ချီမထားနဲ့ ချိသွားမယ်….မုန့်အရွယ်မှာ မုန့်ဒုတ်အရွယ်မှာ ဒုတ်အလုပ်အရွယ်မှာ အလုပ်-တဲ့။အမှန်ပဲ သားသမီးကို ချစ်ရင်ခိုင်းပါ..။
နေရာတကာ လိုက်မလုပ်ပေးပါနဲ့။သူ့အရွယ်နဲ့တန်တဲ့အလုပ်တွေကို ခွဲတမ်းချပေးပါ။ပန်းကန်ဆေးခိုင်းပါ..။
တံမြတ်စည်း လှဲခိုင်းပါ။အိပ်ယာ သိမ်းခိုင်းပါ။အိမ်သာ ဆေးခိုင်းပါ။အိမ်အကူရှိရင်လည်းတစ်ခြား သူလုပ်နိုင်တဲ့အလုပ်တွေကို လုပ်ခိုင်းပါ..။
ဒီလို လုပ်ခိုင်းတာဟာကလေးကိုခိုင်းတယ်လို့ မမြင်ပါနဲ့။အလုပ်တစ်ခုကို သူ လုပ်နိုင်တယ်။သူ လုပ်ပြီးသွားပြီ..။
သူလုပ်တတ်တယ် ဆိုတဲ့ယုံကြည်မှုကိုတဖြေးဖြေးချင်းတည်ဆောက်ပေးတာပါ..။
ကလေးကိုချစ်ရင်နေရာတကာလိုက်လုပ်မပေးပါနဲ့ခိုင်းပါ။စလုပ်လုပ်ချင်းမှာတော့အချိုးမပြေတာတွေကျကွဲတာတွေမသေသပ်တာတွေ ဖြစ်ပေမယ့်ဒီအချက်တွေဟာ..၊
ဘာ့ကြောင့်ဖြစ်ရတယ်မဖြစ်အောင်ဘယ်လိုလုပ်ရမယ်နောက်တစ်ခါဖြစ်ရင်ဘယ်လိုတာဝန်ယူရမယ်ဆိုတာမျိုးအကျင့်လုပ်ပေးပါ..။
ပန်းကန်ကွဲရင် မုန့်ဖိုးထဲကပြန်ဝယ်ရမယ်ဆိုတာမျိုးဒီအလုပ်ပြီးမှအပြင်ထွက်ဆော့ရမယ်ဆိုတာမျိုးဒီဟာမပြီးရင် ဟိုဟာလုပ်ခွင့်မပြုဘူးဆိုတာမျိုးအကျင့်လုပ်ကြည့်ပါ..။
ရိုက်နှက်တာထက်စာရင်တာဝန်ယူမှု ရှိအောင်လုပ်ပေးခြင်းက ပိုထိရောက်ပါတယ်..။
ဘာမှ မလုပ်တတ်တဲ့ကလေးတွေဟာ ဘာမှမသိပါဘူး။အလုပ်သေးသေးလေးတွေမလုပ်ဖူးတဲ့ကလေးတစ်ယောက်ဟာယုံကြည်မှုလည်း မရှိကြပါဘူး..။
” ဒါလေးများ သားလုပ်တတ်တယ် “” အဲဒါ သမီးလုပ်တတ်တယ် ” ဆိုတဲ့ စကားတွေသင့်ကလေးဆီက ကြားဖူးပါသလား..၊
မှားမှာ မစိုးရိမ်ပါနဲ့။သင့်ကလေး မလုပ်ဖူးမှာကိုပဲကြောက်ပါ။အသက်၁၆-နှစ်အရွယ်လူငယ်တစ်ယောက်ဟာဖုန်းမှ မပြောတတ် ရပ်ကွက်ရုံးမှထောက်ခံစာမဖြည့်တတ်အိမ်ကလိုက်မပို့ရင် ဘယ်မှမသွားတတ်..၊
မလာတတ်ဧည့်သည်လာရင်အိမ်ထဲဝင်ပြေး ဘာ တစ်ခုမှမသိဘဲ ကျူရှင်တက်ဖို့နဲ့စာကျက်ဖို့ ရတဲ့စာကိုအလွတ်ချရေးပြီးအဆင့်(၁)ရဖို့လောက်သာကြိုးစားနေတယ်ဆိုရင်..၊
ဒါဟာတော်တော်လွဲမှားနေတဲ့အုပ်ထိန်းမှုအောက်မှာကြီးပြင်းလာတဲ့ကလေးဖြစ်နေတာ သေချာနေပါပြီအသက်၂၀ ကျော်တဲ့အထိထမင်းခူးပေးနေရတုန်းမိဘမချက်ထားရင်ဘာမှမစားတတ်ဘူး..။
ဘာလုပ်လုပ် မိဘပါမှ လုပ်တတ်တယ်။မိဘပြောမှ စ-လုပ်တယ်ဆိုတာဂုဏ်ယူရမယ့် အရာတွေ မဟုတ်ပါဘူး..။
သင့်ကလေးက သင့်ကိုလိုအပ်တာထက်ပိုပြီးမှီခိုလွန်းနေတာဟာ သင့်ကို ချစ်လို့ဆိုတာထက် သင်သူတို့ကို..၊
အသုံးမကျအောင်ပုံသွင်းထားခဲ့လို့ဆိုတာ မမေ့ပါနဲ့။ ‘ နေရာတကာ အမေပါရတယ် ‘ ဆိုတာ..၊
