သင့်ကို အံသြသွားစေမယ့် ခန္ဓာကိုယ်ရဲ့ ထူးဆန်းတဲ့ အချက်များ
သက်ရှိတွေထဲမှာ လူတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှုဟာ အရှုပ်ဆုံးလို့ အားလုံးလက်ခံထားကြပါတယ်။ အရှုပ်ဆုံးဖြစ်တာကြောင့် ကျွန်တော်တို့ ခန္ဓာကိုယ်တွေမှာ ကျွန်တော်တို့ မသိသေးတဲ့အကြောင်းတွေ များစွာရှိပါတယ်။
အောက်ပါ အချက်အလက်တွေကတော့ သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိထားတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ သင်ဖတ်ပြီး အံသြသွားနိုင်ပါတယ်။
၁။ သင့်နှာခေါင်းဟာ အနံပေါင်း ၅ဝဝဝဝ ခန့်ကို မှတ်မိနိုင်စွမ်းရှိပါတယ်။
၂။ လူခန္ဓာကိုယ်ကို ဖွဲ့စည်းထားတဲ့ အနုမျူအမှုန်အပိုင်းလေးတွေဟာ နာရီတိုင်းကို အခု ၆ သိန်းခန့် အသစ်ထပ်ထပ်ဖြစ်နေပါတယ်။ ဒါကြောင့်လည်း အချိန်ကြာလာတာနဲ့ အမျှအသက်အရွယ်ကြီးရင့်တဲ့ ရုပ်ဖြစ်လာတာပါ။
၃။ မွေးဖွားစ ကလေးတစ်ယောက် မှာရှိတဲ့ အရိုးတွေဟာ ဟာ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ အရိုးတွေထက် အခု ၆၀ ခန့်ပိုများပါသတဲ့။
၄။ လူခန္ဓာကိုယ်ရဲ့ အသန်မာဆုံးကြွက်သားဟာ လျှာဖြစ်ပါတယ်။
၅။ အရွယ်ရောက်တဲ့အခါ အစိတ်အပိုင်းအားလုံးနီးပါး ကြီးထွားမှု ရပ်တန့်သွားမှာ ဖြစ်ပေမယ့် နား နဲ့ နှာခေါင်း ကတော့ ဘယ်တော့မှ ကြီးထွားမှု ရပ်တန့်မှာ မဟုတ်ပါဘူး။
၆။ လူတစ်ယောက်ချင်းစီမှာ မတူညီတဲ့ လက်ဗွေရာတွေ ရှိသလို လျှာဗွေရာလည်း ရှိပါသတဲ့။
၇။ မျက်လုံးအပြာရောင်နဲ့ သူတွေဟာ အရက်ကို ပုံမှန်လူတွေထက် ပိုသောက်နိုင်ပါသတဲ့။ သူတို့မှာ အယ်ကိုဟောဓာတ်ခံနိုင်စွမ်း မြင့်မားစွာ ပါလာလို့ပါပဲ။
၈။ လူတစ်ယောက်ဟာ သူ့ဘဝသက်တမ်းရဲ့ ၁ဝပုံ ၁ပုံ ကို မျက်တောင်အဖွင့်အပိတ်လုပ်ခြင်းနဲ့ ကုန်ဆုံးပါသတဲ့။ (အသက် ၆၀ ရှိတဲ့သူက မျက်တောင်အဖွင့်အပိတ်လုပ်တာချည်းပဲ ၆နှစ်ကြာတယ်ဆိုတဲ့ သဘောပါ)
၉။ ယနေ့ 20 Megapixels, 30 Megapixels ရှိတဲ့ကင်မရာတွေကို တော်တော်များပြီလို့ အောက်မေ့နေတဲ့အချိန်မှာ ကျွန်တော်တို့တတွေရဲ့မျက်စိဟာ 576 Megapixels တောင် ရှိပါသတဲ့။
