။မြွေဟောက်လို မနေပါနဲ့။
မြွေဆိုတာမျိုးက…အရှုပ်ကြိုက်တယ်။ရှင်းလင်းသန့်ပြန့်တဲ့နေရာမျိုးတွေမှာဘယ်တော့မှမနေထိုင်တတ်ကြသလိုလူတစ်ယောက်ကိုတွေ့မြင်လိုက်ရင်လည်းသူ့လည်း ဘာမှမလုပ်ဘဲနဲ့အမောက်ထောင်ပြီးအပြစ်တွေ ရှာကာကိုက်မယ်ဆိုတာချည်းပါပဲ။
ဒါကြောင့်…ဇနီးသည်တစ်ယောက်ရဲ့ပထမဦးဆုံး
တာဝန်တစ်ရပ်က ဘာလဲဆိုရင်အတူနေထိုင်ကြရာ အိမ်ဂေဟာတစ်ခုရဲ့အတွင်းအပြင်ကို နေချင်စဖွယ်ဖြစ်အောင်သန့်သန့်ပြန့်ပြန့် ဖန်တီးနိုင်စွမ်းရှိဖို့ပါပဲ။
နောက်တစ်ခါ…မြွေဟောက်တစ်ကောင် ပမာခင်ပွန်းဖြစ်တဲ့သူကိုဟော့ဟော့ ဒိုင်းဒိုင်းအပြစ်မရှာ နေထိုင်သွားတတ်ဖို့ပါ။
၂။တစ်နေ့တစ်ခါ ခေါင်းလျှော်ပါ။
လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာဦးခေါင်းဟာ
အမြင့်မြတ်ဆုံး ဖြစ်နေသလိုအိမ်တစ်အိမ်မှာလည်းဘုရားကျောင်းဆောင်ဟာအိမ်တစ်အိမ်ရဲ့
တကယ့် အမြင့်မြတ်ဆုံးပါပဲ။
အဲဒီတော့ဇနီးသည်တစ်ယောက်ရဲ့ဒုတိယဆောင်ရွက်ရမယ့် အချက်က အိမ်ကျတော့နေချင်စဖွယ်ဖြစ်အောင် ဖန်တီးထားပေမဲ့ဘုရားကျောင်းဆောင်ကျတော့ရေချမ်းလည်း
ကပ်မပေးဆွမ်းလည်း ကပ်မပေးပန်းလေးတောင် ကပ်မပေးပဲရှင်းလင်းထားမှု ရှိမနေရင်ဖုံတွေလည်း အလိမ်းလိမ်း ကပ်ပင့်ကူတွေလည်း
အထပ်ထပ်ဖြစ်နေတာကြောင့်ဘုရားကျောင်းဆောင်ဟာ ချောက်ကပ်ပြီးနေရင်သူတော်ကောင်းတွေရဲ့နှာခေါင်းရှုံ့ခံရမှုကို ခံရပါလိမ့်မယ်။
ဒါကြောင့်တစ်နေ့တစ်ခါ ခေါင်းလျှော်ပါဆိုတာကဘာသာရေးတရားမှာလည်းပြစ်ချက်မရှိအောင်ကိုင်းရှိုင်းတတ်ရမယ်လို့ ဆိုလိုတာပါ။
၃။မျှမျှ တတ လွှဆွဲပါ။
သစ် တုံး တစ် တုံးကိုလွှဆွဲနေကြတဲ့ လူနှစ်ယောက်ဟာအသွားအပြန် နှင့် အပေးအယူမတည့်ရင် မမျှတရင်အဆွဲခံရတဲ့သစ်တုံးဟာပြီးပြတ်ဖို့ မလွယ်ကူလှသလိုဆွဲနေတဲ့လူဟာလည်းတဖြည်းဖြည်း ပင်ပန်းနွမ်းနယ်မှုတွေနဲ့အဆင်မပြေမှုတွေ ကြုံနေရပါလိမ့်မယ်။
