Knowledge

အိမ်ကို အလကား ပေးရင်တောင် ယူမယ့်လူ မရှိလို့ စိတ်ညစ်နေ တဲ့ အိမ်ပိုင်ရှင်များ

Unicode

အောက်တွင် Zawgyi နှင့် ဖတ်ရှု့နိုင်ပါသည်

အိမ်ပိုင်ရှင် တစ်စုကတော့ သူတို့ရဲ့အိမ်ကို အလကားပေးရင်တောင် ယူမယ့်လူမရှိလို့ အတော်လေး စိတ်ညစ်နေတယ်လို့ ဆိုပါတယ်။ အဲဒီအိမ်ကို ယခင်က အမြန်ရောင်းထွက်ချင်လို့ အရောင်းဈေးကွက်တင်ခဲ့ပါတယ်။ ကမ်းလှမ်းသူတွေ ရှိခဲ့သော်လည်း၊ နောက်တော့ လက်လန်ပြီး အိမ်အရောင်းအဝယ် မဖြစ်တော့တာပါ။

ဒီအိမ်လေးဟာ အမေရိကန် Louisiana မှာ တည်ရှိပါတယ်။ အိမ်ကို ငှားဖို့၊ ဒါမှမဟုတ် ဝယ်ယူဖို့ ဆက်သွယ်လာသူတွေက ယခင်အိမ်ငှားတွေ၊ ဒေသခံလူတွေရဲ့ သတင်းစကားကြောင့် ငှားမယ့်လူ၊ ဝယ်မယ့်လူ မရှိတော့တာပါ။ ဒီလိုနဲ့ အိမ်လေးဟာ နေသူမဲ့နေပါတယ်။

အဆိုပါ အိမ်လေးမှာ သရဲအလွန်ခြောက်တယ်လို့ ဆိုပါတယ်။ အနီးအနားပတ်ဝန်းကျင်နဲ့ ခပ်လှမ်းလှမ်းမှာ တသီးတခြား တည်ရှိနေတဲ့သဘောမျိုးဖြစ်ပြီး၊ အိမ်ရဲတည်နေတဲ့ပုံစံကလည်း မြင်သူကို ကျောချမ်းစေပါတယ်တဲ့။

ဒီအိမ်ကို ပူးတွဲပိုင်ဆိုင်တဲ့ Sylvia McLain ဟာ ယခင် ဒီအိမ်လေးကို ရောင်းထုတ်ဖို့ ဒီလောက် ခက်လိမ့်မယ်လို့ ထင်မထားခဲ့ပါဘူးတဲ့။ သူမဟာ တကယ်ပြောရရင် ဒီအိမ်လေးကို ပေါချောင်ကောင်းမို့ ရင်းနီးမြှုပ်နှံတဲ့ သဘောနဲ့ ဝယ်ယူခဲ့တာပါ။ သူမဟာ McLain Investments ကို တည်ထောင်ထားသူ ဖြစ်ပါတယ်။

McLain ဟာ အိမ်ကို အရောင်းတင်တော့မှ ဒီအိမ်ဟာ သရဲအလွန်ခြောက်ကြောင်းကို ဂဃနဏ သိခဲ့ရတာဖြစ်ပါတယ်။ အဲဒီအိမ်မှာ အဖွားအိုသရဲမကြီးတစ်ကောင် ရှိနေပြီး၊ မူလအိမ်ရှင်တွေဟာ အဲဒီသရဲမကြီးကို မောင်းထုတ်ဖို့ သရဲနှင်သမားတွေ မကြာခဏ ခေါ်ယူခဲ့ရတယ်လို့ ဆိုပါတယ်။

သရဲမကြီးဟာ အဖွား Adele Vincent ဖြစ်နိုင်ပါတယ်။ သူမဟာ သရဲဘဝနဲ့ခြောက်လှန့်ကြောင်းကို မြစ်မလေးဖြစ်သူ Dawn က ပြောပါတယ်။ အိမ်လေးဟာ ဧက(၁၆၀)ကျယ်တဲ့ ခြံဝင်းအတွင်း တည်ရှိပြီး၊ (၁၈၆၀)ခုနှစ်ကတည်းက တည်ဆောက်ခဲ့တဲ့ အိမ်ပါ။ အဖွား Adele ကတော့ (၁၉၆၇)မှာ သေဆုံးခဲ့ပါတယ်။

အဲဒီနောက် Dawn မိသားစုက အိမ်လေးကို အစဉ်အဆက် နေထိုင်ခဲ့ပေမယ့် သရဲခြောက်လွန်းမက ခြောက်လို့ (၁၉၈၀)မှာ အိမ်ပြောင်းပြေးရပါတော့တယ်။ ဒီလိုနဲ့ အဲဒီအိမ်ကို McLain Investments က စီမံကိန်းနေရာတစ်ခုအဖြစ် ဝယ်ယူခဲ့ရာမှ အခုလို ကြောက်စရာကောင်းတဲ့ သမိုင်းကြောင်းတွေကို သိခဲ့ရတာပါ။ အခုထိ အဲဒီ ဧက (၁၆၀)ပေါ်မှာ ဘာအဆောက်ဦမှ မဆောက်နိုင်သေးပါဘူး….။

လင်းဇော်ကို (D Nae Khit)

