Life Style

သင့္ခ်စ္သူကို တျခားမိန္းကေလးေတြဆီ စိတ္မေရာက္ေစခ်င္ရင္ သိထားရမယ့္အရာေတြ

သင့္ခ်စ္သူကို တျခားမိန္းကေလးေတြဆီ စိတ္မေရာက္ေစခ်င္ရင္ သိထားရမယ့္အရာေတြ

မိနး္ကေလးတစ္ေယာက္ရဲ႕ အလိုခ်င္ဆံုးဆႏၵတစ္ခုကေတာ့ ကိိုယ့္ခ်စ္သူက ကိိုယ့္အျပင္ တျခားေကာင္မေလးေတြကို ေရွ႔တင္မွာေရာ၊ ေနာက္ကြယ္မွာပါ စိတ္မဝင္စားပဲ ကိိုယ့္တစ္ေယာက္တည္းကိုပဲ စြဲစြဲျမဲျမဲ ခ်စ္ေနေစခ်င္တာပါပဲ။

ခုေဖာ္ျပေပးမွာကေတာ့ အဲလိုခ်စ္ေနေစခ်င္တဲ့ ပ်ိဳေမေလးတို႔ရဲ႕ ဆႏၵကိုအေကာင္အထည္ေဖာ္ႏိုင္မယ့္ နည္းလမး္ေလးေတြပဲျဖစ္ပါတယ္။ ၾကည့္လုိက္ရေအာင္ေနာ္။

(၁) သူ႔ဘဝအေၾကာင္းကို စိတ္ဝင္စားပါ

ဒါဟာထူးဆန္းတယ္လို႔ ထင္ခ်င္စရာပါပဲ။ ဒါေပမယ့္ ဒီအခ်က္ဟာတကယ္ကိုအေရးၾကီးပါတယ္။

သူဘာေတြကိုစိတ္ဝင္စားလဲ၊ ဘာေတြဝါသနာပါလဲဆိုတာကို အေမးအေျဖတစ္ခုကို သေဘာထားျပီး

ေမးေနမယ့္ အစား၊ သူ႔ဘဝထဲကို ကိုယ္တိုင္ဝင္ၾကည့္လိုက္ပါ၊ သူဘယ္အရာမွာေပ်ာ္လဲ၊ ဘာေတြလုပ္ရတာၾကိဳက္လဲဆိုတာကို ကိိုယ္တိုင္ ဝင္ျပီး ျမင္ေအာင္ၾကည့္တတ္ဖို႔လိုပါတယ္။

သူစိတ္ဝင္စားတဲ့၊ သူႏွစ္သက္တဲ့အရာေတြကို အတြဲညီညီေလး လိုက္လုပ္ေပးႏိုင္တဲ့မိန္းကေလးမ်ိဳးကိုမွ တမ္းတမ္းမစြဲရင္ ဘယ္သူ႔ကိုသြားစြဲမလဲေနာ႔။

(၂) အျမဲတမ္းစိတ္ဝင္စားစရာေကာင္းေအာင္ေနပါ

ေယာက်္ားေလးေတြဟာ ေတာ္ရံုတန္ရံုကိစၥေလာက္ကို စိတ္ဝင္စားမႈနညး္ပါတယ္။ အဓိကကေတာ့သင္ဟာ ခန္႔မွန္းရလြယ္တဲ့၊ ခ်ဳပ္ကိုင္ရလြယ္တဲ့သူတစ္ေယာက္ မျဖစ္ပါေစနဲ႔။

သင္ဘာလုပ္မလဲ၊ ဘာေျပာမလဲဆိုတာ သူလံုးဝခန္႔မွန္းလို႔ မတတ္ေအာင္ေနပါ။

ဒါဆိုရင္ေတာ့ တစ္ေန႔တစ္ေန႔ သင္ဘာအသစ္အဆန္းေတြလုပ္မလဲ၊ ဘယ္လို ရင္ဖိုစရာေတြ ၾကံဳရမလဲဆိုျပီး သင့္အနားမွာက မခြာခ်င္ေလာက္ေအာင္ျဖစ္ေနမွာပါ။

(၃) နည္းနည္းလွ်ိဳ႕ဝွက္ပါ

သင့္ကိိုအျမဲတမး္ခ်စ္ေနေစခ်င္တယ္၊ သင္မွသင္ျဖစ္ေနေစခ်င္တယ္ဆိုရင္ေတာ့ လွ်ိဳ႕ဝွက္ခ်က္ေတြ အားလံုးကိုထုတ္မေျပာပါနဲ႔။ သူ႔ကိုအနည္းငယ္ စိုးရိမ္စိတ္ေလးေတြျဖစ္ေအာင္ ပါးပါးေလးလုပ္ေပးရပါမယ္။