အဲဒီလိုပဲဇနီးသည်တစ်ယောက်အနေနဲ့တတိယဆောင်ရွက်ရမယ့် အချက်ကမျှတမှု ရှိပြီးဘက်မလိုက်ဖို့ပါ။ကိုယ့်မိဘကို ရိုသေသလိုမျိုးခင်ပွန်းသည်ဘက်က မိဘတွေကိုလည်းအရိုအသေပေးနိုင်ရပါမယ်
အိမ်မှာ ဟင်းတစ်ခွက်ချက်တာကအစဟိုဘက်က မိဘကို မကျွေးချင်လို့သိုသိုသိပ်သိပ်နဲ့ကိုယ့်ရဲ့မိဘတွေကို ခိုးကျွေးတာမျိုးအပါအဝင်ပေါ့အဲဒီလို မျှတမှုမရှိတဲ့ လုပ်ရပ်မျိုးကိုအထူးရှောင်ရမှာဖြစ်ပြီးတော့ သူ့မိဘဟာ ကိုယ့်မိဘတွေပါပဲလို့နှလုံးသွင်းမှန်မှုနဲ့မျှမျှတတ နေထိုင်သွားတတ်ရပါမယ်။
၄။အဆီနည်းနည်း စား၍ရေများများ သောက်ပါ။
လူတွေဟာ များသောအားဖြင့် ဘယ်လိုဟင်းမျိုးကို ကြိုက်သလဲဆိုရင်အဆီနှစ်ပါတဲ့ ဟင်းမျိုးလောက်ပဲရွေးပြီး ကြိုက်တာတွေကို တွေ့ရပါလိမ့်မယ်။အဲဒီတော့ဇနီးသည်တစ်ယောက်ရဲ့စတုတ်ထလိုက်နာဆောင်ရွက်စရာ အချက်က
ရေများများပါတဲ့ ဟင်းကို နေ့စဉ်လို စားပြီး
အဆီအနှစ်ပါတဲ့ ဟင်းမျိုးကိုတစ်ခါတစ်ရံမှသာ
ချက်စားသင့်တဲ့ အချက်ပါပဲ။ တချို့လည်းမြင်ဖူး ကြားဖူး စားဖူးကြမှာပါ။[ ၅ ] ရက်လောက်နေမှဟင်းကောင်းတစ်ခွက်လောက် ချက်ပြီးကျန်တဲ့ရက်တွေကို ပုံမှန်စားဖြစ်ရုံဟင်းလောက်ပဲ ချက်စားလေ့ရှိကြတယ်ဆိုတာကိုပေါ့
အဲဒါက နှမြောလို့ကုန်မှာစိုးလို့ မဟုတ်ပါဘူး။ချွေတာ စားရင်းနဲ့စုစောင်းခြင်းတစ်မျိုးပါပဲ။အိမ်တစ်အိမ်မှာစီးပွားဖြစ်ထွန်းဖို့ဆိုတာကဇနီးသည်ပေါ်မှာပဲအဓိကကျပါတယ်။အောက်ထစ်ဆုံးစားတာက အစ ပေါ့ချွေတာစရာရှိတာ ချွေတာစုစရာရှိတာ စုလို့။နေ နဲ့ လလိုပေါ့ပုံမှန်လေး ဝင်ငွေ နဲ့ ထွက်ငွေသုံးစွဲသွားတတ်ရမယ်လို့ ဆိုလိုတာပါ။
၅။သနပ်ခါးလည်း မပျက်စေနဲ့
မိန်းမတစ်ယောက်ရဲ့ ကျက်သရေဟာတကယ်တော့ သနပ်ခါးပါပဲ။သနပ်ခါးလိမ်းထားတဲ့ မိန်းကလေး နဲ့မလိမ်းထားတဲ့ မိန်းကလေးလမ်းအတူ လျှောက်ကြည့်လေ ဘယ်သူ့ကို ပိုပြီး အကြည့်ခံရမယ် လို့ထင်သလဲ-?
