တစ်သက်နဲ့တစ်ကိုယ် ခုမှမြင်ဖူး စားဖူးတဲ့ မြေကြီးခဲတဲ့ ရှယ်ကောင်းဗျာ
အောင်ပန်းဈေးမှာ နေ့တိုင်း မြေကြီးခဲလာရောင်းတဲ့ မို့အို။စားလို့ရတဲ့မြေခဲလေးတွေပါ။မြေခဲတိုင်းစားလို့မရပါဘူး။ပအိုဝ်းလူမျိုးအခေါ်အဝေါ်က*ဟမ်းတော့* လို့ခေါ်တယ်။မြေကြီးတော့ဟုတ်တယ်၊ရိုးရိုးမြေကြီးတော့ မဟုတ်ပါဘူး။လွယ်လွယ်နဲ့ရှာလို့မရပါဘူး။ဒီစားလို့ရတဲ့မြေကြီးတွေက နေရာသက်သက်ရှိပါတယ်။
များသောအားဖြင့် အဖိုးအဖွားတွေကြိုက်ကြတယ်။အစာပြေပေါ့။ ထမင်းစားပြီးရင် စားကြတာများတယ်။ တချို့ကြ စားတာစွဲသွားရင် မစားဘဲမနေနိုင်ဖြစ်သွားပါတယ်။နို့ဆီဘူးတစ်ဗူး ငါးရာကျပ်ပါ။အရသာက စိမ့်ပါတယ်။ ထုံးဓါတ် အနည်းငယ်ပါပါတယ်။အနည်းငယ်စပ်ပါတယ်။ရှမ်းလို ‘လိန်ဟွမ်း’ လို့ခေါ်တယ်။
ဗမာလိုကျ ‘မြေကြီးမွှေး’ လို့အဓိပ္ပါယ်ရတယ်။ ရှမ်းပြည်တောင်ပိုင်းမှာဆို ပအိုဝ်းလူမျိုးတွေ အစားများတယ်။ရောင်းနေတဲ့အဖွား သနားလည်းသနားမိ၊ချစ်ဖို့လည်းကောင်းလိုက်တာ…
zawgyi code
တစ္သက္နဲ႔တစ္ကိုယ္ ခုမွျမင္ဖူး စားဖူးတဲ့ ေျမႀကီးခဲတဲ့ ရွယ္ေကာင္းဗ်ာ
ေအာင္ပန္းေစ်းမွာ ေန႔တိုင္း ေျမႀကီးခဲလာေရာင္းတဲ့ မို႔အို။စားလို႔ရတဲ့ေျမခဲေလးေတြပါ။ေျမခဲတိုင္းစားလို႔မရပါဘူး။ပအိုဝ္းလူမ်ိဳးအေခၚအေဝၚက*ဟမ္းေတာ့* လို႔ေခၚတယ္။ေျမႀကီးေတာ့ဟုတ္တယ္၊႐ိုး႐ိုးေျမႀကီးေတာ့ မဟုတ္ပါဘူး။လြယ္လြယ္နဲ႔ရွာလို႔မရပါဘူး။ဒီစားလို႔ရတဲ့ေျမႀကီးေတြက ေနရာသက္သက္ရွိပါတယ္။
မ်ားေသာအားျဖင့္ အဖိုးအဖြားေတြႀကိဳက္ၾကတယ္။အစာေျပေပါ့။ ထမင္းစားၿပီးရင္ စားၾကတာမ်ားတယ္။ တခ်ိဳ႕ၾက စားတာစြဲသြားရင္ မစားဘဲမေနႏိုင္ျဖစ္သြားပါတယ္။ႏို႔ဆီဘူးတစ္ဗူး ငါးရာက်ပ္ပါ။အရသာက စိမ့္ပါတယ္။ ထုံးဓါတ္ အနည္းငယ္ပါပါတယ္။အနည္းငယ္စပ္ပါတယ္။ရွမ္းလို ‘လိန္ဟြမ္း’ လို႔ေခၚတယ္။
ဗမာလိုက် ‘ေျမႀကီးေမႊး’ လို႔အဓိပၸါယ္ရတယ္။ ရွမ္းျပည္ေတာင္ပိုင္းမွာဆို ပအိုဝ္းလူမ်ိဳးေတြ အစားမ်ားတယ္။ေရာင္းေနတဲ့အဖြား သနားလည္းသနားမိ၊ခ်စ္ဖို႔လည္းေကာင္းလိုက္တာ…