Knowledge

ဆေးရုံနဲ့ဝေးလို့ သေဆုံးခဲ့ရတဲ့ ဇနီးသည်ကို ရည်စူးပြီ

ဆေးရုံနဲ့ ဝေးတာကြောင့် ကွယ်လွန်သွားခဲ့ရတဲ့ ဇနီးသည်အတွက် ရည်စူးပြီး ၂၂ နှစ်တိုင် လမ်းဖောက်ခဲ့တဲ့ အမျိုးသား

ဆေးရုံ ဝေးတာကြောင့် ကွယ်လွန်သွားခဲ့ရတဲ့ ဇနီးသည်အတွက် ရည်စူးပြီး ဘယ်သူမှ မထင်မှတ်ထားလောက်တဲ့ အရာတစ်ခုကို လုပ်ဆောင်ခဲ့တဲ့ အမျိုးသား

Dashrath Manjhi ဆိုတဲ့ အမျိုးသားဟာ လူအများက မဖြစ်နိုင်တဲ့ အရာကို လုပ်ခဲ့လို့ သူ့ကို အရူးလို့တောင် လှောင်ပြောင် ခံခဲ့ရပါတယ်။

သူဟာ ဘာစက်ယန္တရားမှ မပါဘဲ လက်လုပ်ပစ္စည်းတွေနဲ့ ၂၂ နှစ်လုံးလုံး ကျောက်တောင်ကို ဖြိုပြီး လမ်းဖောက်လုပ်ခဲ့လို့ပဲ ဖြစ်ပါတယ်

အိန္ဒိယနိုင်ငံ တောင်ပိုင်း Bihar ပြည်နယ် Gehlour ဆိုတဲ့ မြို့လေးမှာ ဇာတ်မဲ့လူမျိုးတွေ အများအပြား နေထိုင်ပါတယ်။

အိန္ဒိယမှာ ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားတဲ့ အစဉ်အလာ ရှိခဲ့ပြီး ယခုအချိန်ထိလည်း လူတန်းစား ခွဲခြား ဆက်ဆံမှုတွေ ရှိနေပါသေးတယ်။ ဇာတ်နိမ့်၊ ဇာတ်မြင့်ပေါ် မူတည်ပြီး အကျိုး ခံစားခွင့်၊ အခွင့်အရေးတွေက မတူပါဘူး။

ဒါပေမဲ့ Dashrath Manjhi ကတော့ ဇာတ်မဲ့သူတစ်ယောက် ဖြစ်ပါတယ်။ မျိုးရိုး မရှိတဲ့ လူတန်းစားတစ်ဦး ဖြစ်တာကြောင့် မြို့နဲ့ အလှမ်းဝေးတဲ့ နေရာမှာ နေရပြီး သူတို့နေထိုင်တဲ့ နေရာမှာ ဆေးရုံ၊ ကျောင်း၊ လျှပ်စစ်မီး စတဲ့ အခြေခံလိုအပ်ချက်တွေ မရှိပါဘူး။

မြို့နဲ့ သူတို့နေထိုင်ရာ ရွာကြားမှာ ကျောက်တောင်တွေ ခြားထားပြီး သွားလာရ ခက်ခဲပါတယ်။ အဲ့ဒီအချိန်မှာ ဇနှီးသည် နေမကောင်း ဖြစ်ပြီး ဆေးရုံကို အချိန်မှီ မပို့လိုက်နိုင်တာကြောင့် မသေဆုံးသင့်ဘဲ သေဆုံးခဲ့ရပါတယ်။

မြို့နဲ့ ရွာကို ၇၀ မီတာလောက် ဝေးကွာတာကြောင့် ဆေးကုသမှု အချိန်မှီ မခံယူလိုက်နိုင်ဘဲ သေဆုံးသွားတဲ့ ဇနီးသည်အတွက် ယူကျုံးမရ ဖြစ်ခဲ့ရပါတယ်။

ဒါ့ကြောင့် Dashrath Manjhi ဟာ မိမိမှာရှိတဲ့ ဆိတ်သုံးကောင်ကို ရောင်းချပြီး တောင်ကို ထွင်းထုဖို့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ ဝယ်လိုက်ပါတယ်။

အဲ့ဒီနောက် သူဟာ ၁၉၆၀ ခုနှစ်ကနေ ၁၉၈၂ ခုနှစ်ထိ ၂၂ နှစ် လုံးလုံး အလုပ်အားတဲ့ ညနေဘက်နဲ့ ညဘက်တွေမှာ ဒီတောင်ကို ထွင်းထုပါတယ်။

မာကျောတဲ့ ကျောက်တုံးတွေ အလွယ်တကူ ထွင်းထုနိုင်ဖို့အတွက် ကျောက်တုံးတွေပေါ်မှာ မီးရှို့ ချလိုက်ပြီး ထိုကျောက်သားအပေါ် ရေထပ်ဖြန်းချလိုက်ပါတယ်။ ထိုအခါ ကျောက်သားတွေ အက်လာပြီး အလွယ်တကူ ထွင်းထုနိုင်ခဲ့ပါတယ်။