၁၀။ လူတွေ ခန္ဓာကိုယ်က ဘက်တီးရီးယားစုစုပေါင်းရဲ့ အလေးချိန်စုစုပေါင်းဟာ ချိန်ကြည့်မယ်ဆိုရင် ၄ ပေါင်ခန့် ရှိမှာပါ။
၁၁။ လူတွေရဲ့ ဘယ်ခန္ဓာကိုယ်အစိတ်အပိုင်းမှာမဆို ဖြစ်နိုင်တဲ့ ကင်ဆာပေါင်း အမျိုးအစား ၁ဝဝ ကျော်ရှိပါတယ်။
၁၂။ လူတွေရဲ့ ဦးနှောက်ပုံမှန်လည်ပတ်နိုင်ဖို့ အတွက် လူ့ခန္ဓာကိုယ်က သွေးနဲ့ အောက်ဆီဂျင် ၂၀% ကို အသုံးပြုရပါတယ်။
၁၃။ အံသြသွားမလားမသိဘူး။ ကျွန်တော်တို့ ခန္ဓာကိုယ်က အရိုးတိုင်းမှာ ရေ ၃၁% ပေါင်းစပ် ပါဝင်နေပါသတဲ့။
၁၄။ လမ်းလျှောက်ဖို့ ခြေတစ်လှမ်းလှမ်းတိုင်းမှာ အကြောပေါင်း ၂ဝဝ ကိုအသုံးပြုရပါတယ်။
၁၅။ ဖျားနာနေတဲ့ လူတစ်ယောက်ရဲ့ ကိုယ်အပူချိန်ဟာ ၁၁၅.၇ ဒီဂီရီဖာရင်ဟိုက် ရှိနိုင်ကြောင်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
၁၆။ လျှာမှာရှိတဲ့ ရသာခံအဖုလေးတွေဟာ ၁ဝရက်မှာ တစ်ခါ အသစ် အစားထိုးပြီး ပြန်ပေါက်လေ့ရှိပါတယ်။
၁၇။ လူတစ်ယောက်ရဲ လက်ချောင်း ၅ ချောင်းမှာ လက်သန်းကို အားအနည်းဆုံးလို့ ကျွန်တော်တို့ ထင်ထားတတ်ပါတယ်။
တကယ်တော့ လက်သန်းဟာ အသန်မာဆုံး လက်ချောင်းပဲ ဖြစ်ပါတယ်။ တကယ်လို့များ လက်တစ်ဖက်မှာ လက်သန်းသာ မရှိခဲ့ရင် ဒီလက်ရဲ့သန်မာမှုဟာ ၅၀% ဆုံးရှုံးသွားမှာပါ။
၁၈။ လူ့ရဲ့ နှလုံးဟာ ပျမ်းမျှအားဖြင့် တစ်နေ့မှာ အကြိမ် ၁သိန်း လောက်ခုန်ပါသတဲ့။
၁၉။ လူတွေရဲ့ ခန္ဓာကိုယ်က အသေးငယ်ဆုံး အရိုးကတော့ နားအလယ်မှာရှိတဲ့ အရိုးပဲဖြစ်ပါတယ်။ ၂.၈မီလီမီတာပဲ ရှိပါတယ်။
၂၀။ ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်အခြမ်းကို ဦးနှောက်ညာဘက်ခြမ်းက ထိန်းချုပ်ပြီး ၊ ခန္ဓာကိုယ် ညာဘက်အခြမ်းကိုတော့ ဦးနှောက်ဘယ်ဘက်ခြမ်းက ထိန်းချုပ်ပါသတဲ့။
၂၁။ ဉာဏ်ရည်ပိုမြင့်မားတဲ့သူတွေဟာ ပိုပြီးတော့အိပ်မက်တွေ မက်လေ့ရှိပါတယ်။
၂၂။ သင့်ဘဝတစ်လျှောက်ထွက်ခဲ့တဲ့ တံတွေးပမာဏဟာ ပုံမှန်ရေကူးကန် ၂ကန်ကို ဖြည့်နိုင်လောက်တဲ့အထိ များပြားပါတယ်။
Credit
Zawgyi
