Knowledge

ရမယ်ဆို လူတောင်သ တ်ယူကြမယ့် ကျောက်လက်ဝါးဆိုတာ ဘာလဲ? ဘယ်လိုစွမ်းလဲ?

ရမယ်ဆို လူတောင်သတ်ယူကြမယ့် ကျောက်လက်ဝါးဆိုတာ ဘာလဲ? ဘယ်လိုစွမ်းလဲ?

ဒီကျောက်လက်ဝါး ကိုကျောက်နံရံကျောက်ကမ်းပါးရေစပ်ကျောက်တုံးတွေမှာ အများဆုံးတွေ့ရတတ်ပါသည်။

သယံဇာတ သဘာဝက လူသားတစ်ယောက်ရဲ့ လက်အတိုင်း အနေအထား၊ အတိုင်းအထွာ၊ အဆစ်အမြစ်၊ အကြောတွေကစပြီး ဖြစ်ပေါ်နေတာဟာ

အံ့ဩစရာကောင်းလောက်အောင် ပီပြင်လှတာကို တွေ့ရပါသည်။ ကျောက်သားလို မာကျောပြီးနေပါသည်။

ကျောက်တုံးကျောက်နံရံတွေမှာ တွေ့ရသလို မြေကြီးအတွင်းမှာလည်း တူးဖော်လို့ရတတ်ပါသည်။ကျောက်တုံး၊

ကျောက်ကမ်းပါး၊ ကျောက်နံရံတွေနဲ့ ရေစပ်မှာရတဲ့ ကျောက်လက်ဝါးရဲ့အနံ့ဟာညှီတယ်ရိုင်းတယ်အလွယ်တကူယူလို့မရပါဘူး။

မြေကြီးထဲကရတဲ့ ကျောက်လက်ဝါးက မြေသင်းနံ့သင်းတယ်၊ ယဉ်တယ်၊ အသက်မပါတဲ့ သစ်သီး၊ သစ်ဥ၊ သစ်ဖုတွေ ကျွေးပြီး သုံးတတ်ရင် အသုံးဝင်လို့ အဆောင်ထားကြပါသည်။

ကျောက်လက်ဝါးရတဲ့လူတွေဟာ စိတ်စေတနာကောင်းသော သူတော်ကောင်းတွေဆိုရင် မြေကြီးထဲကရတဲ့ ကျောက်လက်ဝါးကို

ရေစင်အောင်ဆေးကြောပြီး အသက်မပါတဲ့ ပေါက်ပေါက်တို့၊ ဖွဲနုတို့နဲ့ အစာကျွေးဆောင်ထားပြီး နာကျင်ကိုက်ခဲတဲ့ ဝေဒနာခံစားရသူတွေကို

နှိပ်ပေးရင်ဝေဒနာပျောက်ကင်းပါသည်အရိုးရောဂါအကြောရောဂါရှိသူတွေကို နှိပ်နယ်ပေးရင် ပျောက်ကင်းပါသည်။

ကောင်းတဲ့နေရာမှာလည်း အချို့သောလူများကလည်း အသုံးပြုတတ်တာတွေလည်း ရှိတတ်ပါသည်

သူယုတ်မာတွေရဲ့လက်ထဲရောက်တဲ့ကျောက်လက်ဝါးဆိုရင် အသားငါးတွေကျွေးလို့ အိမ်မှာ အခိုင်းအစေသဘောနဲ့ထားပြီး သူယုတ်မာစိတ်ထားနဲ့

ဘယ်သူ့ကို သေအောင်ကြေအောင် ရိုက်သတ်လိုက်စမ်း ကျိုးပဲ့အောင်လုပ်လိုက်စမ်း ဘယ်သူ့ပစ္စည်းသွားဖျက်စီးလိုက်စမ်း၊ ခြောက်လှန့်လိုက်စမ်းလို့ ခိုင်းကြတယ်။

အစာမှန်မှန်မကျွေး၊ မနိုင်ဘဲဆောင်ထားရင် ခိုင်းတဲ့လူကို ပြန်အန္တရာယ်ပေးတတ်သေးတယ်လို့ ကြားဖူးပါသည်။ အောက်လမ်းဆရာတောင်