နောက်ဆုံးတော့ သူဟာ အမြင့် ၂၅ ပေ ရှိတဲ့ ကျောက်တောင်ကြီးကို ဖြိုဖျက်ပြီး အကျယ် ပေ ၃၀၊ အရှည် ပေ ၃၆၀ ရှိတဲ့ လမ်းကို ဖောက်လုပ်နိုင်ခဲ့ပါတယ်။

ကျောက်တောင်ကို ဖောက်ထွင်းလိုက်တဲ့ Dashrath Manjhi လမ်းဟာ မြို့နဲ့ ယခင်ကထက်တော့ ပိုပြီး နီးသွားခဲ့ပါတယ်။

သူဖောက်ခဲ့တဲ့ လမ်းအတွက် နိုင်ငံတော်က အသိအမှတ်ပြု ချီးကျူးခြင်းကို ခံရပြီး အများပြည်သူတွေကလည်း “တောင်လူသား” ဆိုပြီး အသိအမှတ် ပြုခဲ့ကြပါတယ်။

ဒါ့အပြင့် Dashrath Manjhi ဟာ မိမိတို့ နေထိုင်တဲ့ ရွာလေးအတွက် အခြေခံ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ အစိုးရထံ အသနားခံစာ တင်ခဲ့ပါတယ်။

Dashrath Manjhi ဟာ သူပြုလုပ်ခဲ့တဲ့ ကောင်းမှုတွေကို အပြည့်အဝ မခံစားလိုက်ရဘဲ ၂၀၀၇ ခုနှစ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

ဒါပေမဲ့ ဇနီးသည်အပေါ် ချစ်တဲ့စိတ်ကြောင့် နောင်လာနောင်သားတွေအတွက်၊ ရပ်ရွာအတွက် အများကြီး အကျိုးပြုပေးသွားတာတော့ တကယ့်ကို လေးစားချင်စရာ ကောင်းပါတယ်။

Credit To Original Uploader

Zawgyi

ေဆး႐ုံနဲ႔ ေဝးတာေၾကာင့္ ကြယ္လြန္သြားခဲ့ရတဲ့ ဇနီးသည္အတြက္ ရည္စူးၿပီး ၂၂ ႏွစ္တိုင္ လမ္းေဖာက္ခဲ့တဲ့ အမ်ိဳးသား

ေဆး႐ုံ ေဝးတာေၾကာင့္ ကြယ္လြန္သြားခဲ့ရတဲ့ ဇနီးသည္အတြက္ ရည္စူးၿပီး ဘယ္သူမွ မထင္မွတ္ထားေလာက္တဲ့ အရာတစ္ခုကို လုပ္ေဆာင္ခဲ့တဲ့ အမ်ိဳးသား

Dashrath Manjhi ဆိုတဲ့ အမ်ိဳးသားဟာ လူအမ်ားက မျဖစ္ႏိုင္တဲ့ အရာကို လုပ္ခဲ့လို႔ သူ႔ကို အ႐ူးလို႔ေတာင္ ေလွာင္ေျပာင္ ခံခဲ့ရပါတယ္။

သူဟာ ဘာစက္ယႏၲရားမွ မပါဘဲ လက္လုပ္ပစၥည္းေတြနဲ႔ ၂၂ ႏွစ္လုံးလုံး ေက်ာက္ေတာင္ကို ၿဖိဳၿပီး လမ္းေဖာက္လုပ္ခဲ့လို႔ပဲ ျဖစ္ပါတယ္။

အိႏၵိယႏိုင္ငံ ေတာင္ပိုင္း Bihar ျပည္နယ္ Gehlour ဆိုတဲ့ ၿမိဳ႕ေလးမွာ ဇာတ္မဲ့လူမ်ိဳးေတြ အမ်ားအျပား ေနထိုင္ပါတယ္။

အိႏၵိယမွာ ဇာတ္နိမ့္၊ ဇာတ္ျမင့္ ခြဲျခားတဲ့ အစဥ္အလာ ရွိခဲ့ၿပီး ယခုအခ်ိန္ထိလည္း လူတန္းစား ခြဲျခား ဆက္ဆံမႈေတြ ရွိေနပါေသးတယ္။ ဇာတ္နိမ့္၊ ဇာတ္ျမင့္ေပၚ မူတည္ၿပီး အက်ိဳး ခံစားခြင့္၊ အခြင့္အေရးေတြက မတူပါဘူး။

ဒါေပမဲ့ Dashrath Manjhi ကေတာ့ ဇာတ္မဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ မ်ိဳး႐ိုး မရွိတဲ့ လူတန္းစားတစ္ဦး ျဖစ္တာေၾကာင့္ ၿမိဳ႕နဲ႔ အလွမ္းေဝးတဲ့ ေနရာမွာ ေနရၿပီး သူတို႔ေနထိုင္တဲ့ ေနရာမွာ ေဆး႐ုံ၊ ေက်ာင္း၊ လွ်ပ္စစ္မီး စတဲ့ အေျခခံလိုအပ္ခ်က္ေတြ မရွိပါဘူး။