ဒါကြောင့်…ဇနီးသည်တစ်ယောက်ရဲ့ပဉ္စမအင်္ဂါ
ဆောင်ရွက်ရမယ့် အချက်ကတော့တစ်နေ့တာလုံးအပြင်မှာ အလုပ်လုပ်ပြီး ပြန်လာမယ့်ကိုယ့်ခင်ပွန်းသည်ကို ပါးပြင်မှာ သနပ်ခါးလိမ်းပြီးအပြုံးတွေနဲ့ ကြိုဆိုနေတတ်ဖို့ပါပဲ။
ဘယ်လောက်ပဲ အလုပ်တွေ ရှုပ်ရှုပ် ရေချိုးဖို့ မအားလည်းသနပ်ခါးလေး လိမ်းထားပြီးနေရင်တောင်မှ မောမောပန်းပန်းနဲ့ ပြန်လာတဲ့ခင်ပွန်းသည်ရဲ့ ရင်ထဲမှာအမောအပန်းတွေ ပြေသွားပါလိမ့်မယ်။ဒါကတော့ အိမ်ထောင်ရေးတစ်ခုမှာရေရှည်တည်မြဲစေဖို့ အတွက်ကိုယ့်ခင်ပွန်းကိုကြိုးကောင်းကောင်းတစ်ချောင်းနဲ့ချည်နှောင်ထားလိုက်ခြင်းတစ်မျိုးပါပဲ။
ဇနီးသည်ကောင်းများ ပေါ်ထွန်းပါစေဆိုသော ဆန္ဒဖြင့်…။
Credit
zawgyi
၁။ေႁမြေဟာက္လို မေနပါနဲ႔။
ေႁမြဆိုတာမ်ိဳးက…အရႈပ္ႀကိဳက္တယ္။ရွင္းလင္းသန္႔ျပန္႔တဲ့ေနရာမ်ိဳးေတြမွာဘယ္ေတာ့မွမေနထိုင္တတ္ၾကသလိုလူတစ္ေယာက္ကိုေတြ႕ျမင္လိုက္ရင္လည္းသူ႔လည္း ဘာမွမလုပ္ဘဲနဲ႔အေမာက္ေထာင္ၿပီးအျပစ္ေတြ ရွာကာကိုက္မယ္ဆိုတာခ်ည္းပါပဲ။
ဒါေၾကာင့္…ဇနီးသည္တစ္ေယာက္ရဲ့ပထမဦးဆုံး
တာဝန္တစ္ရပ္က ဘာလဲဆိုရင္အတူေနထိုင္ၾကရာ အိမ္ေဂဟာတစ္ခုရဲ့အတြင္းအျပင္ကို ေနခ်င္စဖြယ္ျဖစ္ေအာင္သန္႔သန္႔ျပန္႔ျပန္႔ ဖန္တီးနိုင္စြမ္းရွိဖို႔ပါပဲ။
ေနာက္တစ္ခါ…ေႁမြေဟာက္တစ္ေကာင္ ပမာခင္ပြန္းျဖစ္တဲ့သူကိုေဟာ့ေဟာ့ ဒိုင္းဒိုင္းအျပစ္မရွာ ေနထိုင္သြားတတ္ဖို႔ပါ။
၂။တစ္ေန႔တစ္ခါ ေခါင္းေလၽွာ္ပါ။
လူတစ္ေယာက္ရဲ့ ခႏၶာကိုယ္မွာဦးေခါင္းဟာ
အျမင့္ျမတ္ဆုံး ျဖစ္ေနသလိုအိမ္တစ္အိမ္မွာလည္းဘုရားေက်ာင္းေဆာင္ဟာအိမ္တစ္အိမ္ရဲ့
တကယ့္ အျမင့္ျမတ္ဆုံးပါပဲ။
