ဈေးသုံးလည်းမလွယ်နဲ့၊ ရှေးထုံးလည်းမပယ်နဲ့ ဆိုတဲ့ ဆိုရိုးစကားအတိုင်း မင်္ဂလာပြုသင့်တဲ့ ရက်မြတ်တွေကို ဝေမျှ ဖော်ပြပေးလိုက်ပါတယ်
မြန်မာတို့ရဲ့ ထုံတမ်းအစဉ်အလာမှာ တစ်ဦးနဲ့တစ်ဦး လက်ထပ်ထိမ်းမြားတော့မယ်ဆိုရင် ဗေဒင်တွေမေးပြီးပြက္ခဒိန်တွေ ကြည့်ကာ နေ့ကောင်းရက်သာတွေ ရွေးချယ်ပြီးမှ ထိမ်းမြားလက်ထပ်လေ့ရှိပါတယ်။ ဒီလို ထုံးတမ်းစဉ်လာက ရှေးအရင်အချိန်တည်းက လူကြီးမိဘတွေ ပြုလုပ်လာကြတဲ့ အစဉ်အလာတစ်ခုလည်း ဖြစ်ပါတယ်။
ဒီဘက်ခေတ်မှာတော့ အယူအဆေတြ သိပ်မရှိတော့ဘူးဆိုပေမယ့် ဈေးသုံးလည်းမလွယ်နဲ့၊ ရှေးထုံးလည်းမပယ်နဲ့ ဆိုတဲ့ ဆိုရိုးစကားအတိုင်း လက်ထပ်တော့မယ့် ဇနီးမောင်နှံများအတွက် ရှေးအရင်တည်းက တြက္ခ်က္ထားတဲ့ အိမ်ထောင်ဖက်၊ ရန်ဖက်များနဲ့အတူမင်္ဂလာပြုသင့်တဲ့ ရက်မြတ်တွေကို ဝေမျှ ဖော်ပြပေးလိုက်ပါတယ်။
အိမ်ထောင်ဖက် ဦး၊ သာ၊ စိန်၊ ပန်း၊ ဒန်း၊ လှ၊ ကို၊ ရွာဦး-သာ တနင်္ဂနွေနှင့်သောကြာအိမ်ထောင်ဖက်စိန်-ပန်း အင်္ဂါနှင့်ကြာသပတေးအိမ်ထောင်ဖက်ဒန်း-လှ စနေနှင့် ဗုဒ္ဓဟူး အိမ်ထောင်ဖက်ကို-ရွာ တနင်္လာနှင့် ရာဟု အိမ်ထောင်ဖက်အိမ်ထောင်ပြုရန်မသင့်တဲ့ ရန်ဖက် ဓမ္မာ၊ သောက ၊ အင်းဝ၊ ရာဇာဓ မ္မာ စနေနဲ့ ကြာသပတေး အိမ်ထောင်ဖက်ရန် မသင့်
သော က သောကြာနှင့် တနင်္လာ အိမ်ထောင်ဖက်ရန် မသင့်အင်း-၀ တနင်္ဂနွေနှင့် ဗုဒ္ဓဟူး အိမ်ထောင်ဖက်ရန် မသင့်ရာ-ဇာ ရာဟုနှင့် အင်္ဂါ အိမ်ထောင်ဖက်ရန် မသင့် မိတ်ဖက် အောင်၊ ပ၊ ကုလား၊ ဆွေသား၊ နောင်ရင်းအောင် ပ တနင်္ဂနွေနှင့် ကြာသပတေး မိတ်ဖက်သင့်သည်
ကု လား တနင်္လာနှင့် ဗုဒ္ဓဟူး မိတ်ဖက်သင့်သည်ဆွေ သား အင်္ဂါနှင့် သောကြာ မိတ်ဂြိုလ်သင့်သည်နောင် ရင်း စနေနှင့် ရာဟု မိတ်ဂြိုလ်သင့်သည် ကမ္ဘာ့ရန် ဦးညို၊ ခေမာ၊ သုတ၊ ဝေရီ။ ဦး-ညို တနင်္ဂနွေနှင့် အင်္ဂါ ခေ-မာ တနင်္လာနှင့် ကြာသပတေး သု-တ သောကြာနှင့် စနေ ၊ဝေ-ရီ ဗုဒ္ဓဟူးနှင့် ရာဟု
နေ့နံ ခုနှစ်နံကို အုပ်စိုးသည့် သတ္တုရတနာများ
