အသည်းရောင်အသားဝါနှင့် မြန်မာဆေးနည်း..
အသည်းရောင်တာ နှစ်မျိုးရှိပါတယ် ၊ ရိုးရာတိုင်းရင်းဆေးပညာရှုထောင့်က သုံးသပ်တဲ့အခါ ၁ – ရုတ်တရက်ဖြစ်လာတဲ့ရောဂါ ၊ ၂ – နာတာရှည် တငွေ့ငွေ့ တအိအိ နဲ့ ဖြစ်လာတဲ့ရောဂါတို့ပဲပေါ့ ။ရုတ်တရက် ဖြစ်လာတဲ့ အသည်းရောဂါ သူက အစာမချေ ၊ အစာမကြေရာက စပြီး ဖြစ်ပါတယ် ။
အထူးသဖြင့် အသက် ( ၅ ) နှစ် ကနေ( ၁၄ ) နှစ်ကြား ကလေးငယ်တွေမှာ အဖြစ်များပါတယ် ။ ဖြစ်ချိန်မှာတော့.. တော်တော်အခံရခက်ပါတယ် ၊ ပြင်းထန်တယ် ၊ မှန်မှန်ကန်ကန်ကုလိုက်ရင် ၁ – လွယ်လင့်တကူ ပျောက်ကင်းသွားမယ်။
၂ – ကျေနပ်စရာ ကောင်းတာက အသည်းနဲ့ပတ်သက်ပြီး သူ့မှ..ာ ခံနိုင်ရည်စွမ်းရည် ရင့်ကျက် မြင့်တက်လာတော့ နောက်တစ်ကြိမ်ဖြစ်ဖို့ တော်တော်လေးခဲယဉ်းသွားပါတယ် ။ ဒါက စံနစ်တကျ ကုသတတ်ဖို့ အရေးကြီးပါတယ် ။
နာတာရှည် အ သည်းရောဂါ – နာတာရှည် အသည်းရောဂါ က တော်တော် သတိထားပြီး ကုရမှာဖြစ်ပါတယ်။များသောအားဖြင့် အသက် ၃၀ နဲ့ ၄၀ ကျော် ဝန်းကျင်မှာ ပိုပြီး အဖြစ်များပါတယ် ။ နာတာရှည် အသည်းရောဂါ ဘာ့ကြောင့်ဖြစ် – အကြောင်းခံ အချက် အများချည်းထဲက ( ၇ ) ချက် လောက်ကိုပဲ အသိပေး ပြောချင်ပါတယ်။
အသည်းရောဂါကို တတ်ကျွမ်းသူနဲ့ စံနစ်တကျ မကုဘူးဆိုရင် အသည်းဟာ ကျစ်သွားမယ် ၊ ကျုံ့ သွားမယ် ၊ ချူံ့သွားမယ် ၊ ခြောက်သွားတာမျိုးထိ ဖြစ်တတ်ပါတယ် ။ ရိုးရာ မြန်မာ့ဆေးပညာမှာတော့ ဖျဉ်းဆိုတာဖြစ်ပြီး အသည်းကင်ဆာထိ ဖြစ်နှိုင်ပါတယ် ။
ဖြစ်စေတဲ့ အကြောင်းတွေကတော့ – ၁ – အရက်အလွန်အကျွံ သောက်ခြင်း ၊( နှစ်ရှည်လများ သောက်တတ်တဲ့ သူတွေမှာ ဖြစ်တတ်ပါတယ် ။)၂ – အသည်းမှာ အဆီ နဲ့ အဆီဖုံးနေသူများ ( နေ့စဉ် အကြွပ် ၊ အပွ ၊ အရွကြော် စားသူတွေ မှာလည်း ဖြစ်တတ်ပါတယ် ။) ၃ – မသန့်ရှင်းတဲ့ အစာ အာဟာရ ၊ မှိုတက်တဲ့ အစာ ၊ မှိုတက်ဆေးဝါး တွေ စားသုံးသူတွေ မှာ အဖြစ်များပါတယ် ။
၄ – အသည်းရောင်ပိုး တွေဟာ သွေး – သွေး ချင်း ကူးနိုင်ပါတယ် ။ ၅ – ချွေး ၊တံတွေး ၊ သုက် သွေး ၊ ဒါတင်မက တစ်ကိုယ်ရေ သန့်စင်ပစ္စည်းတွေဖြစ်တဲ့ မုတ်ဆိတ်ရိပ် ဓား ၊ ဆံပင်ရိတ်ဓား ၊ လက်သည်းညှပ် ၊ သောက်ရေခွက် စတဲ့ပစ္စည်းတွေကလည်း ကူးတတ်ပါတယ် ။
၆ – မူးယစ်ထုံထိုင်းဆေးဝါး သုံးစွဲရာကလည်း ကူးစက်တတ်ပါတယ် ။ ၇ – တာရှည်ဝမ်းကိုက်ခြင်း ၊ ဝမ်း ပျက် ခြင်းကို အချိန်မီ မထိန်းသိမ်းတတ်ရင် အသည်းကရောင်ပြီး ပိုးမျိုးစုံနဲ့ ဒုက္ခပေးတတ်ပါတယ် ..။အသည်းရောင် အသားဝါ လက္ခဏာ – ၁ – လူက နုံးခွေတတ်တယ် ၊ အားနည်းလာပြီး လုပ်ချင် ကိုင်ချင်စိတ်မရှိ ဖြစ်မယ် ၊ မောပန်းလာမယ် ။