အဲဒီေတာ့ဇနီးသည္တစ္ေယာက္ရဲ့ဒုတိယေဆာင္ရြက္ရမယ့္ အခ်က္က အိမ္က်ေတာ့ေနခ်င္စဖြယ္ျဖစ္ေအာင္ ဖန္တီးထားေပမဲ့ဘုရားေက်ာင္းေဆာင္က်ေတာ့ေရခ်မ္းလည္း
ကပ္မေပးဆြမ္းလည္း ကပ္မေပးပန္းေလးေတာင္ ကပ္မေပးပဲရွင္းလင္းထားမႈ ရွိမေနရင္ဖုံေတြလည္း အလိမ္းလိမ္း ကပ္ပင့္ကူေတြလည္း
အထပ္ထပ္ျဖစ္ေနတာေၾကာင့္ဘုရားေက်ာင္းေဆာင္ဟာ ေခ်ာက္ကပ္ၿပီးေနရင္သူေတာ္ေကာင္းေတြရဲ့ႏွာေခါင္းရႈံ႔ခံရမႈကို ခံရပါလိမ့္မယ္။
ဒါေၾကာင့္တစ္ေန႔တစ္ခါ ေခါင္းေလၽွာ္ပါဆိုတာကဘာသာေရးတရားမွာလည္းျပစ္ခ်က္မရွိေအာင္ကိုင္းရွိုင္းတတ္ရမယ္လို႔ ဆိုလိုတာပါ။
၃။မၽွမၽွ တတ လႊဆြဲပါ။
သစ္ တုံး တစ္ တုံးကိုလႊဆြဲေနၾကတဲ့ လူႏွစ္ေယာက္ဟာအသြားအျပန္ ႏွင့္ အေပးအယူမတည့္ရင္ မမၽွတရင္အဆြဲခံရတဲ့သစ္တုံးဟာၿပီးျပတ္ဖို႔ မလြယ္ကူလွသလိုဆြဲေနတဲ့လူဟာလည္းတျဖည္းျဖည္း ပင္ပန္းႏြမ္းနယ္မႈေတြနဲ႔အဆင္မေျပမႈေတြ ၾကဳံေနရပါလိမ့္မယ္။
အဲဒီလိုပဲဇနီးသည္တစ္ေယာက္အေနနဲ႔တတိယေဆာင္ရြက္ရမယ့္ အခ်က္ကမၽွတမႈ ရွိၿပီးဘက္မလိုက္ဖို႔ပါ။ကိုယ့္မိဘကို ရိုေသသလိုမ်ိဳးခင္ပြန္းသည္ဘက္က မိဘေတြကိုလည္းအရိုအေသေပးနိုင္ရပါမယ္
အိမ္မွာ ဟင္းတစ္ခြက္ခ်က္တာကအစဟိုဘက္က မိဘကို မေကၽြးခ်င္လို႔သိုသိုသိပ္သိပ္နဲ႔ကိုယ့္ရဲ့မိဘေတြကို ခိုးေကၽြးတာမ်ိဳးအပါအဝင္ေပါ့အဲဒီလို မၽွတမႈမရွိတဲ့ လုပ္ရပ္မ်ိဳးကိုအထူးေရွာင္ရမွာျဖစ္ၿပီးေတာ့ သူ႔မိဘဟာ ကိုယ့္မိဘေတြပါပဲလို႔ႏွလုံးသြင္းမွန္မႈနဲ႔မၽွမၽွတတ ေနထိုင္သြားတတ္ရပါမယ္။
၄။အဆီနည္းနည္း စား၍ေရမ်ားမ်ား ေသာက္ပါ။
လူေတြဟာ မ်ားေသာအားျဖင့္ ဘယ္လိုဟင္းမ်ိဳးကို ႀကိဳက္သလဲဆိုရင္အဆီႏွစ္ပါတဲ့ ဟင္းမ်ိဳးေလာက္ပဲေရြးၿပီး ႀကိဳက္တာေတြကို ေတြ႕ရပါလိမ့္မယ္။အဲဒီေတာ့ဇနီးသည္တစ္ေယာက္ရဲ့စတုတ္ထလိုက္နာေဆာင္ရြက္စရာ အခ်က္က