ကျောက်လက်ဝါးအရိုင်း ပိုင်ဆိုင်တဲ့ အောက်လမ်းဆရာဆိုရင် ရိုးရိုးအောက်လမ်းဆရာထက် ပိုပြီး တန်ခိုးထွားတာတွေလည်း တွေ့မြင်ဘူးပါသည်။

ကျောက်လက်ဝါးတိုင်းလည်း ထူးခြားသည့် တန်ခိုးများတော့ မရှိကြပါဘူး။ ကျောက်လက်ဝါးမှာ အသေရယ် အရှင်ရယ် ဆိုပြီး နှစ်မျိုးရှိပါသည်

အရှင်မှာတော့ စောင့်ရှောက်သော အစောင့်အရှောက်ရှိတတ်ပြီးတော့ အသေမှာတော့ ဘာအစောင့်အရှောက်မှ မရှိကြပါဘူး။

စောင့်ရှောက်သော အစောင့်အရှောက်ဆိုသည်မှာလည်း ကောင်းသောအစောင့်အရှောက်နဲ့မကောင်းသောအစောင့်အရှောက်ဆိုပြီး နှစ်မျိုးလည်း ရှိပြန်ပါသည်။

အကယ်၍ မိမိမှာ ကျောက်လက်ဝါးတစ်ခု ပိုင်ဆိုင်ခဲ့ပါက ကျောက်လက်ဝါးကို အရှင်လားအသေလားအရင်ဆုံးခွဲခြားရပါလိမ့်မည်။

ခွဲခြားနည်းကတော့ ထမင်းအိုးနှပ်တဲ့အခါမှာ ထမင်းအိုးအဖုံးပေါ်ကို ကျောက်လက်ဝါးတင်ထားလိုက်ပါအဖုံးပေါ်ကနေခုန်ဆင်းသွားမယ်ဆိုရင်တော့

အဲဒီ ကျောက်လက်ဝါးဟာ အရှင်ဖြစ်ပါသည်။ နောက်တစ်နည်းရှိပါသေးသည်။ ကျောက်လက်ဝါးကိုစားပွဲပေါ်တင်… ဆေးလိပ်မီးနဲ့လိုက်တို့ကြည့်လိုက်ပါ။

အရှင်ဆိုရင် သံလိုက်အဖိုနဲ့အမ တွန်းကန်သလို ကျောက်လက်ဝါးဟာ ဆေးလိပ်မီးကိုရှောင်ကွင်းပြီးတော့ ဆုတ်ဆုတ်သွားပါလိမ့်မည်။

နောက်ထပ်တစ်နည်းကတော့ ကျောက်လက်ဝါးကို နိမ့်တဲ့နေရာမှာထား ရေနွေးပူကိုမြင့်တဲ့နေရာကနေ လောင်းလိုက်ပါ။ ကျောက်လက်ဝါးက ခုန်ရှောင်ရင် အသက်ရှိပါသည်။

အရှင်လို့ သတ်မှတ်နိုင်ပါသည်။ အချို့သော ကျောက်လက်ဝါးများသည် နည်းနည်းများ ရှက်တတ်လို့များတော့ မသိဘူး

အထက်ပါအတိုင်း စမ်းသပ်နည်းဖြင့် စမ်းသပ်လို့လည်း ဘယ်လိုမှ ထူးခြားမှုမပြသည့် ကျောက်လက်ဝါးအရှင်တွေလည်း ရှိတတ်ပါသေးသည်။

အဲ့အခါ နောက်ဆုံးနည်းလမ်းတစ်ခုနဲ့ စမ်းသပ်ရပါတော့သည်။ အဲ့နည်းကတော့ ကျောက်လက်ဝါးကို ခိုင်ခံ့တဲ့သံသေတ္တာ သစ်သားသေတ္တာ တစ်ခုခုထဲထည့်ပြီး သေသေချာချာ အလုံပိတ်ထားပြီး သော့ခတ်ထားပါ။

မနက်ကတည်းစပြီး တစ်နေ့လုံးပိတ်ထားပါ။ ည လူခြေတိတ်ပြီး အိပ်ချိန်လောက်ကြရင် သေတ္တာထဲကနေ တဝုန်းဝုန်း တဒုံးဒုံးနဲ့ ဆူဆူညံညံ အသံတွေပေးပါလိမ့်မယ်။