ၿမိဳ႕နဲ႔ သူတို႔ေနထိုင္ရာ ႐ြာၾကားမွာ ေက်ာက္ေတာင္ေတြ ျခားထားၿပီး သြားလာရ ခက္ခဲပါတယ္။ အဲ့ဒီအခ်ိန္မွာ ဇႏွီးသည္ ေနမေကာင္း ျဖစ္ၿပီး ေဆး႐ုံကို အခ်ိန္မွီ မပို႔လိုက္ႏိုင္တာေၾကာင့္ မေသဆုံးသင့္ဘဲ ေသဆုံးခဲ့ရပါတယ္။

ၿမိဳ႕နဲ႔ ႐ြာကို ၇၀ မီတာေလာက္ ေဝးကြာတာေၾကာင့္ ေဆးကုသမႈ အခ်ိန္မွီ မခံယူလိုက္ႏိုင္ဘဲ ေသဆုံးသြားတဲ့ ဇနီးသည္အတြက္ ယူက်ဳံးမရ ျဖစ္ခဲ့ရပါတယ္။

ဒါ့ေၾကာင့္ Dashrath Manjhi ဟာ မိမိမွာရွိတဲ့ ဆိတ္သုံးေကာင္ကို ေရာင္းခ်ၿပီး ေတာင္ကို ထြင္းထုဖို႔ လိုအပ္တဲ့ ပစၥည္းကိရိယာေတြ ဝယ္လိုက္ပါတယ္။

အဲ့ဒီေနာက္ သူဟာ ၁၉၆၀ ခုႏွစ္ကေန ၁၉၈၂ ခုႏွစ္ထိ ၂၂ ႏွစ္ လုံးလုံး အလုပ္အားတဲ့ ညေနဘက္နဲ႔ ညဘက္ေတြမွာ ဒီေတာင္ကို ထြင္းထုပါတယ္။

မာေက်ာတဲ့ ေက်ာက္တုံးေတြ အလြယ္တကူ ထြင္းထုႏိုင္ဖို႔အတြက္ ေက်ာက္တုံးေတြေပၚမွာ မီးရႈိ႕ ခ်လိုက္ၿပီး ထိုေက်ာက္သားအေပၚ ေရထပ္ျဖန္းခ်လိုက္ပါတယ္။ ထိုအခါ ေက်ာက္သားေတြ အက္လာၿပီး အလြယ္တကူ ထြင္းထုႏိုင္ခဲ့ပါတယ္။

ေနာက္ဆုံးေတာ့ သူဟာ အျမင့္ ၂၅ ေပ ရွိတဲ့ ေက်ာက္ေတာင္ႀကီးကို ၿဖိဳဖ်က္ၿပီး အက်ယ္ ေပ ၃၀၊ အရွည္ ေပ ၃၆၀ ရွိတဲ့ လမ္းကို ေဖာက္လုပ္ႏိုင္ခဲ့ပါတယ္။

ေက်ာက္ေတာင္ကို ေဖာက္ထြင္းလိုက္တဲ့ Dashrath Manjhi လမ္းဟာ ၿမိဳ႕နဲ႔ ယခင္ကထက္ေတာ့ ပိုၿပီး နီးသြားခဲ့ပါတယ္။

သူေဖာက္ခဲ့တဲ့ လမ္းအတြက္ ႏိုင္ငံေတာ္က အသိအမွတ္ျပဳ ခ်ီးက်ဴးျခင္းကို ခံရၿပီး အမ်ားျပည္သူေတြကလည္း “ေတာင္လူသား” ဆိုၿပီး အသိအမွတ္ ျပဳခဲ့ၾကပါတယ္။

ဒါ့အျပင့္ Dashrath Manjhi ဟာ မိမိတို႔ ေနထိုင္တဲ့ ႐ြာေလးအတြက္ အေျခခံ လိုအပ္ခ်က္ေတြ ျဖည့္ဆည္းေပးဖို႔ အစိုးရထံ အသနားခံစာ တင္ခဲ့ပါတယ္။

Dashrath Manjhi ဟာ သူျပဳလုပ္ခဲ့တဲ့ ေကာင္းမႈေတြကို အျပည့္အဝ မခံစားလိုက္ရဘဲ ၂၀၀၇ ခုႏွစ္မွာ ကင္ဆာေရာဂါနဲ႔ ကြယ္လြန္သြားခဲ့ပါတယ္။

ဒါေပမဲ့ ဇနီးသည္အေပၚ ခ်စ္တဲ့စိတ္ေၾကာင့္ ေနာင္လာေနာင္သားေတြအတြက္၊ ရပ္႐ြာအတြက္ အမ်ားႀကီး အက်ိဳးျပဳေပးသြားတာေတာ့ တကယ့္ကို ေလးစားခ်င္စရာ ေကာင္းပါတယ္။

Credit To Original Uploader