ကိုယ်ဝန်ဆောင်ဇနီးသည်များသည် ကိုယ်ဝန်ကိုစတင်ရရှိချိန်တွင် တစ်ခုခုသော ရည်ညွှန်းလက္ခဏာပြမှုတွေကို မြင်တွေ့ရတတ်ပါတယ်။သို့သော်လည်း ယခုကောင်မလေးကဲ့သို့ ကိုယ်ဝန်ရရှိချိန်မှာဖြစ်သော အဖြစ်မျိုးကတော့အလွန်ရှားပါးလှသောအဖြစ်မျိုးနှင့်ဆုံတွေ့ခဲ့ရပြီး ကမ္ဘာပေါ်တွင် မည်သူမှကြုံဖူးမှာမဟုတ်တာသေချာပါတယ်။
အကြောင်းကတော့ ကောင်မလေးဟာ ကိုယ်ဝန်ရှ်လာပြီးနောက် ခင်ပွန်း၏မျက်နှာကို မြင်လိုက်တာနဲ့ တစ်ခါတည်းအန်မိတော့တာဖြစ်ပါတယ်။ထို့ကြောင့် ခင်ပွန်းဖြစ်သူဟာ ဇနီးသည်အဆင်ပြေစေဖို့အတွက် မျက်နှာဖုံးတပ်ထားကာ နေထိုင်နေရတော့တာဖြစ်ပါတယ်။
အခြားသူများ၏အမြင်၌ ဇနီးမောင်နှံနှစ်ယောက်၏အဖြစ်ကတော့ ရယ်ရမလို သနားရမလို အတော်လေးကို သဘောကျဖို့ကောင်းနေပါတော့တယ်။တစ်သက်လုံးသာဇနီးသည်က အန်နေမယ်ဆိုရင်တော့ အမျိုးသားအတွက် အလွန်ကံဆိုးနေမိမှာသေချာပါတယ်။
Shoon (Cele Daily)
Zawgyi
ကိုယ်ဝန်ဆောင်ဇနီးသည်လေးက ခင်ပွန်း၏မျက်နှာကို တွေ့လိုက်တာနဲ့ အမြဲတမ်းအန်နေခဲ့လို့ maskတပ်ပြီး နေနေရသည့် အမျိုးသား၏အဖြစ်
Shoon (Cele Daily)
Crd