အဲလိုအသံတွေပေးပြီဆိုရင် သော့ဖွင့်ပြီး သေတ္တာအဖုံးလှပ်ပေးလိုက်ပါ။ ကျောက်လက်ဝါးဟာ သေတ္တာထဲကနေ သူ့အလိုလို ခုန်ထွက်သွားပါလိမ့်မည်။

ဒါဆိုရင်တော့ ကျောက်လက်ဝါးအရှင် အစစ်ပါပဲ။ သို့သော်လည်း အရှင်ဖြစ်ပြီးဆိုရုံနဲ့လည်း မပြီးသေးပါဘူး

အစောင့်အရှောက်က အကောင်းလား အဆိုးလား ကြည့်ရပြန်ပါတော့သည်။ ကြက်အရှင်တစ်ကောင်နဲ့ ကျောက်လက်ဝါးကို တောင်းနဲ့ဖိအုပ်ထားပါ။

နောက်နေ့ နံနက်တောင်းဖွင့်ကြည့်လို့ ကြက်မသေရင်တော့ စောင့်သောအစောင့်မှာ ကောင်းသော သူတော်ကောင်းအစောင့်ဖြစ်ပြီး ကြက်သေနေရင်တော့ ဆိုးရွားသော အစောင့်ဖြစ်ပါသည်။

နောက်တစ်နည်းကတေ့ာ အမဲသွေး ဝက်သွေး ကို ပန်းကန်ထဲထည့် ကျောက်လက်ဝါးနဲ့အတူထားပြီး အုပ်ဆောင်းနဲ့အုပ်ထားပါ။

နောက်နေ့ လှန်ကြည့်လို့ သွေးတွေကုန်နေရင် မသူတော်အစောင့်ပါ။ မသူတော်မို့ အမဲသွေး ဝက်သွေးတွေကို သောက်မျိုပစ်တာပါ။

နောက်တစ်နည်းကတော့ ကျောက်လက်ဝါးကို မြင့်မြတ်တဲ့အမြင့်တစ်နေရာရာ ဘုရားကျောင်းဆောင်တင်ထားတဲ့စင်ပေါ် နတ်စင်ပေါ်ကို တင်ထားလိုက်ပါ။

သူတော်ကောင်းအစောင့်ရှိတဲ့ ကျောက်လက်ဝါးဟာ ဘုရားကျောင်းဆောင်တင်ထားသော စင်ပေါ် နတ်စင်ပေါ်မှာမနေပဲ ခုန်ချပါလိမ့်မည်။

သူယုတ်မာစောင့်သော ကျာက်လက်ဝါးကတော့ ဘုရားကျောင်းဆောင်တင်တဲ့စင် နတ်စင် ပေါ်ကနေ ခုန်လည်းမချပဲ ဘာသိဘာသာ နေပါလိမ့်မည်။

နောက်တစ်နည်းကတော့ ညအိပ်တဲ့အခါ ကျောက်လက်ဝါးကို မိမိခေါင်းရင်းထားပြီးအိပ်ပါ။သူတော်ကောင်းစောင့်သော ကျောက်လက်ဝါးဟာ

မနက်မှာမိမိခြေရင်းမှာရောက်နေတာကိုတွေ့ရပါလိမ့်မည်။ ပိုင်ရှင်ရဲ့ဦးခေါင်းပိုင်းမြင့်မြတ်တဲ့နေရာမှာ မနေတဲ့သဘောပါ။

သူယုတ်မာစောင့်တဲ့ကျောက်လက်ဝါးကတော့ ထုံးစံအတိုင်း ဘာသိဘာသာပါပဲ။ နောက်တစ်နည်းကတော့ ကျောက်လက်ဝါးကို

အိမ်မှာ သူ့ချည်းပဲထားခဲ့ပြီး အိမ်သူအိမ်သားတွေအားလုံး အပြင်ထွက်ပြီး တစ်နေရာရာကနေ မသိမသာလေး ချောင်းကြည့်နေပါ

သူတော်ကောင်းစောင့်တဲ့ကျောက်လက်ဝါးက သူ့ဘာသာသူငြိမ်ငြိမ်လေးနေပြီး အိမ်အနီးအနား အိမ်ထဲ ကို ခိုးဝှက်ဖို့ မသမာစိတ်နဲ့ လာတဲ့သူကို

