ရန်ကုန် ကြည့်မြင်တိုင်အကြမ်းဖက်မှုတွင်ပါဝင်လုပ်ဆောင်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားရာ စမ်းချောင်း အမှတ် (၂၄) ရဲစခန်း ယနေ့ညဦးပိုင်းက ဝင်ရောက်ပစ်ခတ်ခံခဲ့ရကြောင်း သိရပါတယ်။(ရုပ်သံအောက်ဆုံးတွင်ပါဝင်သည်)
တပြိုင်တည်းမှာလည်းပဲ ရန်ကုန်မြို့နေရာခပ်စိတ်စိတ်မှာ ညသပိတ်များ လမ်းမများပေါ်မှာ ပေါ်ထွက်လာပါတယ်။
ရန်ကုန်နှင့်အတူရှိသည်ဆိုသည့်ကြွေးကြော်သံများဖြင့် မန္တလေးမြို့တွင်မှာလည်း ညသပိတ်ဆန္ဒပြပွဲများဖြစ်ပေါ်နေသလို စစ်ကိုင်းတိုင်းအပါအဝင် အခြားတိုင်းဒေသများမှာလည်း တချိန်တည်း တပြိုင်တည်း ဆန္ဒပြမှုတွေဖြစ်ပေါ်နေကြောင်း သိရပါတယ်
ရန်ကုန်နှင့်အတူရှိသည်ဆိုသည့်ကြွေးကြော်သံများဖြင့်န္တလေးမြို့တွင်မှာလည်း ညသပိတ်ဆန္ဒပြပွဲများဖြစ်ပေါ်နေသလို စစ်ကိုင်းတိုင်းအပါအဝင် အခြားတိုင်းဒေသများမှာလည်း တချိန်တည်း တပြိုင်တည်း ဆန္ဒပြမှုတွေဖြစ်ပေါ်နေကြောင်း သိရပါတယ်
ရန်ကုန်၊ ဒီဇင်ဘာ ၅
ရန်ကုန်တွင် ယနေ့ည ၈ နာရီ မင်းအောင်လှိုင်ကို သံပြိုင်ဆဲဆိုမှုများနှင့် ကြွေး ကြော် သံများ လမ်းတိုင်း၊ ရပ်ကွက်တိုင်း ၊ မြို့နယ်တိုင်းတွင် ပြန်ပေါ်လာ(ရုပ်/သံ)
ရန်ကုန်၊ ဒီဇင်ဘာ ၅
ရန်ကုန်တွင် စစ်ကားဖြင့် ဆန္ဒပြ လူငယ်များကို တိုက်သတ်မှု ဖြစ်ပွားပြီးနောက် ယနေ့ ည ၈ နာရီ သံပုံးတီးသံများ ပြန်လည် ထွက်ပေါ်လာသည့်အပြင်
သံပုံးတီးပြီးနောက် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သံပြိုင် ဆဲဆိုခြင်း၊
စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများ သံပြိုင် ကြွေးကြော်ခြင်းများ ပြန် လည် ထွက်ပေါ်လာပြီ ဖြစ်သည်။
ယနေ့တွင် စစ်ကားဖြင့် တိုက်သတ်မှုကြောင့် ဆန္ဒပြ လူငယ် ၄ ဦးသေဆုံးပြီး အများ အပြားဒဏ်ရာရရှိပြီး ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။