အချစ်ကံခေလွန်းသည့် မိန်းကလေးများ ဖတ်ဖို့
အချစ်ကံခေလွန်းသည့် မိန်းကလေးများ ဖတ်ဖို့ (ဒီစာလေးကိုဖတ်ပြီးလို့ သင်နဲ့တူနေရင် သင်ဟာ စိတ်ထားကောင်းသူဆိုတာ သေချာပါတယ်)စိတ်ထားကောင်းတဲ့ မိန်းကလေးတွေက အချစ်ကံခေကြတာ များပါတယ်။သင်က စိတ်ထားကောင်းတော့ သင်ချစ်ခဲ့သူတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။
ဒါပေမဲ့ သူတို့ကကျတော့ သင့်အပေါ် ဘာလို့ မကောင်းရတာလဲ။ဒါပေမဲ့ ကမ္ဘာကြီးမှာ ဆိုးတဲ့ယောက်ျားတွေချည်းပဲ ရှိတာမဟုတ်ပါဘူး။ သင့်ရဲ့ ဝေဒနာတွေ လျော့ပါးသက်သာစေဖို့ ဒီအချက်လေးတွေကို သိထားဖို့ လိုပါတယ်။
၁။ သင့်မှာ ပြဿဿနာရှိနေတာ မဟုတ်ဘူး
အချစ်ကံခေတဲ့အတွက် ကိုယ့်ကိုကိုယ်ယုံကြည်မှု မပျောက်ပါနဲ့။ ရွေးချယ်မှု မှားခဲ့တာကလွဲလို့ သင်ဘာအများမှ မလုပ်ခဲ့ပါဘူး။
သူ သင့်ကို ထားမသွားခင်တုန်းကလိုပဲ သင်ဟာ လှနေတုန်း၊ ထက်မြက်နေတုန်းပါ။ အဲဒီတော့ ကိုယ့်ကိုကိုယ် သံသယမဖြစ်ပါနဲ့။
၂။ လူတိုင်း အသည်းကွဲဖူးတယ်
အသည်းကွဲတဲ့ ဝေဒနာကို သင်မခံစားချင်လို့ မရဘူး။ အဲဒီတော့ ခံစားစရာရှိတာ ခံစားလိုက်ပါ။ လူတိုင်း အသည်းခွဲခံရဖူးတယ်။ သင့်ကို အသည်းခွဲသွားသူလည်း တစ်နေ့ အသည်းခွဲခံရမှာပဲ။
၃။ ယောက်ျားတိုင်း အဲဒီလို မဟုတ်ဘူး
သင်တွေ့တဲ့ ယောက်ျားတိုင်းက သင့်ကို အသည်းခွဲမယ့်သူတွေလို့ မထင်ပါနဲ့။ တချို့ယောက်ျားတွေက သင့်ရဲ့ ရည်းစားဟောင်းတွေနဲ့ လုံးဝမတူပါဘူး။
၄။ တစ်နေ့ကျရင် ပျော်ရွှင်ရမှာပါ
သင်တကယ်လိုချင်တဲ့ ချစ်သူမျိုး ရသွားချိန်မှာတော့ အတိတ်ကို သင်လွမ်းနေတော့မှာ မဟုတ်ပါဘူး။ သူတို့တွေကြောင့်သာ ကိုယ့်အပေါ် တကယ်ကောင်းမယ့်သူကို သင်ရှာနိုင်ခဲ့တာပေါ့။
၅။ နောက်တစ်ခါ အဖြစ်မခံပါနဲ့
ကိုယ့်အပေါ် ကောင်းတာတစ်ချက်တည်းနဲ့ သေချာမစူးစမ်းဘဲ ချစ်သူ မထားပါနဲ့။ မျက်စိဖွင့် နားစွင့်ထားပြီး သေချာအကဲခတ်ပါ။
၆။ အရမ်းမကောင်းနဲ့
ကိုယ့်အပေါ် အမှိုက်သရိုက်လို ဆက်ဆံနေတဲ့သူကို ဒုတိယအခွင့်အရေးတွေ၊ တတိယအခွင့်အရေးတွေ ပေးမနေပါနဲ့။ အဲဒီလို လူမျိုးကို သင့်ဘဝထဲက မောင်းထုတ်လိုက်ပါ။
၇။ နောက်တစ်ခါချစ်ဖို့ မကြောက်ပါနဲ့
ကိုယ့်ဘဝ အဖော်မွန်ကို ရှာတွေ့တဲ့အခါ သင့်ခံစားချက်တွေ အားလုံး ပြောင်းလဲသွားပါလိမ့်မယ်။ အသည်းခွဲခံရမှာကို သင်ကြောက်ရွံ့နေရတော့မှာ မဟုတ်ဘူး။ သူက သင့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါလိမ့်မယ်။
၈။ အဆုံးသတ္မဟုတ္ဘူး
ယောက်ျားတစ်ယောက် သင့်ကို ပစ်သွားချိန်မှာ သင့်ကို ချဉ်းကပ်ဖို့ စောင့်နေသူက အမြဲရှိနေမှာပါပဲ။ ငကန်းသေရင် ငစွေလာမယ်ဆိုတဲ့ စကားအတိုင်း သင့်ရဲ့ အတွေ့အကြုံအရ ပိုကောင်းတဲ့သူကို သင် ရွေးချယ်တတ်သွားမှာပါ။
၉။ ခဏလောက် တစ်ကိုယ်တည်းနေကြည့်လို့ရပါတယ်
လုံးဝကြီး လက်လျှော့လိုက်တာမျိုးတော့ မလုပ်ပါနဲ့။ ပန်းသီးတစ်လုံးမကောင်းတာနဲ့ တစ်ခိုင်လုံး ပစ်စရာမှ မလိုတာ။ သင်လို မိန်းကလေးမျိုးနဲ့ ဒိတ်လုပ်ချင်တဲ့ ယောက်ျားကောင်းတွေ ရှိနေပါသေးတယ်။
Credit: Orginal Writer