ေရမ်ားမ်ားပါတဲ့ ဟင္းကို ေန႔စဥ္လို စားၿပီး
အဆီအႏွစ္ပါတဲ့ ဟင္းမ်ိဳးကိုတစ္ခါတစ္ရံမွသာ
ခ်က္စားသင့္တဲ့ အခ်က္ပါပဲ။ တခ်ိဳ႕လည္းျမင္ဖူး ၾကားဖူး စားဖူးၾကမွာပါ။[ ၅ ] ရက္ေလာက္ေနမွဟင္းေကာင္းတစ္ခြက္ေလာက္ ခ်က္ၿပီးက်န္တဲ့ရက္ေတြကို ပုံမွန္စားျဖစ္႐ုံဟင္းေလာက္ပဲ ခ်က္စားေလ့ရွိၾကတယ္ဆိုတာကိုေပါ့
အဲဒါက ႏွေျမာလို႔ကုန္မွာစိုးလို႔ မဟုတ္ပါဘူး။ေခၽြတာ စားရင္းနဲ႔စုေစာင္းျခင္းတစ္မ်ိဳးပါပဲ။အိမ္တစ္အိမ္မွာစီးပြားျဖစ္ထြန္းဖို႔ဆိုတာကဇနီးသည္ေပၚမွာပဲအဓိကက်ပါတယ္။ေအာက္ထစ္ဆုံးစားတာက အစ ေပါ့ေခၽြတာစရာရွိတာ ေခၽြတာစုစရာရွိတာ စုလို႔။ေန နဲ႔ လလိုေပါ့ပုံမွန္ေလး ဝင္ေငြ နဲ႔ ထြက္ေငြသုံးစြဲသြားတတ္ရမယ္လို႔ ဆိုလိုတာပါ။
၅။သနပ္ခါးလည္း မပ်က္ေစနဲ႔
မိန္းမတစ္ေယာက္ရဲ့ က်က္သေရဟာတကယ္ေတာ့ သနပ္ခါးပါပဲ။သနပ္ခါးလိမ္းထားတဲ့ မိန္းကေလး နဲ႔မလိမ္းထားတဲ့ မိန္းကေလးလမ္းအတူ ေလၽွာက္ၾကည့္ေလ ဘယ္သူ႔ကို ပိုၿပီး အၾကည့္ခံရမယ္ လို႔ထင္သလဲ-?
ဒါေၾကာင့္…ဇနီးသည္တစ္ေယာက္ရဲ့ပဥၥမအဂၤါ
ေဆာင္ရြက္ရမယ့္ အခ်က္ကေတာ့တစ္ေန႔တာလုံးအျပင္မွာ အလုပ္လုပ္ၿပီး ျပန္လာမယ့္ကိုယ့္ခင္ပြန္းသည္ကို ပါးျပင္မွာ သနပ္ခါးလိမ္းၿပီးအျပဳံးေတြနဲ႔ ႀကိဳဆိုေနတတ္ဖို႔ပါပဲ။
ဘယ္ေလာက္ပဲ အလုပ္ေတြ ရႈပ္ရႈပ္ ေရခ်ိဳးဖို႔ မအားလည္းသနပ္ခါးေလး လိမ္းထားၿပီးေနရင္ေတာင္မွ ေမာေမာပန္းပန္းနဲ႔ ျပန္လာတဲ့ခင္ပြန္းသည္ရဲ့ ရင္ထဲမွာအေမာအပန္းေတြ ေျပသြားပါလိမ့္မယ္။ဒါကေတာ့ အိမ္ေထာင္ေရးတစ္ခုမွာေရရွည္တည္ျမဲေစဖို႔ အတြက္ကိုယ့္ခင္ပြန္းကိုႀကိဳးေကာင္းေကာင္းတစ္ေခ်ာင္းနဲ႔ခ်ည္ေႏွာင္ထားလိုက္ျခင္းတစ္မ်ိဳးပါပဲ။
ဇနီးသည္ေကာင္းမ်ား ေပၚထြန္းပါေစဆိုေသာ ဆႏၵျဖင့္…။
Credit