==================

Zawgyi

အိမ္ပိုင္ရွင္ တစ္စုကေတာ့ သူတို႔ရဲ႕အိမ္ကို အလကားေပးရင္ေတာင္ ယူမယ့္လူမရွိလို႔ အေတာ္ေလး စိတ္ညစ္ေနတယ္လို႔ ဆိုပါတယ္။ အဲဒီအိမ္ကို ယခင္က အျမန္ေရာင္းထြက္ခ်င္လို႔ အေရာင္းေဈးကြက္တင္ခဲ့ပါတယ္။ ကမ္းလွမ္းသူေတြ ရွိခဲ့ေသာ္လည္း၊ ေနာက္ေတာ့ လက္လန္ၿပီး အိမ္အေရာင္းအဝယ္ မျဖစ္ေတာ့တာပါ။

ဒီအိမ္ေလးဟာ အေမရိကန္ Louisiana မွာ တည္ရွိပါတယ္။ အိမ္ကို ငွားဖို႔၊ ဒါမွမဟုတ္ ဝယ္ယူဖို႔ ဆက္သြယ္လာသူေတြက ယခင္အိမ္ငွားေတြ၊ ေဒသခံလူေတြရဲ႕ သတင္းစကားေၾကာင့္ ငွားမယ့္လူ၊ ဝယ္မယ့္လူ မရွိေတာ့တာပါ။ ဒီလိုနဲ႔ အိမ္ေလးဟာ ေနသူမဲ့ေနပါတယ္။

အဆိုပါ အိမ္ေလးမွာ သရဲအလြန္ေျခာက္တယ္လို႔ ဆိုပါတယ္။ အနီးအနားပတ္ဝန္းက်င္နဲ႔ ခပ္လွမ္းလွမ္းမွာ တသီးတျခား တည္ရွိေနတဲ့သေဘာမ်ိဳးျဖစ္ၿပီး၊ အိမ္ရဲတည္ေနတဲ့ပုံစံကလည္း ျမင္သူကို ေက်ာခ်မ္းေစပါတယ္တဲ့။

ဒီအိမ္ကို ပူးတြဲပိုင္ဆိုင္တဲ့ Sylvia McLain ဟာ ယခင္ ဒီအိမ္ေလးကို ေရာင္းထုတ္ဖို႔ ဒီေလာက္ ခက္လိမ့္မယ္လို႔ ထင္မထားခဲ့ပါဘူးတဲ့။ သူမဟာ တကယ္ေျပာရရင္ ဒီအိမ္ေလးကို ေပါေခ်ာင္ေကာင္းမို႔ ရင္းနီးျမႇဳပ္ႏွံတဲ့ သေဘာနဲ႔ ဝယ္ယူခဲ့တာပါ။ သူမဟာ McLain Investments ကို တည္ေထာင္ထားသူ ျဖစ္ပါတယ္….။

McLain ဟာ အိမ္ကို အေရာင္းတင္ေတာ့မွ ဒီအိမ္ဟာ သရဲအလြန္ေျခာက္ေၾကာင္းကို ဂဃနဏ သိခဲ့ရတာျဖစ္ပါတယ္။ အဲဒီအိမ္မွာ အဖြားအိုသရဲမႀကီးတစ္ေကာင္ ရွိေနၿပီ….း၊ မူလအိမ္ရွင္ေတြဟာ အဲဒီသရဲမႀကီးကို ေမာင္းထုတ္ဖို႔ သရဲႏွင္သမားေတြ မၾကာခဏ ေခၚယူခဲ့ရတယ္လို႔ ဆိုပါတယ္။

သရဲမႀကီးဟာ အဖြား Adele Vincent ျဖစ္ႏိုင္ပါတယ္။ သူမဟာ သရဲဘဝနဲ႔ေျခာက္လွန႔္ေၾကာင္းကို ျမစ္မေလးျဖစ္သူ Dawn က ေျပာပါတယ္။ အိမ္ေလးဟာ ဧက(၁၆၀)က်ယ္တဲ့ ၿခံဝင္းအတြင္း တည္ရွိၿပီး၊ (၁၈၆၀)ခုႏွစ္ကတည္းက တည္ေဆာက္ခဲ့တဲ့ အိမ္ပါ။ အဖြား Adele ကေတာ့ (၁၉၆၇)မွာ ေသဆုံးခဲ့ပါတယ္။

အဲဒီေနာက္ Dawn မိသားစုက အိမ္ေလးကို အစဥ္အဆက္ ေနထိုင္ခဲ့ေပမယ့္ သရဲေျခာက္လြန္းမက ေျခာက္လို႔ (၁၉၈၀)မွာ အိမ္ေျပာင္းေျပးရပါေတာ့တယ္။ ဒီလိုနဲ႔ အဲဒီအိမ္ကို McLain Investments က စီမံကိန္းေနရာတစ္ခုအျဖစ္ ဝယ္ယူခဲ့ရာမွ အခုလို ေၾကာက္စရာေကာင္းတဲ့ သမိုင္းေၾကာင္းေတြကို သိခဲ့ရတာပါ။ အခုထိ အဲဒီ ဧက (၁၆၀)ေပၚမွာ ဘာအေဆာက္ဦမွ မေဆာက္ႏိုင္ေသးပါဘူးတဲ့။

လင္းေဇာ္ကို (D Nae Khit)