ကလေးတွေကို ထူးချွန်အောင် ဟောဒီလို ပြုစု ပျိုးထောင်ပါ
( ဆုတင် မှတ်စု )
၁။ နေ့တိုင်း အနည်းဆုံး နာရီဝက်ခန့် သင့်ကလေးနဲ့ အတူသူတို့စိတ်ဝင်စားတဲ့ အကြောင်းအရာ တစ်ခုခုကိုဆွေးနွေး တိုင်ပင်ပါ။
၂။ ကလေးကို ငယ်စဉ်ကစပြီး သန့်ရှင်းရေး ကို နှစ်သက်ပါစေ။ တစ်ကိုယ်ရည် သန့်ရှင်းရေး ဂရုပြု နိုင်ပါစေ။
၃။ စိတ်ရှည်ရှည်ထားပြီး ကလေး၏ စိတ်တွင်းစကားကို နားထောင်ပေးပါ။ထောက်ခံအားပေးသည့် ပုံစံမျိုးဖြင့် နားထောင်ပေးပါ။
၄။ ကလေးကို သတိပေးတယ်ဆိုပြီး အနာဟောင်းကို တုတ်ဖြင့်ခဏခဏ မဆွပါနှင့်၊
သတိပေးစကား ခဏခဏ ပြောမိလျင်၊ ကိုယ်ပြောချင်တာပြော၊ သူလုပ်ချင်တာလုပ် ဖြစ်သွားမည်။
၅။ ကလေး၏ အပြစ်ကိုတွေ့လျင် လေးလေးနက်နက် ပြောပြပေးပါ။ ဆွေးနွေးပေးပါ။
အပြစ် မှ တစ်ဆင့် ဖြစ်ပေါ်တတ်သော နောက်ဆက်တွဲ အကျိုးများကို ကလေးနားလည်အောင် ပြောပြပေးပါ။
၆။ မိမိ အကောင်အထည် မဖေါ်နိုင်ခဲ့သော မိမိ၏ ရည်ရွယ်ချက်များကို ကလေးထံ မလွှဲပြောင်းပါနှင့်၊
ကိုယ်က ဆရာဝန်မဖြစ်ခဲ့လို့၊ စစ်ဗိုလ်မဖြစ်ခဲ့လို့၊ စသည်ဖြင့် ကလေးကို အကောင်အထည် ဖေါ်ခိုင်းတာမျိုး လုံးဝရှောင်ကျဉ်ပါ။
ရ။ ကလေးကို အဖိုးအဖွား အနားမှာ နှစ်ချီထားတာမျိုး မပြုလုပ်ပါနှင့်၊မြေး မှာအနှစ်၊ အနှစ်လွန်လျင် မကောင်းပါ။
၈။ ကလေးကို စိတ်ရှည်ရှည်ဖြင့် ပုံပြင်စာအုပ် ဖတ်ပြပါ။ ပြန်ပြောပြခိုင်းပါ။ သူ့ အယူအဆလေးတွေကို မေးကြည့်ပါ။ ထောက်ခံပေးပါ။
၉။ ကလေး၏ အပြုအမူ၊ အပြောအဆို၊ တိုးတက်မူ စသည်တို့ကို သုံးသပ်ပြီးနေ့စဉ် ကလေးအတွက် တိုးတက်နိုင်စရာ နည်းလမ်းတစ်ခုခု၊
အားပေးနိုင်စရာ နည်းလမ်းတစ်ခုခု စဉ်းစားပေးပါ။ အချိန်ကြာလာသည်နှင့်အမျှ အလွန်ထိရောက်သည်ကိုတွေ့ရှိလာပါလိမ့်မည်။
၁၀။ ကလေးကို စိတ်ရင်းကောင်း ရှိအောင် ငယ်စဉ်ကတဲက မွေးမြူပါ။ အကောင်းဆုံးနည်းလမ်းမှာ ကလေးရှေ့မှာ မည်သူတစ်ဦး တစ်ယောက်၏ မကောင်းကြောင်းကို မပြောမိပါစေနှင့်၊