အရိပ်အယောင် သိသာမြင်သာအောင် ကြောက်လန့်အောင်ပြုလုပ်ပြပြီး အိမ်ထဲမဝင်ရောက်နိုင်အောင် စောင့်ရှောက်ပေးပါသည်။

အိမ်သူအိမ်သားတစ်ဦးဦးကိုလည်း အိမ်အနီးမှာ လူစိမ်းကပ်နေတာကိုသိအောင် ညှို့တတ် အရိပ်နိမိတ်ပေးပါသည်။

သူယုတ်မာစောင့်ကျောက်လက်ဝါးကတော့ သူ့ချည်းထားခဲ့ကြည့်ပါက အိမ်နံရံ ထရံ အမိုးအကာတွေကို ကျိုးပဲ့ပျက်စီးအောင် ဖျက်ဆီးတတ်ပါသည်။

အိမ်အနီးဝန်းကျင်လာတဲ့ လူ ခွေး နွား တိရစ္ဆာန် အကုန် ဒုက္ခိတကနေ ရောဂါရ သေကျေပျက်စီးတဲ့အထိ လိုက်ပြီးရိုက်သတ်တတ်ပါသည်။

လယ်ယာပိုင်ရှင်များအတွက်တော့ သူတော်ကောင်းစောင့်တဲ့ ကျောက်လက်ဝါးအရှင်ဟာသင့်တော်ပါသည်လယ်ယာမြေအလယ်မှာထားခဲ့ပါ။

ဘယ်လိုအကောင်မျိုးမှလာပြီး အခင်းတွေမဖျက်ရဲတော့ဘူး။ စိုက်ခင်းထဲ ဘယ်လိုတိရစ္ဆာန်မှ ဝင်ပြီးမစားသောက်ရဲပါဘူး။

ကြောက်လန့်အောင်ခြောက်လှန့်မောင်းလွှတ်ဘေးဖယ်ထုတ်ပေးပါသည်။ မသူတော်အစောင့်ကတော့ လဲအောင် လိုက်ရိုက်တယ်ပေါ့။

ညာဘက် ကျောက်လက်ဝါးအရှင်ဟာ သိဒ္ဓိထူးရှိပြီး သူတော်ကောင်းစောင့်ပါသည်။ ပိုင်ရှင့်အကျိုး အထူးဆောင်ရွက် အကူအညီပေးပါသည်။ သိမ်မွေ့နူးညံ့ပါသည်။

ဘယ်ဘက်ကျောက်လက်ဝါးအရှင်ကတော့ သိဒ္ဓိထူးရှိပေမယ့်လို့ သူယုတ်မာအစောင့်ဖြစ်တာကြောင့် ပိုင်ရှင်ကိုဒုက္ခပေးပြီး ကြမ်းတမ်းရက်စက်ယုတ်မာပါသည်။

ထိုလက်ဝါးကတော့ အောက်လမ်းဆရာများအတွက် အကြိုက်ပေါ့ဗျာ။ စကားမစပ် အချို့သောအောက်လမ်းဆရာများကကောင်းသောကျောက်လက်ဝါးများကို

အရိုင်းစိတ်သွင်းပြီး ခိုင်းစေတာတွေလည်း ရှိပါသည်။ ကျောက်လက်ဝါးအသေကတော့သိဒ္ဓိထူးမရှိတဲ့သာမန်ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုပါပဲ။

Credit

Zawgyi

ရမယ္ဆို လူေတာင္သတ္ယူၾကမယ့္ ေက်ာက္လက္ဝါးဆိုတာ ဘာလဲ? ဘယ္လိုစြမ္းလဲ?

