Life Style
ငယ်ငယ်​က လွယ်​အိတ်ကို ဆွဲလာခဲ့ငါတို့ ငယ်ငယ်က ရင်နှီးခဲ့တဲ့  အပြုံးတွေ ပျော်ရွှင်မူတွေနဲ့  ကလေးဘဝက အမှတ်တရ များစွာ လွယ်အိတ်ထဲ အပြည့်ထည့်ခဲ့ မာနတွေ မရှိဘူး သိက္ခာတွေ မရှိဘူး။
#Credit_ ဖိုး သူ တော်
Unicode,
“ငါ့တို ့သူငယ်ချင်းတွေ ပြန်တွေ ့ဖြစ်ခဲ့ရင် ဒီလိုလုပ်ရအောင်”
လည်ပင်းက နားကြပ်ကို ခဏဖြုတ်ထားခဲ့၊ ပခုံးပေါ်က အပွင့်တွေ ခဏဖြုတ်ထားခဲ့၊ ခေါင်းပေါ်က အင်ဂျီနီယာ ဦးထုပ်ကို ခဏချွတ်ထား၊
မင်းရဲ ့ Certificate တွေ ဘွဲ ့လက်မှတ်တွေ ဂုဏ်ပြု မှတ်တမ်းတွေ အိမ်မှာထားခဲ့
မင်းရဲ ့ ရင့်ကျက်မူတွေ လူကြီးလူကောင်းဆန်မူတွေ၊ ခဏလောက် သော့ခတ် သိမ်းထားခဲ့။
ဆယ်​တန်​း အောင်​တာ မအောင်​တာတွေ မေ့ထားခဲ့ လက်​လုပ်​လက်​စား ဘဝတွေ ရာထူးဂုဏ်​ရှိန်​ဝါတွေ ခန ဖယ်​ထားခဲ
လာပါ သူငယ်ချင်း ။ အဝတ်အစား တွေ သိပ်ကြီး အဖိုးတန်တွေ မဝတ်ခဲ့နဲ ့ တော်ရုံ သင့်ရုံ ဆိုရပြီ။
နောက်တစ်ခုက ကိုင်နေကျ ဟန်းဖုန်းတွေ tablet တွေထားခဲ့ဖို ့လည်း မမေ့နဲ ့ဦး နော်….
ငယ်ငယ်​က လွယ်​အိတ်ကို ဆွဲလာခဲ့ငါတို ့ငယ်ငယ်က ရင်နှှီးခဲ့တဲ ့ အပြုံးတွေ ပျော်ရွှင်မူတွေနဲ ့ ကလေးဘဝက အမှတ်တရ များစွာ လွယ်အိတ်ထဲ အပြည့်ထည့်ခဲ့ မာနတွေ မရှိဘူး သိက္ခာတွေ မရှိဘူး။
မနာလိုဝန်တိုမူနဲ ပြိုင်ဆိုင်မူတွေ ထားခဲ့ လာ… သူငယ်ချင်း ငါတို ့တွေ ကလေးဘဝကို ပြန်သွားမယ်. . . .
တစ်ဦးနဲ ့တစ်ဦး ပြောမနာ ဆိုမနာ တွေ စိတ်မဆိုးကြေး စိတ်မကောက်ကြေး ။ လာ သူငယ်ချင်း ငါတို ့နီးခဲ့တဲ ့ရင်ဘတ်ခြင်း နောက်တစ်ခေါက် ပြန်ပြီး ပျော်ရွှင်ကြမယ်. . .
လာပါ သူငယ်ချင်း ငါတို ့တွေ တစ်ဖန်ပြန်ပြီး အရင်လို ကလေးဘဝကလို ပြန်လည်ပျော်ရွှင်ဖို ့ အတိတ်ကို ခဏလောက် ပြန်သွားကြမယ်…..
ကျွန်တော်ချစ်သော သူငယ်ချင်းများသို ့
#Credit_ ဖိုး သူ တော်