အေၾကာင္းအရာတစ္ခုခုဆိုလညး္ ျခံဳငံုျပီးပဲေျပာပါ အေသးစိတ္ကိုေတာ့ မေျပာပါနဲ႔။ ဒီလိုလုပ္လုိ႔ ေဖာက္ျပန္ခိုင္းတာမဟုတ္ပါဘူးေနာ္။ ေယာက်္ားေလးေတြက နညး္နညး္လွ်ိဳ႕ဝွက္တဲ့မိ္န္းကေလးေတြကို စိတ္ဝင္စားၾကလို႔ပါ။

(၄) သူ႔ကိုရယ္ေမာေစပါ

သင္သိတဲ့ရယ္စရာေတြ၊ ဒါမွမဟုတ္ အေၾကာငး္အရာတစ္ခုခုနဲ႔ပတ္သက္လို႔ အရႊန္းေဖာက္ျပီးေျပာတာေတြ၊ တစ္ခါတေလ ေပါေတာေတာ အမူအရာေလးေတြနဲ႔ သူ႔ကိုရယ္ေမာေအာင္လုပ္ပါ။

ဒါမွ သင္ဟာသူ႔ကို ရယ္ေမာေစႏိုင္တဲ့ ခ်စ္စရာေကာင္းျပီး ေပ်ာ္လည္းေပ်ာ္တတ္တဲ့မိန္းကေလးတစ္ေယာက္လို႔ သူ႔စိတ္ထဲမွာ သတ္မွတ္သြားမွာပါ။

ဒါတင္မက သင့္အနားမွာေနရတာ အရမး္ေပ်ာ္စရာေကာင္းတယ္လို႔ ထင္ျမင္ျပီး အျမဲတမး္ သင့္အနားကေန မခြာႏိုင္ပဲ သင္နဲ႔အတူတူ ရယ္ေမာေနရတာကို ဘဝရဲ႕အရသာတစ္ခုလို႔ ေအာက္ေမ့သြားမွာျဖစ္ပါတယ္။

(၅) ခပ္ဆိုးဆိုးေနပါ

တည္ျငိမ္ေအးေဆးျပီး အရုပ္တစ္ရုပ္လုိ မိန္းကေလးမ်ိဳးက ေယာက်္ားေလးေတြကို သိပ္မဆြဲေဆာင္ႏိုင္ပါဘူး။

ဒါေၾကာင့္သင့္ခ်စ္သူကို ရစ္ပါ၊ ဆိုးပါ၊ ခၽြဲပါ၊ စိတ္ေကာက္ပါ၊ စိတ္ပူေအာင္လုပ္ပါ၊ သဝန္တိုေအာင္လုပ္ပါ၊ ဒီအရာေတြက သင့္အေၾကာင္းသူ႔ကို အျမဲတမ္းစဥ္းစားေနေစျပီး သင္မရွိရင္ မေနႏိုင္ေအာင္ေတာင္ ျဖစ္သြားပါဦးမယ္။

တစ္ခုသတိထားရမွာက အလြန္အကၽြံမျဖစ္ေစနဲ႔၊ အျမဲတမ္းမလုပ္ပါနဲ႔။ အနာေပးလိုက္၊ ေဆးေကၽြးလိုက္ေပါ့။

Em Em

Unicode,

သင့်ချစ်သူကို တခြားမိန်းကလေးတွေဆီ စိတ်မရောက်စေချင်ရင် သိထားရမယ့်အရာတွေ

မိန်းကလေးတစ်ယောက်ရဲ့ အလိုချင်ဆုံးဆန္ဒတစ်ခုကတော့ ကိုယ့်ချစ်သူက ကိုယ့်အပြင် တခြားကောင်မလေးတွေကို ရှေ့တင်မှာရော၊ နောက်ကွယ်မှာပါ စိတ်မဝင်စားပဲ ကိုယ့်တစ်ယောက်တည်းကိုပဲ စွဲစွဲမြဲမြဲ ချစ်နေစေချင်တာပါပဲ။

ခုဖော်ပြပေးမှာကတော့ အဲလိုချစ်နေစေချင်တဲ့ ပျိုမေလေးတို့ရဲ့ ဆန္ဒကိုအကောင်အထည်ဖော်နိုင်မယ့် နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။ ကြည့်လိုက်ရအောင်နော်။

(၁) သူ့ဘဝအကြောင်းကို စိတ်ဝင်စားပါ

ဒါဟာထူးဆန်းတယ်လို့ ထင်ချင်စရာပါပဲ။ ဒါပေမယ့် ဒီအချက်ဟာတကယ်ကိုအရေးကြီးပါတယ်။

သူဘာတွေကိုစိတ်ဝင်စားလဲ၊ ဘာတွေဝါသနာပါလဲဆိုတာကို အမေးအဖြေတစ်ခုကို သဘောထားပြီး မေးနေမယ့် အစား၊ သူ့ဘဝထဲကို ကိုယ်တိုင်ဝင်ကြည့်လိုက်ပါ၊ သူဘယ်အရာမှာပျော်လဲ၊ ဘာတွေလုပ်ရတာကြိုက်လဲဆိုတာကို ကိုယ်တိုင် ဝင်ပြီး မြင်အောင်ကြည့်တတ်ဖို့လိုပါတယ်။

