှန်ရေးမှာ ပါဝင်ဆင်နွှဲနေကြတဲ့ နိုင်ငံကျော် ဂီတ၊ ရုပ်ရှင်၊ ကာတွန်း၊ စာပေ၊ ပန်:ချီ အနုပညာရှင်တွေက တော်လှန်ရေးတေးသီချင်းတွေ၊ ကဗျာတွေ၊ ကာတွန်း၊ ပန်းချီ၊ မှတ် တမ်းရုပ်ရှင်နဲ့ တခြားသော အနုပညာဖျော်ဖြေမှုအစီအစဉ်များစွာနဲ့ ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်ပါတယ်။

ဒီဖျော်ဖြေပွဲမှာတော့ ထင်ရှားတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်နဲ့အတူ အဆိုတော် ချမ်းချမ်း၊ R. ဇာနည်၊ သရုပ်ဆောင် မင်းမော်ကွန်း၊ ဒေါင်း၊ မြနှင်းရည်လွင်၊ မြတ်နိုးအေးတို့နဲ့ တခြားအနုပညာရှင်တွေလည်း အများကြီး ပါဝင်သွားကြမှာ ဖြစ်ပါတယ်။

ဒီဖျော်ဖြေပွဲကနေ ရရှိလာတဲ့ လက်မှတ်ရောင်းရငွေတွေ၊ အလှူငွေတွေကိုတော့ ခက်ခဲတဲ့ ဒေသပညာရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ရေး၊ CDM ထောက်ပံ့ရေး၊ ဖက်ဒရယ် ပညာရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဆောင်ရွက်ရေးတွေမှာ အကျိုးရှိစွာ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ ပညာရေးနဲ့ စစ်အာဏာရှင်တော်လှန်ရေး ရန်ပုံငွေ Live Show ကို မိဘပြည် သူတွေအနေနဲ့ ပါဝင်လှူဒါန်းကြဖို့လည်း NUG က တိုက်တွန်းနှိုးဆော်ထားပါတယ်။

ပွဲကျင်းပမယ့်နေရာ၊ ပုံစံတွေကိုတော့ ဝယ်ယူတဲ့ လက်မှတ်မှာ ဖော်ပြသွားမှာဖြစ်ပြီး လက် မှတ်ရောင်းချမယ့် အစီအစဉ်အသေးစိတ်ကို ထပ်မံကြေညာသွားမယ်လို့ ဆိုပါတယ်။

————

စစ္အာဏာရွင္စနစ္ကို အသိပညာ၊ အတတ္ပညာ၊ အႏုပညာ၊ စစ္ပညာေတြနဲ႔ အဘက္ ဘက္မွ ေတာ္လွန္ရင္း ေႏြဦးေတာ္လွန္ေရးမွာ ပါဝင္ေနၾကတဲ့ အႏုပညာရွင္ေတြပါဝင္တဲ့ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG)၊ ပညာေရးရန္ပုံေငြေဖ်ာ္ေျဖပြဲကို က်င္းပသြားဖို႔ ရွိေန ပါတယ္။

စစ္အာဏာရွင္စနစ္ အျမစ္ျပတ္ၿပီး ျမန္မာ့ပညာေရးျပန္လည္ဦးေမာ့လာေရးကို ရည္႐ြယ္ ျပဳလုပ္တဲ့ ဒီေဖ်ာ္ေျဖပြဲကိုေတာ့ “ပညာျဖင့္ေတာ္လွန္ ေႏြဦးရဲ႕ေအာင္လံ” လို႔ အမည္ေပးထားၿပီး လာမယ့္ ႏိုဝင္ဘာ ၁၃ ရက္ေန႔၊ ျမန္မာစံေတာ္ခ်ိန္ည ၈ နာရီမွာ က်င္းပျပဳလုပ္သြားမယ္လို႔ ဆိုပါတယ္။

ေတာ္လွန္ေရးမွာ ပါဝင္ဆင္ႏႊဲေနၾကတဲ့ ႏိုင္ငံေက်ာ္ ဂီတ၊ ႐ုပ္ရွင္၊ ကာတြန္း၊ စာေပ၊ ပန္:ခ်ီ အႏုပညာရွင္ေတြက ေတာ္လွန္ေရးေတးသီခ်င္းေတြ၊ ကဗ်ာေတြ၊ ကာတြန္း၊ ပန္းခ်ီ၊ မွတ္ တမ္း႐ုပ္ရွင္နဲ႔ တျခားေသာ အႏုပညာေဖ်ာ္ေျဖမႈအစီအစဥ္မ်ားစြာနဲ႔ ေဖ်ာ္ေျဖတင္ဆက္သြားမွာ ျဖစ္ပါတယ္။

ဒီေဖ်ာ္ေျဖပြဲမွာေတာ့ ထင္ရွားတဲ့ ၈၈ မ်ိဳးဆက္ ေက်ာင္းသားေခါင္းေဆာင္ မင္းကိုႏိုင္နဲ႔အတူ အဆိုေတာ္ ခ်မ္းခ်မ္း၊ R. ဇာနည္၊ သ႐ုပ္ေဆာင္ မင္းေမာ္ကြန္း၊ ေဒါင္း၊ ျမႏွင္းရည္လြင္၊ ျမတ္ႏိုးေအးတို႔နဲ႔ တျခားအႏုပညာရွင္ေတြလည္း အမ်ားႀကီး ပါဝင္သြားၾကမွာ ျဖစ္ပါတယ္။

ဒီေဖ်ာ္ေျဖပြဲကေန ရရွိလာတဲ့ လက္မွတ္ေရာင္းရေငြေတြ၊ အလႉေငြေတြကိုေတာ့ ခက္ခဲတဲ့ ေဒသပညာေရးလုပ္ငန္းေတြ အေကာင္အထည္ေဖာ္ေရး၊ CDM ေထာက္ပံ့ေရး၊ ဖက္ဒရယ္ ပညာေရးလုပ္ငန္းစဥ္ေတြ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေရးေတြမွာ အက်ိဳးရွိစြာ အသုံးျပဳသြားမယ္လို႔ ဆိုပါတယ္။

ဒါေၾကာင့္မို႔ ပညာေရးနဲ႔ စစ္အာဏာရွင္ေတာ္လွန္ေရး ရန္ပုံေငြ Live Show ကို မိဘျပည္ သူေတြအေနနဲ႔ ပါဝင္လႉဒါန္းၾကဖို႔လည္း NUG က တိုက္တြန္းႏႈိးေဆာ္ထားပါတယ္။

ပြဲက်င္းပမယ့္ေနရာ၊ ပုံစံေတြကိုေတာ့ ဝယ္ယူတဲ့ လက္မွတ္မွာ ေဖာ္ျပသြားမွာျဖစ္ၿပီး လက္ မွတ္ေရာင္းခ်မယ့္ အစီအစဥ္အေသးစိတ္ကို ထပ္မံေၾကညာသြားမယ္လို႔ ဆိုပါတယ္။