၂ – ကိုယ်အလေးချိန်ကျမယ် ။ ၃ – အသက်ရှု မဝဘူး ။ ၄ – အရေပြားတွေ ယားယံမယ် ။ ၅ – ရင်ပြည့် ရင်ကယ်ဖြစ်မယ် ။ ( အစာ နည်းနည်း စားလိုက်ရုံနဲ့ ရင်ဘတ်ကော့ပြီး အနေကျဉ်းကြပ် တတ်ပါတယ် ။) ၆ – ညာဘက်နံရိုးအောက်မှာ မာပြီး တောင့်နေတာ ရှိတတ်တယ် ။ ၇ – ရေ သောက်လိုစိတ်နည်းပြီး သောက်ရင်လည်း အန်လိုစိတ်ပေါ်တတ်တယ် ။
ဒီလိုရောဂါလက္ခဏာတွေ ဖြစ်လာရင် အသည်းရောင်စ ပြုနေပြီ ၊ အသည်းကို အသက်အတွက် ချွေမသွားဘဲ နဲ့ အ သက်ရဲ့ အရံအတားအဖြစ် အသည်းကို စောင့်ရှောက်တတ်ဖို့အလွယ်ကူဆုံး အထိရောက်ဆုံး ဖြစ်တဲ့ မီးဖိုချောင်ကို ဆေးခန်းလို့ မြင်ပြီး အိမ်တွင်းမှာ ကုလို့ ရမယ့် အချက်လေးတွေကို ဒီနေရာမှာ အတွေ့အကြုံနဲ့ ပေါင်းစပ်ပြီးကူညီလမ်းညွှန်မှု ပေးချင်ပါတယ် ။
ကုသနည်း – အသည်းက ကျစ် ၊ ရောင် ၊ မာ ၊ ရှုံ့ သွားတာမှာ ဘယ်လိုပဲ ဖြစ်ပါစေ အရသာ သုံးမျိုးက အသည်းအတွက် ပဓာန အကျဆုံး ဖြစ်ပါတယ် ။ ၁ – အချဉ် ဖျော့ဖျော့ ၊ ၂ – အခါး ၊ ၃ – အေးတဲ့ အစာ ၊ ချဉ်၊ ခါး ၊ အေး ကို အလှည့်ကျ စားပေးရင် အသည်းအတွက် အကောင်းဆုံး ကာကွယ်နည်း ဖြစ်သလို ကု သရာလည်း ရောက်ပါတယ် ။
အချဉ် – အသည်းအတွက် အချဉ် က မြန်မာတိုင်းရင်းဆေး ရှု ထောင့်က ကြည့်ရင် မက်လင်ချဉ် ဟာ အကောင်းဆုံးဖြစ်ပါတယ် ။ မက်လင်ချဉ်ကို ထန်း လျက် ၃ လုံးနဲ့ ပွက်ပွက်ဆူအောင်ပြုတ် ၊ ဆား မီးဖုတ်ထည့်ပြီး နံ နက် ည တစ်ဖန်ခွက်စီ သောက်ပေးခြင်းနဲ့ အချဉ် ဓာတ်ကို ဖြည့်ဆည်းပေးရာ ရောက်ပါတယ် ။
အခါး – အခါးမှာ တောင်ဆီးဖြူနဲ့ ခန်းတောက်မြစ်ဟာ အသည်းရောင်နဲ့ အသည်းပိုးတွေအတွက် ကာကွယ်ရာလည်းကျ ၊ စောင့် ရှောက်ရာလည်း ရောက်ပါတယ် ။ တောင်ဇီးဖြူ နှစ်ပင်ကို ထန်းလျက် ၂ ခဲ နဲ့ ပြုတ် ၊ ဆားမီးဖုတ်ထည့် ပြီး သောက်ပါ ။ ခန်းတောက်မြစ်လည်း ဒီလိုပဲ ထန်းလျက် သင့်ရုံ ဆားမီးဖုတ် အနည်းငယ်တို့နဲ့ ပြုတ်သောက်ပါ ။
ရေချိုးတဲ့ အခါမှာ အခါးရွက် ပြုတ်ရည် ထည့်ချိုးပါ ။တင်းတောင့်ခြင်း ၊ ရောင်ယမ်းခြင်း ၊ လေးလံခြင်း တို့ သက်သာပျောက်ကင်းနိုင်ပါတယ် ။ အအေး – အအေးစာအ နေနဲ့ကတော့ ကျောက်ဖရုံသီး ဟင်းချို ချက်သောက်မယ် ၊ ၊ ဗူးသီးနုနု ၊ သခွားသီး နုနု ၊ ဖရဲသီး ချို လေးတွေ ကို စားပေးရပါမယ် ။
ကန်ဇွန်းရိုးနီ ၊ ဗူးညွန့် ၊ ခဝဲညွန့် ၊ ဂေါ်ရခါးညွန့် တို့ကိုလည်း ပြုတ် ၊ သုပ် ၊ ဟင်းချို အဖြစ် စားနိုင်ပါတယ် ။ ကြော်မစားသင့်ပါ ။အထက်က ပြောခဲ့တဲ့ အရ သာ သုံးမျိုးကို စားတဲ့အခါ အချဉ် (၃ )ရက် ၊ အခါး ( ၃) ရက် ၊ အအေး ( ၃)ရက် ပေါင်း( ၉ ) ရက် စားမယ် ။အဲ့သလိုချည်း အလှည့်ကျ စားပေးနေမယ်ဆိုရင် ကာကွယ်ရာလည်း ကျသလို ကုသရာလည်းရောက်ပါတယ် ။
credit – မူရင်း