Knowledge
ချစ်သူက စနေသားသမီးလေးဆိုရင် သိထားသင့်တဲ့အချက်များ
စနေသားသမီးတွေက လူ့ဘဝကို စရောက်ပြီ ဆိုကတည်းက စိတ်ကြီးတတ်ကြပါတယ် …။
ဒေါသဖြစ်ပြီ ဆိုရင်လည်း ကိုယ့်အသားကို နာကျင်အောင် လုပ်ရရင် လုပ်ရ၊ မလုပ်ရရင် မကျေနပ်တဲ့ သူကို တစ်ခုခု လုပ်တတ်ပါတယ် …။
စနေ သားသမီးလေးတွေ ကို ချစ်သူတော်မယ် ဆိုရင်
သူတို့လေးတွေဟာ ပြောချင်တဲ့စကားကို သွယ်ဝိုက် မပြောတတ်ဘဲ တိုက်ရိုက် ပွင့်ပွင့်လင်းလင်း ပြောတတ်ကြပါတယ် …။
အစွဲအလန်း ကြီးတယ်။ အမှတ်တရတွေဆို သတိရနေတတ်တယ်။ ကိုယ့်အပေါ် ကောင်းတဲ့လူဆိုရင် လွယ်လွယ်နဲ့ မမေ့တတ်ကြပါဘူး …။
ဒေါသကြီးရင်လည်း သူများနဲ့ မတူအောင်ပါပဲ။ စိတ်ကြီးတယ် မဟုတ်မခံတတ်ဘူး။ အချိန် ခဏလေးနဲ့ ဒေါသအရမ်း ထွက်တတ်ပေမယ့် ဟုန်းခနဲ ထတောက်တဲ့မီးလို ဒေါသတွေက ခဏပါပဲ …။
ကြာကြာတော့ စိတ်ထဲမထားတတ်ဘူး။ ကိုယ့်ရှေ့မှာ သတ္တဝါလေးတွေမြင်ရင် ချစ်တတ်တယ်။ သနားတတ်တဲ့ စိတ်ထားရှိကြတယ်။ မျက်နှာတည်ပြီး ရင်ထဲမှာတော့ တကယ် ခင်တတ်တဲ့ စိတ်ထား အပြည့်အဝ ရှိကြပါတယ်။
အနေအေးမယ့် ကိုယ့်ကို လာခင်တဲ့ လူတွေနဲ့ဆို ဖော်ရွေစွာ နေတတ်ပါတယ်။ သူငယ်ချင်းတွေရဲ့ အချစ် ခင်မင်မှုတွေကိုလည်း လိုချင်တတ်ကြတယ် …။
မိသားစုဝင်တွေရဲ့ ဂရုစိုက်မှုကိုလည်း ခံချင်ကြတာလည်း စနေ ပါ။ စိတ်ဆိုးနေရင် မျိုသိပ်မထားတတ်ဘူး ဖွင့်ပြောမိတတ်တယ် …။
ပြောပီးရင်လည်း အကြောင်းတစ်ခုကို အပြန်ပြန်အလှန်လှန် စဉ်းစားတတ်ပြီး စိတ်မကောင်း ဖြစ်နေတတ်တာလည်း စနေလေးတွေ ပါပဲ …။
ချစ်သူနဲ့ဖြစ်ဖြစ် သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ် ရန်ဖြစ်ပြီး မခေါ်ကြရင် ကိုယ်က ဘယ်တော့မှ အရင်စ မခေါ်ချင်ကြဘူး။ မာနအိုးတွေပါ။ သူ့ဘက်က စခေါ်ပြီဆိုရင်လည်း သူ့ထက် နှစ်ဆ ခင်မင်ပြတတ်တယ်။ ခင်ရတဲ့သူတွေကို ကိစ္စတွေတိုင်း မပြောပြတတ်ကြဘူး …။
အချို့သော အရာတွေကို လျှို့ဝှက်ထားတတ်တယ်။ ကိုယ်လုပ်တဲ့ ကိစ္စတွေတိုင်းကို လက်ကြောတင်းအောင် အကောင်းဆုံး လုပ်ကြပါတယ်။ ကိုယ်လုပ်ထားတဲ့ အရာတွေကို အကောင်းပြောတာလည်း ခံချင်ကြပါတယ် …။
သီချင်းတွေ ဒဏ္ဍာရီစိတ်ကူးယဉ် ဆန်ဆန်တွေကို နှစ်သက်ကြတယ်။ တခါတလေ တယောက်ထဲရှိရင် သီချင်းတွေ ညည်းနေတတ်တယ်။ အိမ်မက်တွေကိုလည်း အမျိုးမျိုးအထအန ကောက်တတ်ကြတယ်။
အမျှော်အမြင်ကြီးတယ်။ တိုးတက်ချင်တဲ့ စိတ်တွေ အင်မတန် ရှိတယ်။ စိတ်သဘောထား ကောင်းတတ်ကြတာ စနေတွေပါပဲ …။
ကယ် စနေလေးတွေ…မှန်တယ် ဆိုရင် ရှယ်သွားပေးအုံးနော် …။ ။
Credit – Yamone Phyu Phyu
zawgyi