သူစိတ်ဝင်စားတဲ့၊ သူနှစ်သက်တဲ့အရာတွေကို အတွဲညီညီလေး လိုက်လုပ်ပေးနိုင်တဲ့မိန်းကလေးမျိုးကိုမှ တမ်းတမ်းမစွဲရင် ဘယ်သူ့ကိုသွားစွဲမလဲနော့။

(၂) အမြဲတမ်းစိတ်ဝင်စားစရာကောင်းအောင်နေပါ

ယောကျ်ားလေးတွေဟာ တော်ရုံတန်ရုံကိစ္စလောက်ကို စိတ်ဝင်စားမှုနည်းပါတယ်။

အဓိကကတော့သင်ဟာ ခန့်မှန်းရလွယ်တဲ့၊ ချုပ်ကိုင်ရလွယ်တဲ့သူတစ်ယောက် မဖြစ်ပါစေနဲ့။

သင်ဘာလုပ်မလဲ၊ ဘာပြောမလဲဆိုတာ သူလုံးဝခန့်မှန်းလို့ မတတ်အောင်နေပါ။

ဒါဆိုရင်တော့ တစ်နေ့တစ်နေ့ သင်ဘာအသစ်အဆန်းတွေလုပ်မလဲ၊ ဘယ်လို ရင်ဖိုစရာတွေ ကြုံရမလဲဆိုပြီး သင့်အနားမှာက မခွာချင်လောက်အောင်ဖြစ်နေမှာပါ။

(၃) နည်းနည်းလျှို့ဝှက်ပါ

သင့်ကိုအမြဲတမ်းချစ်နေစေချင်တယ်၊ သင်မှသင်ဖြစ်နေစေချင်တယ်ဆိုရင်တော့ လျှို့ဝှက်ချက်တွေ အားလုံးကိုထုတ်မပြောပါနဲ့။

သူ့ကိုအနည်းငယ် စိုးရိမ်စိတ်လေးတွေဖြစ်အောင် ပါးပါးလေးလုပ်ပေးရပါမယ်။ အကြောင်းအရာတစ်ခုခုဆိုလည်း ခြုံငုံပြီးပဲပြောပါ အသေးစိတ်ကိုတော့ မပြောပါနဲ့။

ဒီလိုလုပ်လို့ ဖောက်ပြန်ခိုင်းတာမဟုတ်ပါဘူးနော်။ ယောကျ်ားလေးတွေက နည်းနည်းလျှို့ဝှက်တဲ့မိန်းကလေးတွေကို စိတ်ဝင်စားကြလို့ပါ။

(၄) သူ့ကိုရယ်မောစေပါ

သင်သိတဲ့ရယ်စရာတွေ၊ ဒါမှမဟုတ် အကြောင်းအရာတစ်ခုခုနဲ့ပတ်သက်လို့ အရွှန်းဖောက်ပြီးပြောတာတွေ၊ တစ်ခါတလေ ပေါတောတော အမူအရာလေးတွေနဲ့ သူ့ကိုရယ်မောအောင်လုပ်ပါ။

ဒါမှ သင်ဟာသူ့ကို ရယ်မောစေနိုင်တဲ့ ချစ်စရာကောင်းပြီး ပျော်လည်းပျော်တတ်တဲ့မိန်းကလေးတစ်ယောက်လို့ သူ့စိတ်ထဲမှာ သတ်မှတ်သွားမှာပါ။

ဒါတင်မက သင့်အနားမှာနေရတာ အရမ်းပျော်စရာကောင်းတယ်လို့ ထင်မြင်ပြီး အမြဲတမ်း သင့်အနားကနေ မခွာနိုင်ပဲ သင်နဲ့အတူတူ ရယ်မောနေရတာကို ဘဝရဲ့အရသာတစ်ခုလို့ အောက်မေ့သွားမှာဖြစ်ပါတယ်။

(၅) ခပ်ဆိုးဆိုးနေပါ

တည်ငြိမ်အေးဆေးပြီး အရုပ်တစ်ရုပ်လို မိန်းကလေးမျိုးက ယောကျ်ားလေးတွေကို သိပ်မဆွဲဆောင်နိုင်ပါဘူး။

ဒါကြောင့်သင့်ချစ်သူကို ရစ်ပါ၊ ဆိုးပါ၊ ချွဲပါ၊ စိတ်ကောက်ပါ၊ စိတ်ပူအောင်လုပ်ပါ၊ သဝန်တိုအောင်လုပ်ပါ၊ ဒီအရာတွေက သင့်အကြောင်းသူ့ကို အမြဲတမ်းစဉ်းစားနေစေပြီး သင်မရှိရင် မနေနိုင်အောင်တောင် ဖြစ်သွားပါဦးမယ်။

တစ်ခုသတိထားရမှာက အလွန်အကျွံမဖြစ်စေနဲ့၊ အမြဲတမ်းမလုပ်ပါနဲ့။ အနာပေးလိုက်၊ ဆေးကျွေးလိုက်ပေါ့။

Em Em