၁၁။ ကလေးကိုပြုံးတတ်အောင် သင်ထားပေးပါ။ အလွယ်ကူဆုံး နည်းလမ်းမှာ ကိုယ်အရင် ပြုံးပါ။
၁၂။ ကလေးကို လွယ်လွယ် နှင့် ကတိမပေးပါနှင့်၊ပေးမိလျင်လည်း အကောင်အထည်ရအောင်ဖေါ်ပေးပါ။
၁၃။ ကိုယ့်ကလေးက ဘယ်ကလေးထက် ညံ့တယ်၊ အားနည်းတယ် စသည်ဖြင့် မည်သည့်အခါမှ မပြောမိပါစေနှင့်.၊
၁၄။ ကလေးပြီးမြောက်ထားသော အလုပ်ထဲတွင် ချီးကျူးနိုင်စရာကို ရအောင်ရှာဖွေပြီး ချီးကျူးပေးပါ။
၁၅။ ကလေးကို မည်သည့်အခါမှ မချိန်းချောက်ပါနှင့်၊
၁၆။ လူရှေ့သူရှေ့ မှာ မည်သည့်အခါမှ မိမိကလေးကို ဝေဖန်ခြင်း၊ ဆဲဆိုခြင်း မပြုလုပ်ပါနှင့်။
ကလေး အနေဖြင့် မိမိကိုယ်မိမိ ယုံကြည်မူ ထိခိုက်တတ်ပါသည်။ လက်ဦးဆရာ မိဘ များ သတိရှိနိုင်ကြပါစေခင်ဗျား…။
Ref: Wechat / True Man
ပြန်လည်မျှဝေသူ မြတ်ဗုဒ္ဓ၏ သမီးပျို
Zawgyi
ကေလးေတြကို ထူးခြၽန္ေအာင္ ေဟာဒီလို ျပဳစု ပ်ိဳးေထာင္ပါ
( ဆုတင္ မွတ္စု )
၁။ ေန႔တိုင္း အနည္းဆုံး နာရီဝက္ခန႔္ သင့္ကေလးနဲ႔ အတူသူတို႔စိတ္ဝင္စားတဲ့ အေၾကာင္းအရာ တစ္ခုခုကိုေဆြးေႏြး တိုင္ပင္ပါ။
၂။ ကေလးကို ငယ္စဥ္ကစၿပီး သန႔္ရွင္းေရး ကို ႏွစ္သက္ပါေစ။ တစ္ကိုယ္ရည္ သန႔္ရွင္းေရး ဂ႐ုျပဳ ႏိုင္ပါေစ။
၃။ စိတ္ရွည္ရွည္ထားၿပီး ကေလး၏ စိတ္တြင္းစကားကို နားေထာင္ေပးပါ။ေထာက္ခံအားေပးသည့္ ပုံစံမ်ိဳးျဖင့္ နားေထာင္ေပးပါ။
၄။ ကေလးကို သတိေပးတယ္ဆိုၿပီး အနာေဟာင္းကို တုတ္ျဖင့္ခဏခဏ မဆြပါႏွင့္၊
သတိေပးစကား ခဏခဏ ေျပာမိလ်င္၊ ကိုယ္ေျပာခ်င္တာေျပာ၊ သူလုပ္ခ်င္တာလုပ္ ျဖစ္သြားမည္။
၅။ ကေလး၏ အျပစ္ကိုေတြ႕လ်င္ ေလးေလးနက္နက္ ေျပာျပေပးပါ။ ေဆြးေႏြးေပးပါ။
အျပစ္ မွ တစ္ဆင့္ ျဖစ္ေပၚတတ္ေသာ ေနာက္ဆက္တြဲ အက်ိဳးမ်ားကို ကေလးနားလည္ေအာင္ ေျပာျပေပးပါ။