ဒီေက်ာက္လက္ဝါး ကိုေက်ာက္နံရံေက်ာက္ကမ္းပါးေရစပ္ေက်ာက္တုံးေတြမွာ အမ်ားဆုံးေတြ႕ရတတ္ပါသည္။

သယံဇာတ သဘာဝက လူသားတစ္ေယာက္ရဲ႕ လက္အတိုင္း အေနအထား၊ အတိုင္းအထြာ၊ အဆစ္အျမစ္၊ အေၾကာေတြကစၿပီး ျဖစ္ေပၚေနတာဟာ

အံ့ဩစရာေကာင္းေလာက္ေအာင္ ပီျပင္လွတာကို ေတြ႕ရပါသည္။ ေက်ာက္သားလို မာေက်ာၿပီးေနပါသည္။

ေက်ာက္တုံးေက်ာက္နံရံေတြမွာ ေတြ႕ရသလို ေျမႀကီးအတြင္းမွာလည္း တူးေဖာ္လို႔ရတတ္ပါသည္။ေက်ာက္တုံး၊

ေက်ာက္ကမ္းပါး၊ ေက်ာက္နံရံေတြနဲ႔ ေရစပ္မွာရတဲ့ ေက်ာက္လက္ဝါးရဲ႕အနံ႔ဟာညႇီတယ္႐ိုင္းတယ္အလြယ္တကူယူလို႔မရပါဘူး။

ေျမႀကီးထဲကရတဲ့ ေက်ာက္လက္ဝါးက ေျမသင္းနံ႔သင္းတယ္၊ ယဥ္တယ္၊ အသက္မပါတဲ့ သစ္သီး၊ သစ္ဥ၊ သစ္ဖုေတြ ေကြၽးၿပီး သုံးတတ္ရင္ အသုံးဝင္လို႔ အေဆာင္ထားၾကပါသည္။

ေက်ာက္လက္ဝါးရတဲ့လူေတြဟာ စိတ္ေစတနာေကာင္းေသာ သူေတာ္ေကာင္းေတြဆိုရင္ ေျမႀကီးထဲကရတဲ့ ေက်ာက္လက္ဝါးကို

ေရစင္ေအာင္ေဆးေၾကာၿပီး အသက္မပါတဲ့ ေပါက္ေပါက္တို႔၊ ဖြဲႏုတို႔နဲ႔ အစာေကြၽးေဆာင္ထားၿပီး နာက်င္ကိုက္ခဲတဲ့ ေဝဒနာခံစားရသူေတြကို

ႏွိပ္ေပးရင္ေဝဒနာေပ်ာက္ကင္းပါသည္အ႐ိုးေရာဂါအေၾကာေရာဂါရွိသူေတြကို ႏွိပ္နယ္ေပးရင္ ေပ်ာက္ကင္းပါသည္။

ေကာင္းတဲ့ေနရာမွာလည္း အခ်ိဳ႕ေသာလူမ်ားကလည္း အသုံးျပဳတတ္တာေတြလည္း ရွိတတ္ပါသည္

သူယုတ္မာေတြရဲ႕လက္ထဲေရာက္တဲ့ေက်ာက္လက္ဝါးဆိုရင္ အသားငါးေတြေကြၽးလို႔ အိမ္မွာ အခိုင္းအေစသေဘာနဲ႔ထားၿပီး သူယုတ္မာစိတ္ထားနဲ႔

ဘယ္သူ႔ကို ေသေအာင္ေၾကေအာင္ ႐ိုက္သတ္လိုက္စမ္း က်ိဳးပဲ့ေအာင္လုပ္လိုက္စမ္း ဘယ္သူ႔ပစၥည္းသြားဖ်က္စီးလိုက္စမ္း၊ ေျခာက္လွန႔္လိုက္စမ္းလို႔ ခိုင္းၾကတယ္။

အစာမွန္မွန္မေကြၽး၊ မႏိုင္ဘဲေဆာင္ထားရင္ ခိုင္းတဲ့လူကို ျပန္အႏၲရာယ္ေပးတတ္ေသးတယ္လို႔ ၾကားဖူးပါသည္။ ေအာက္လမ္းဆရာေတာင္

ေက်ာက္လက္ဝါးအ႐ိုင္း ပိုင္ဆိုင္တဲ့ ေအာက္လမ္းဆရာဆိုရင္ ႐ိုး႐ိုးေအာက္လမ္းဆရာထက္ ပိုၿပီး တန္ခိုးထြားတာေတြလည္း ေတြ႕ျမင္ဘူးပါသည္။

ေက်ာက္လက္ဝါးတိုင္းလည္း ထူးျခားသည့္ တန္ခိုးမ်ားေတာ့ မရွိၾကပါဘူး။ ေက်ာက္လက္ဝါးမွာ အေသရယ္ အရွင္ရယ္ ဆိုၿပီး ႏွစ္မ်ိဳးရွိပါသည္