ဂုဏ်ယူစရာ စကားမဟုတ်ပါဘူး။ကိစ္စသေးသေးလေးတွေကိုသူကိုယ်တိုင် အစအဆုံးလုပ်တတ်ဖို့စဉ်းစားတတ်ဖိုတာဝန်ယူတတ်ဖို့တဖြေးဖြေးချင်းသင်ပေးပါ..။
ဒါမှသာလောကရဲပြဿနာတွေကို သူတို့ဘယ်လိုဖြေရှင်းရမလဲဆိုတာတွေးတဲ့အကျင့်ရသွားမှာဖြစ်ပါတယ်..။
အပြိုင်အဆိုင် ဖွင့်လာကြတဲ့အမှန်အကန် ကျောင်းတွေရောအကြံအဖန် ကျောင်းတွေမှာပါသူများထက်သာဖို့ ငွေတွေအကုန်ခံပြီး သင်တာလည်း သင်ပါ..။
အရာတော်တော်များများကိုလည်း ကိုယ်တိုင် သင်ပေးပါ။ကိစ္စတော်တော်များများကိုသူတို့ ကိုယ်တိုင်ဆောင်ရွက်ခိုင်းပါ။လူတော်တော်များများနဲ့ထိတွေ့ခိုင်းပါ..။
လောကမှာစာတော်ဖို့လိုအပ်သလိုအကင်းပါးဖို့လူရည်လည်ဖို့လူ့အထာနပ်ဖို့နဲ့သူတို့ကိုယ်သူတို့ ဘယ်ကိစ္စမှာမဆိုယုံကြည်မှုအပြည့်ရှိနေဖို့လည်းလိုအပ်တယ်ဆိုတာ သတိပြုပါ..။
ကျွန်တော်တို့ နိုင်ငံကကျောင်းတွေမှာ မစဉ်းစားခိုင်းပါဘူး..။၏-သည် မရွေး ကျက်ခိုင်းပါတယ်။ဆရာမတွက်နည်းအတိုင်း မတွက်ရင် အမှတ်မရပါဘူး..။
ဒါသင် ဒါကျက် ဒါရဒါဖြေစနစ်နဲ့ စခန်းသွားခဲ့တာမျိုးဆက် (၂) ဆက် မကတော့ပါဘူး..။
အိမ်တွေရဲထိန်းကျောင်းမှုကလည်းလုံးဝ ပစ်ထားတဲ့မိဘရယ် အကုန်လိုက်ကြည့်နေတဲ့မိဘတွေနဲ့သာကြီးပြင်းလာရတဲ့လူငယ်တွေရဲ့..၊
ခေါင်းထဲမှာစဉ်းစားတဲ့ချိန်ဆိုတာ Game နှိပ်မှပဲပေါ်လာတဲ့ အခြေအနေ ဖြစ်လာပါတယ်..။
နည်းနည်းလေးမေးခွန်းလှည့်လိုက်တာနဲ့မဖြေတတ်တော့ဘူး။နည်းနည်းလေး မိဘမပါတာနဲ့ယုံကြည်မှု မရှိကြတော့တဲ့အထိဖြစ်နေပါတယ်..။
ခေါင်းမပါတဲ့ လူငယ်တွေကြီးလာခဲ့လို့တိုင်းပြည်လည်း အခွံပဲကျန်ပါတော့တယ်..။
စဉ်းစားတတ်တဲ့ မျိုးဆက်တစ်ခုယုံကြည်မှုအပြည့်ရှိတဲ့မျိုးဆက်တစ်ခု ဖန်တီးနိုင်စွမ်း ထိုးဖောက်နိုင်စွမ်းရှိတဲ့မျိုးဆက်တစ်ခု ဖန်တီးပေးဖို့အချိန် တော်တော်တောင်နောက်ကျနေပါပြီ..။
ဒါကြောင့်မူကြိုပို့ဖို့ပဲ မစဉ်းစားကြပါနဲ့။ကျောင်းကောင်းကောင်းထားဖို့တစ်ခုပဲ အာရုံမစိုက်ကြပါနဲ့။သူများထက်အမှတ်ကောင်းဖို့တစ်ခုပဲတွန်းအားမပေးပါနဲ့။သူတို့ဖာသာသူတို့စဉ်းစားတွေးခေါ်ဖို့အလှည့်ပေးလိုက်ပါ..။
သူတို့တာဝန် သူတို့ယူတတ်ဖို့သူတို့ဘဝကို သူတို့အမှန်တကယ် ကျေနပ်ကြဖို့အခွင့်အရေး ပေးလိုက်ပါ။ ဘာမဆို ငါလုပ်နိုင်တယ် ‘ ငါ လုပ်တတ်တယ်ဆိုတဲ့ ‘ယုံကြည်မှုမျိုးကိုသာဖန်တီးပေးလိုက်ပါ..။
ဒါဟာ သူတို့အတွက်သင်ပေးနိုင်တဲ့ တစ်ဘဝလုံးစာအကောင်းဆုံးလက်ဆောင်ပါ..။
Credit