သင့်ကို အံသြသွားစေမယ့် ခန္ဓာကိုယ်ရဲ့ ထူးဆန်းတဲ့ အချက်များ
သက်ရှိတွေထဲမှာ လူတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှုဟာ အရှုပ်ဆုံးလို့ အားလုံးလက်ခံထားကြပါတယ်။ အရှုပ်ဆုံးဖြစ်တာကြောင့် ကျွန်တော်တို့ ခန္ဓာကိုယ်တွေမှာ ကျွန်တော်တို့ မသိသေးတဲ့အကြောင်းတွေ များစွာရှိပါတယ်။
အောက်ပါ အချက်အလက်တွေကတော့ သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိထားတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ သင်ဖတ်ပြီး အံသြသွားနိုင်ပါတယ်။
၁။ သင့်နှာခေါင်းဟာ အနံပေါင်း ၅ဝဝဝဝ ခန့်ကို မှတ်မိနိုင်စွမ်းရှိပါတယ်။
၂။ လူခန္ဓာကိုယ်ကို ဖွဲ့စည်းထားတဲ့ အနုမျူအမှုန်အပိုင်းလေးတွေဟာ နာရီတိုင်းကို အခု ၆ သိန်းခန့် အသစ်ထပ်ထပ်ဖြစ်နေပါတယ်။ ဒါကြောင့်လည်း အချိန်ကြာလာတာနဲ့ အမျှအသက်အရွယ်ကြီးရင့်တဲ့ ရုပ်ဖြစ်လာတာပါ။
၃။ မွေးဖွားစ ကလေးတစ်ယောက် မှာရှိတဲ့ အရိုးတွေဟာ ဟာ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ အရိုးတွေထက် အခု ၆၀ ခန့်ပိုများပါသတဲ့။
၄။ လူခန္ဓာကိုယ်ရဲ့ အသန်မာဆုံးကြွက်သားဟာ လျှာဖြစ်ပါတယ်။
၅။ အရွယ်ရောက်တဲ့အခါ အစိတ်အပိုင်းအားလုံးနီးပါး ကြီးထွားမှု ရပ်တန့်သွားမှာ ဖြစ်ပေမယ့် နား နဲ့ နှာခေါင်း ကတော့ ဘယ်တော့မှ ကြီးထွားမှု ရပ်တန့်မှာ မဟုတ်ပါဘူး။
၆။ လူတစ်ယောက်ချင်းစီမှာ မတူညီတဲ့ လက်ဗွေရာတွေ ရှိသလို လျှာဗွေရာလည်း ရှိပါသတဲ့။
၇။ မျက်လုံးအပြာရောင်နဲ့ သူတွေဟာ အရက်ကို ပုံမှန်လူတွေထက် ပိုသောက်နိုင်ပါသတဲ့။ သူတို့မှာ အယ်ကိုဟောဓာတ်ခံနိုင်စွမ်း မြင့်မားစွာ ပါလာလို့ပါပဲ။
၈။ လူတစ်ယောက်ဟာ သူ့ဘဝသက်တမ်းရဲ့ ၁ဝပုံ ၁ပုံ ကို မျက်တောင်အဖွင့်အပိတ်လုပ်ခြင်းနဲ့ ကုန်ဆုံးပါသတဲ့။ (အသက် ၆၀ ရှိတဲ့သူက မျက်တောင်အဖွင့်အပိတ်လုပ်တာချည်းပဲ ၆နှစ်ကြာတယ်ဆိုတဲ့ သဘောပါ)
၉။ ယနေ့ 20 Megapixels, 30 Megapixels ရှိတဲ့ကင်မရာတွေကို တော်တော်များပြီလို့ အောက်မေ့နေတဲ့အချိန်မှာ
ကျွန်တော်တို့တတွေရဲ့မျက်စိဟာ 576 Megapixels တောင် ရှိပါသတဲ့။