အရွင္မွာေတာ့ ေစာင့္ေရွာက္ေသာ အေစာင့္အေရွာက္ရွိတတ္ၿပီးေတာ့ အေသမွာေတာ့ ဘာအေစာင့္အေရွာက္မွ မရွိၾကပါဘူး။

ေစာင့္ေရွာက္ေသာ အေစာင့္အေရွာက္ဆိုသည္မွာလည္း ေကာင္းေသာအေစာင့္အေရွာက္နဲ႔မေကာင္းေသာအေစာင့္အေရွာက္ဆိုၿပီး ႏွစ္မ်ိဳးလည္း ရွိျပန္ပါသည္။

အကယ္၍ မိမိမွာ ေက်ာက္လက္ဝါးတစ္ခု ပိုင္ဆိုင္ခဲ့ပါက ေက်ာက္လက္ဝါးကို အရွင္လားအေသလားအရင္ဆုံးခြဲျခားရပါလိမ့္မည္။

ခြဲျခားနည္းကေတာ့ ထမင္းအိုးႏွပ္တဲ့အခါမွာ ထမင္းအိုးအဖုံးေပၚကို ေက်ာက္လက္ဝါးတင္ထားလိုက္ပါအဖုံးေပၚကေနခုန္ဆင္းသြားမယ္ဆိုရင္ေတာ့

အဲဒီ ေက်ာက္လက္ဝါးဟာ အရွင္ျဖစ္ပါသည္။ ေနာက္တစ္နည္းရွိပါေသးသည္။ ေက်ာက္လက္ဝါးကိုစားပြဲေပၚတင္… ေဆးလိပ္မီးနဲ႔လိုက္တို႔ၾကည့္လိုက္ပါ။

အရွင္ဆိုရင္ သံလိုက္အဖိုနဲ႔အမ တြန္းကန္သလို ေက်ာက္လက္ဝါးဟာ ေဆးလိပ္မီးကိုေရွာင္ကြင္းၿပီးေတာ့ ဆုတ္ဆုတ္သြားပါလိမ့္မည္။

ေနာက္ထပ္တစ္နည္းကေတာ့ ေက်ာက္လက္ဝါးကို နိမ့္တဲ့ေနရာမွာထား ေရေႏြးပူကိုျမင့္တဲ့ေနရာကေန ေလာင္းလိုက္ပါ။ ေက်ာက္လက္ဝါးက ခုန္ေရွာင္ရင္ အသက္ရွိပါသည္။

အရွင္လို႔ သတ္မွတ္ႏိုင္ပါသည္။ အခ်ိဳ႕ေသာ ေက်ာက္လက္ဝါးမ်ားသည္ နည္းနည္းမ်ား ရွက္တတ္လို႔မ်ားေတာ့ မသိဘူး

အထက္ပါအတိုင္း စမ္းသပ္နည္းျဖင့္ စမ္းသပ္လို႔လည္း ဘယ္လိုမွ ထူးျခားမႈမျပသည့္ ေက်ာက္လက္ဝါးအရွင္ေတြလည္း ရွိတတ္ပါေသးသည္။

အဲ့အခါ ေနာက္ဆုံးနည္းလမ္းတစ္ခုနဲ႔ စမ္းသပ္ရပါေတာ့သည္။ အဲ့နည္းကေတာ့ ေက်ာက္လက္ဝါးကို ခိုင္ခံ့တဲ့သံေသတၱာ သစ္သားေသတၱာ တစ္ခုခုထဲထည့္ၿပီး ေသေသခ်ာခ်ာ အလုံပိတ္ထားၿပီး ေသာ့ခတ္ထားပါ။

မနက္ကတည္းစၿပီး တစ္ေန႔လုံးပိတ္ထားပါ။ ည လူေျခတိတ္ၿပီး အိပ္ခ်ိန္ေလာက္ၾကရင္ ေသတၱာထဲကေန တဝုန္းဝုန္း တဒုံးဒုံးနဲ႔ ဆူဆူညံညံ အသံေတြေပးပါလိမ့္မယ္။

