သင်လုံးဝ သိဦးမှာမဟုတ်တဲ့ အနမ်းပေးခြင်းရဲ့ ကောင်းကျိုးများ
အနမ်းဆိုတာ တစ်ဦးနဲ့တစ်ဦးအရေပြားချင်းထိတွေ့လိုက်ရုံ တစ်ခုတည်းတ်ငမဟုတ်ပါဘူး။
အနမ်းတစ်ပွေ့ကြောင့် လူသားတွေရဲ့ ခန္ဓာကိုယ်ကျန်းမာရေးတင်သာမကဘဲနဲ့
စိတ်ကျန်းမာရေးကိုပါ အထောက်အကူဖြစ်စေတယ်ဆိုတာ သိပါသလား။
ဘာတွေများဖြစ်မလဲ ကြည့်လိုက်ရအောင်။
(၁) အရေးအကြောင်းအတွက် အလုပ်လုပ်စရာမလိုတော့ဘူး။
အနမ်းပေးခြင်းဟာ မျက်နှာကြွက်သားများအတွက် အကျိုးဖြစ်စေပါတယ်တဲ့။
ဒါကိုတော့ American Journal of Medicine ဂျာနယ်မှာ ဖော်ပြထားတာပါ။
အနမ်းတစ်ကြိမ်ပေးလိုက်ခြင်းဟာ မျက်နှာကြွက်သား ၂၄ ခုနဲ့ postural ကြွက်သား ၁၁၂ ခုတို့ကို
အလုပ်လုပ်စေတဲ့အတွက်ကြောင့် မျက်နှာအတွက်သီးသန့် နုပျိုအဆီကျအောင်
ယောဂလေ့ကျင့်လန်းတွေကို သီးသန့်လုပ်စရာမလိုတော့ပါဘူး။
(၂) အသားအရေအတွက် ကောင်းကျိုးပေးတယ်။ အနမ်းပေးတဲ့အခါ ရှက်ပြီးတော့ မျက်နှာပူလာခြင်းဟာ
မျက်နှာအသားအရေအတွက် သွေးလှည့်ပတ်မှုကိုအားကောင်းစေလို့
အသားအရေစိုပြေလှပစေပြီး glow စေပါတယ်။
ဘာကြောင့်လဲဆိုရင် သွေးလှည့်ပတ်မှုအားကောင်းစေခြင်းက collagen နဲ့ elastin ဓာတ်ကို ထုတ်လွှင့်ပေးလို့ပါပဲ။
(၃) ကယ်လိုရီကျစေတယ်။ အနမ်းပေးချိန် ၁ မိနစ်ကြာတိုင်း ၂ မှ ၂၆ ကယ်လိုရီလောက်
လောင်ကျွမ်းစေပါတယ်တဲ့လေ။
(၄) စိတ်ဖိဆီးမှုလျော့ကျစေခြင်း။ အနမ်းပေးခြင်းဟာ oxytocin ဓာတ်ကို ထုတ်လွှတ်ပေးပါတယ်။
ဒါဟာ အချစ်ရေးနဲ့ပတ်သက်ပြီး စိတ်ဖိဆီးမှုကို လျော့နည်းစေနိုင်တဲ့ ဓာတ်တစ်ခုပဲဖြစ်ပါတယ်။
ဒါကြောင့် နမ်းလိုက်တာနဲ့ ပြဿနာတွေရဲ့ အကုန်လုံးနီးပါးကို ဖြေရှင်းပြီးသလိုဖြစ်စေမှာပါ။
(၅) ဓာတ်မတည့်မှုတွေကိုသက်သာစေတယ်။ Allergy လို့ခေါ်တဲ့ ဓာတ်မတည့်မှုကြောင့် ဖြစ်တတ်တဲ့
အဖုအပိမ့်တွေနဲ့ အသက်ရှူကြပ်တာတွေကို နမ်းခြင်းက သက်သာစေပါတ်ဆိုပြီးပြောထားပါတယ်။
(၆) Microbiome တွေကို ထုတ်ပေးနိုင်တယ်။
ပြင်သစ်အနမ်း ၁၀ စက္ကန့်လောက် နမ်းလိုက်ရုံနဲ့ ဘတ်တီးရီးယားပေါင်း
သန်း ၈၀ လောက် ဖလှယ်နိုင်တာကတော့ အမှန်တရားပါပဲ။
ဒါပေမဲ့ ဒါတင်မဟုတ်ဘဲန့ microbiome လို့ခေါ်တဲ့ ကျန်းမာတဲ့ဘတ်တီးရီးယားတွေကိုလည်း
ပေါက်ဖွားစေတာကြောင့် ကိုယ်ခံအားကောင်းစေမှာပါတဲ့။
Unicode
သင်လုံးဝ သိဦးမှာမဟုတ်တဲ့ အနမ်းပေးခြင်းရဲ့ ကောင်းကျိုးများ
အနမ်းဆိုတာ တစ်ဦးနဲ့တစ်ဦးအရေပြားချင်းထိတွေ့လိုက်ရုံ တစ်ခုတည်းတ်ငမဟုတ်ပါဘူး။
အနမ်းတစ်ပွေ့ကြောင့် လူသားတွေရဲ့ ခန္ဓာကိုယ်ကျန်းမာရေးတင်သာမကဘဲနဲ့
စိတ်ကျန်းမာရေးကိုပါ အထောက်အကူဖြစ်စေတယ်ဆိုတာ သိပါသလား။
ဘာတွေများဖြစ်မလဲ ကြည့်လိုက်ရအောင်။
(၁) အရေးအကြောင်းအတွက် အလုပ်လုပ်စရာမလိုတော့ဘူး။
အနမ်းပေးခြင်းဟာ မျက်နှာကြွက်သားများအတွက် အကျိုးဖြစ်စေပါတယ်တဲ့။
ဒါကိုတော့ American Journal of Medicine ဂျာနယ်မှာ ဖော်ပြထားတာပါ။
အနမ်းတစ်ကြိမ်ပေးလိုက်ခြင်းဟာ မျက်နှာကြွက်သား ၂၄ ခုနဲ့ postural ကြွက်သား ၁၁၂ ခုတို့ကို
အလုပ်လုပ်စေတဲ့အတွက်ကြောင့် မျက်နှာအတွက်သီးသန့် နုပျိုအဆီကျအောင်
ယောဂလေ့ကျင့်လန်းတွေကို သီးသန့်လုပ်စရာမလိုတော့ပါဘူး။
(၂) အသားအရေအတွက် ကောင်းကျိုးပေးတယ်။ အနမ်းပေးတဲ့အခါ ရှက်ပြီးတော့ မျက်နှာပူလာခြင်းဟာ
မျက်နှာအသားအရေအတွက် သွေးလှည့်ပတ်မှုကိုအားကောင်းစေလို့
အသားအရေစိုပြေလှပစေပြီး glow စေပါတယ်။
ဘာကြောင့်လဲဆိုရင် သွေးလှည့်ပတ်မှုအားကောင်းစေခြင်းက collagen နဲ့ elastin ဓာတ်ကို
ထုတ်လွှင့်ပေးလို့ပါပဲ။