ဆန်လက်တဆုပ်ထည့်လည်း လုံးဝ အိုးမကပ်စေမယ့် ထမင်းချက်နည်း (အိမ်ရှင်မတွေ အကြိုက်ပါပဲ)
အိမ်ရှင်မတွေ အလွန် အဆင်ပြေတဲ့ အိုးမကပ်အောင် မော်ရိုကိုက စားဖိုမှုး ပြောပြတဲ့ ထမင်းချက်နည်း
ကိုယ် မကြာခင်ကမှ ရထားပြီး အရမ်းကြိုက်နေတဲ့ ထမင်းချက်နည်းလေး ပြောပြချင်လို့ပါ
မော်ရိုကိုက စားဖိုမှုး ပြောပြတဲ့ နည်းကို သူငယ်ချင်းက ပြန်ပြောပြလို့ပါ။ လွယ်လွယ်လေးပါ။
ထမင်းချက်ရင် ဆီလေး နည်းနည်း ထည့်ချက်လိုက်တာနဲ့ ဆန်နည်းလဲ လုံးဝ အိုးမကပ် ထမင်းစေ့လေးတွေလည်း အလုံးလိုက်လေးတွေ ဖြစ်နေလို့ အရမ်းသဘောကျနေပါပြီ။
သူတို့တွေက ဆားလေး နည်းနည်းပါ ထည့်ချက်တယ်တဲ့။ ကိုယ်တွေတော့ ဆားထည့်ချက်စရာ မလိုပေမဲ့ တခါတလေ အကြော်လေး လက်ဖက်လေးနဲ့ စားမယ်ဆို ထည့်ချက်လို့ ရတယ်နော်။
ဟိုတခါ စားချက်မှာ နာမည်ကြီးတဲ့ အိုးနှစ်ထပ်ချက်နည်းက အရမ်းအဆင်ပြေပြီး စားကောင်းပေမဲ့
အိုးတွေ ဆေးရတာ ပျင်းတဲ့ ငပျင်းကျွန်မ အတွက် ဒီနည်းလမ်းက အိုကေမှာ စိုပြေနေလို့ မသိသေးသူတွေအတွက် မျှဝေလိုက်တယ် စားကြပါဦးရှင်။
(Pann Ei Phyu Zin) (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)
အိမ်ရှင်မတွေ အလွန် အဆင်ပြေတဲ့ အိုးမကပ်အောင် ထမင်းချက်နည်းကို ဖော်ပြပေးလိုက်ပါတယ်၊