အဲလိုအသံေတြေပးၿပီဆိုရင္ ေသာ့ဖြင့္ၿပီး ေသတၱာအဖုံးလွပ္ေပးလိုက္ပါ။ ေက်ာက္လက္ဝါးဟာ ေသတၱာထဲကေန သူ႔အလိုလို ခုန္ထြက္သြားပါလိမ့္မည္။

ဒါဆိုရင္ေတာ့ ေက်ာက္လက္ဝါးအရွင္ အစစ္ပါပဲ။ သို႔ေသာ္လည္း အရွင္ျဖစ္ၿပီးဆို႐ုံနဲ႔လည္း မၿပီးေသးပါဘူး

အေစာင့္အေရွာက္က အေကာင္းလား အဆိုးလား ၾကည့္ရျပန္ပါေတာ့သည္။ ၾကက္အရွင္တစ္ေကာင္နဲ႔ ေက်ာက္လက္ဝါးကို ေတာင္းနဲ႔ဖိအုပ္ထားပါ။

ေနာက္ေန႔ နံနက္ေတာင္းဖြင့္ၾကည့္လို႔ ၾကက္မေသရင္ေတာ့ ေစာင့္ေသာအေစာင့္မွာ ေကာင္းေသာ သူေတာ္ေကာင္းအေစာင့္ျဖစ္ၿပီး ၾကက္ေသေနရင္ေတာ့ ဆိုး႐ြားေသာ အေစာင့္ျဖစ္ပါသည္။

ေနာက္တစ္နည္းကေတ့ာ အမဲေသြး ဝက္ေသြး ကို ပန္းကန္ထဲထည့္ ေက်ာက္လက္ဝါးနဲ႔အတူထားၿပီး အုပ္ေဆာင္းနဲ႔အုပ္ထားပါ။

ေနာက္ေန႔ လွန္ၾကည့္လို႔ ေသြးေတြကုန္ေနရင္ မသူေတာ္အေစာင့္ပါ။ မသူေတာ္မို႔ အမဲေသြး ဝက္ေသြးေတြကို ေသာက္မ်ိဳပစ္တာပါ။

ေနာက္တစ္နည္းကေတာ့ ေက်ာက္လက္ဝါးကို ျမင့္ျမတ္တဲ့အျမင့္တစ္ေနရာရာ ဘုရားေက်ာင္းေဆာင္တင္ထားတဲ့စင္ေပၚ နတ္စင္ေပၚကို တင္ထားလိုက္ပါ။

သူေတာ္ေကာင္းအေစာင့္ရွိတဲ့ ေက်ာက္လက္ဝါးဟာ ဘုရားေက်ာင္းေဆာင္တင္ထားေသာ စင္ေပၚ နတ္စင္ေပၚမွာမေနပဲ ခုန္ခ်ပါလိမ့္မည္။

သူယုတ္မာေစာင့္ေသာ က်ာက္လက္ဝါးကေတာ့ ဘုရားေက်ာင္းေဆာင္တင္တဲ့စင္ နတ္စင္ ေပၚကေန ခုန္လည္းမခ်ပဲ ဘာသိဘာသာ ေနပါလိမ့္မည္။

ေနာက္တစ္နည္းကေတာ့ ညအိပ္တဲ့အခါ ေက်ာက္လက္ဝါးကို မိမိေခါင္းရင္းထားၿပီးအိပ္ပါ။သူေတာ္ေကာင္းေစာင့္ေသာ ေက်ာက္လက္ဝါးဟာ

မနက္မွာမိမိေျခရင္းမွာေရာက္ေနတာကိုေတြ႕ရပါလိမ့္မည္။ ပိုင္ရွင္ရဲ႕ဦးေခါင္းပိုင္းျမင့္ျမတ္တဲ့ေနရာမွာ မေနတဲ့သေဘာပါ။

သူယုတ္မာေစာင့္တဲ့ေက်ာက္လက္ဝါးကေတာ့ ထုံးစံအတိုင္း ဘာသိဘာသာပါပဲ။ ေနာက္တစ္နည္းကေတာ့ ေက်ာက္လက္ဝါးကို

အိမ္မွာ သူ႔ခ်ည္းပဲထားခဲ့ၿပီး အိမ္သူအိမ္သားေတြအားလုံး အျပင္ထြက္ၿပီး တစ္ေနရာရာကေန မသိမသာေလး ေခ်ာင္းၾကည့္ေနပါ