တနင်္ဂနွေ ကြေးနီ
A
တနင်္လာ ပတ္တမြား
အင်္ဂါ ရွှေ
ဗုဒ္ဓဟူး ကျောက်သံပတ္တမြား
ကြာသပတေး -ငွေ
သောကြာ-ပုလဲ
စေန-သံ
ရက်ရာဇာ ရွေးနည်း
တန်ခူး သာလှ တန်ခူးလမှာ သောကြာ- ဗုဒ္ဓဟူးထွန်းပ ကဆုန် ကဆုန်လမှာ စေန ကှာသပတေးနယုန်ညြန့စြ နယုန္လမွာ အင်္ဂါအောင်လှဝါဆို ဝါဆိုလတွင် တနင်္ဂနွေ- ဗုဒ္ဓဟူးသာလိုဝါခေါင် ဝါခေါင်လတွင်ဗုဒ္ဓဟူး-သောကြာ မြတောင် တော်သလင်း -တော်သလင်းလတွင် ကြာသပတေး-စနေသီတင်းကျွတ် ဆီ သီတင်းကျွတ်လတွင် အင်္ဂါသောရီ တန်ဆောင်မုန်း တန်ဆောင်မုန်းလတွင် သောကြာ -ရာဟု ချမ်းတုန် နတ်တော် နတ်တော်လတွင် တနင်္လာ စနေမိနော်ပြာသို ပြာသိုလတွင် ကြာသပတေး-စနေ
မိညိုတပို့တွဲ တပို့တွဲလတွင် -အင်္ဂါ ကြာသပတေးထဲဝင်တပေါင်း တပေါင်းလတွင် စေန ဗုဒ္ဓဟူး ဆောင်တိုင်းအောင်မည့် ရက်ကောင်းရာဇာဖြစ်ပေသည်။
ပြဿဒါးရက်ရွေးနည်း
တန်ခူးဝါခေါင် ၊ တိမ်တောင်ထွန်းပေါ် လနတ်တော် မေလျာ မြွေနဲ့ကြွက် (စနေ ၊ ကြာသပတေး)
ကဆုန် တော်သလင်း ပြာသိုတွင်း စွယ်ရင်းဖြူစင် ပူးနှင့်ဆင် (သောကြာ ၊ ဗုဒ္ဓဟူး)နယုန် ဝါကျွတ် နှင်းစွတ်စိုရွှဲ တပို့တွဲ၊ ပျံဝဲတောင်ဟုန် က်ား ဂဠုန် (တနင်္လာ ၊ တနင်္ဂနွေ)ဝါဆို တန်ဆောင်မုန်း ပူတုန်ချမ်းပြောင်း လတပေါင်း မကောင်းတဲ့နေ့ ဟိုင်းခြငေ်သ့ (ဟိုင်း= ရာဟု ၊ ခြငေ်သ့ = အင်္ဂါ) မကောင်းနေ့များ ပြဿဒါး မုချရှောင်ကာသွားရမည်ဖြစ်ပါတယ်
ဝါဆို တန်ဆောင်မုန်း ပူတုန်ချမ်းပြောင်း လတပေါင်း မကောင်းတဲ့နေ့ ဟိုင်းခြင်္သေ့ (ဟိုင်း= ရာဟု ၊ ခြင်္သေ့ = အင်္ဂါ) မကောင်းနေ့များ ပြဿဒါး မုချရှောင်ကာသွားရမည်ဖြစ်ပါတယ်
ဂြိုလ်နေ ဂြိုလ်သက်များ
တနင်္ဂနွေ ဂြိုလ်သက် ၆နှစ်
တနင်္လာ ဂြိုလ်သက် ၁၅ နှစ်
အင်္ဂါ ဂြိုလ်သက် ၈ နှစ်
ဗုဒ္ဓဟူး ဂြိုလ်သက် ၁၇ နှစ်
ကြာသပတေး ဂြိုလ်သက် ၁၉နှစ်
သောကြာ ဂြိုလ်သက် ၂၁ နှစ်
စေန ဂြိုလ်သက်- ၁၀ နှစ်
ရာဟုဂြိုလ် ၁၂ နှစ် အဲဒီ့ဂြိုလ်တွေအားလုံးပေါင်းလိုက်ရင် ၁၀၈ ရတယ် ၁၀၈ နဝင်းလို့ခေါ်ကြလေသည်