၆။ မိမိ အေကာင္အထည္ မေဖၚႏိုင္ခဲ့ေသာ မိမိ၏ ရည္႐ြယ္ခ်က္မ်ားကို ကေလးထံ မလႊဲေျပာင္းပါႏွင့္၊
ကိုယ္က ဆရာဝန္မျဖစ္ခဲ့လို႔၊ စစ္ဗိုလ္မျဖစ္ခဲ့လို႔၊ စသည္ျဖင့္ ကေလးကို အေကာင္အထည္ ေဖၚခိုင္းတာမ်ိဳး လုံးဝေရွာင္က်ဥ္ပါ။
ရ။ ကေလးကို အဖိုးအဖြား အနားမွာ ႏွစ္ခ်ီထားတာမ်ိဳး မျပဳလုပ္ပါႏွင့္၊ေျမး မွာအႏွစ္၊ အႏွစ္လြန္လ်င္ မေကာင္းပါ။
၈။ ကေလးကို စိတ္ရွည္ရွည္ျဖင့္ ပုံျပင္စာအုပ္ ဖတ္ျပပါ။ ျပန္ေျပာျပခိုင္းပါ။ သူ႔ အယူအဆေလးေတြကို ေမးၾကည့္ပါ။ ေထာက္ခံေပးပါ။
၉။ ကေလး၏ အျပဳအမူ၊ အေျပာအဆို၊ တိုးတက္မူ စသည္တို႔ကို သုံးသပ္ၿပီးေန႔စဥ္ ကေလးအတြက္ တိုးတက္ႏိုင္စရာ နည္းလမ္းတစ္ခုခု၊
အားေပးႏိုင္စရာ နည္းလမ္းတစ္ခုခု စဥ္းစားေပးပါ။ အခ်ိန္ၾကာလာသည္ႏွင့္အမွ် အလြန္ထိေရာက္သည္ကိုေတြ႕ရွိလာပါလိမ့္မည္။
၁၀။ ကေလးကို စိတ္ရင္းေကာင္း ရွိေအာင္ ငယ္စဥ္ကတဲက ေမြးျမဴပါ။ အေကာင္းဆုံးနည္းလမ္းမွာ ကေလးေရွ႕မွာ မည္သူတစ္ဦး တစ္ေယာက္၏ မေကာင္းေၾကာင္းကို မေျပာမိပါေစႏွင့္၊
၁၁။ ကေလးကိုၿပဳံးတတ္ေအာင္ သင္ထားေပးပါ။ အလြယ္ကူဆုံး နည္းလမ္းမွာ ကိုယ္အရင္ ၿပဳံးပါ။
၁၂။ ကေလးကို လြယ္လြယ္ ႏွင့္ ကတိမေပးပါႏွင့္၊ေပးမိလ်င္လည္း အေကာင္အထည္ရေအာင္ေဖၚေပးပါ။
၁၃။ ကိုယ့္ကေလးက ဘယ္ကေလးထက္ ညံ့တယ္၊ အားနည္းတယ္ စသည္ျဖင့္ မည္သည့္အခါမွ မေျပာမိပါေစႏွင့္.၊
၁၄။ ကေလးၿပီးေျမာက္ထားေသာ အလုပ္ထဲတြင္ ခ်ီးက်ဴးႏိုင္စရာကို ရေအာင္ရွာေဖြၿပီး ခ်ီးက်ဴးေပးပါ။
၁၅။ ကေလးကို မည္သည့္အခါမွ မခ်ိန္းေခ်ာက္ပါႏွင့္၊
၁၆။ လူေရွ႕သူေရွ႕ မွာ မည္သည့္အခါမွ မိမိကေလးကို ေဝဖန္ျခင္း၊ ဆဲဆိုျခင္း မျပဳလုပ္ပါႏွင့္။
ကေလး အေနျဖင့္ မိမိကိုယ္မိမိ ယုံၾကည္မူ ထိခိုက္တတ္ပါသည္။ လက္ဦးဆရာ မိဘ မ်ား သတိရွိႏိုင္ၾကပါေစခင္ဗ်ား…။
Ref: Wechat / True Man
ျပန္လည္မွ်ေဝသူ ျမတ္ဗုဒၶ၏ သမီးပ်ိဳ