သူေတာ္ေကာင္းေစာင့္တဲ့ေက်ာက္လက္ဝါးက သူ႔ဘာသာသူၿငိမ္ၿငိမ္ေလးေနၿပီး အိမ္အနီးအနား အိမ္ထဲ ကို ခိုးဝွက္ဖို႔ မသမာစိတ္နဲ႔ လာတဲ့သူကို

အရိပ္အေယာင္ သိသာျမင္သာေအာင္ ေၾကာက္လန႔္ေအာင္ျပဳလုပ္ျပၿပီး အိမ္ထဲမဝင္ေရာက္ႏိုင္ေအာင္ ေစာင့္ေရွာက္ေပးပါသည္။

အိမ္သူအိမ္သားတစ္ဦးဦးကိုလည္း အိမ္အနီးမွာ လူစိမ္းကပ္ေနတာကိုသိေအာင္ ညႇိဳ႕တတ္ အရိပ္နိမိတ္ေပးပါသည္။

သူယုတ္မာေစာင့္ေက်ာက္လက္ဝါးကေတာ့ သူ႔ခ်ည္းထားခဲ့ၾကည့္ပါက အိမ္နံရံ ထရံ အမိုးအကာေတြကို က်ိဳးပဲ့ပ်က္စီးေအာင္ ဖ်က္ဆီးတတ္ပါသည္။

အိမ္အနီးဝန္းက်င္လာတဲ့ လူ ေခြး ႏြား တိရစာၦန္ အကုန္ ဒုကၡိတကေန ေရာဂါရ ေသေက်ပ်က္စီးတဲ့အထိ လိုက္ၿပီး႐ိုက္သတ္တတ္ပါသည္။

လယ္ယာပိုင္ရွင္မ်ားအတြက္ေတာ့ သူေတာ္ေကာင္းေစာင့္တဲ့ ေက်ာက္လက္ဝါးအရွင္ဟာသင့္ေတာ္ပါသည္လယ္ယာေျမအလယ္မွာထားခဲ့ပါ။

ဘယ္လိုအေကာင္မ်ိဳးမွလာၿပီး အခင္းေတြမဖ်က္ရဲေတာ့ဘူး။ စိုက္ခင္းထဲ ဘယ္လိုတိရစာၦန္မွ ဝင္ၿပီးမစားေသာက္ရဲပါဘူး။

ေၾကာက္လန႔္ေအာင္ေျခာက္လွန႔္ေမာင္းလႊတ္ေဘးဖယ္ထုတ္ေပးပါသည္။ မသူေတာ္အေစာင့္ကေတာ့ လဲေအာင္ လိုက္႐ိုက္တယ္ေပါ့။

ညာဘက္ ေက်ာက္လက္ဝါးအရွင္ဟာ သိဒၶိထူးရွိၿပီး သူေတာ္ေကာင္းေစာင့္ပါသည္။ ပိုင္ရွင့္အက်ိဳး အထူးေဆာင္႐ြက္ အကူအညီေပးပါသည္။ သိမ္ေမြ႕ႏူးညံ့ပါသည္။

ဘယ္ဘက္ေက်ာက္လက္ဝါးအရွင္ကေတာ့ သိဒၶိထူးရွိေပမယ့္လို႔ သူယုတ္မာအေစာင့္ျဖစ္တာေၾကာင့္ ပိုင္ရွင္ကိုဒုကၡေပးၿပီး ၾကမ္းတမ္းရက္စက္ယုတ္မာပါသည္။

ထိုလက္ဝါးကေတာ့ ေအာက္လမ္းဆရာမ်ားအတြက္ အႀကိဳက္ေပါ့ဗ်ာ။ စကားမစပ္ အခ်ိဳ႕ေသာေအာက္လမ္းဆရာမ်ားကေကာင္းေသာေက်ာက္လက္ဝါးမ်ားကို

အ႐ိုင္းစိတ္သြင္းၿပီး ခိုင္းေစတာေတြလည္း ရွိပါသည္။ ေက်ာက္လက္ဝါးအေသကေတာ့သိဒၶိထူးမရွိတဲ့သာမန္ေက်ာက္ျဖစ္႐ုပ္ႂကြင္းတစ္ခုပါပဲ။

Credit