သိပ်ချစ်တတ်လွန်းတဲ့သူကို ခဏခဏ အနိုင်မယူပါနဲ့
သူက ငါ့ကို သိပ်ချစ်တာပဲလေ ဘယ်တော့မှ ပစ်မသွားပါဘူးဆိုတဲ့အတွေးမထားနဲ့ အချစ်ကြီးတာကိုပဲ မမြင်ပါနဲ့ အနောက်မှာ အမျက်လဲ ကြီးတတ်တယ် … သိပ်ချစ်တယ်လို့ တဖွဖွပြောနေတုန်းမှာ နဲနဲလေးဖြစ်ဖြစ် ပြန်ပြီး ဂရုစိုက်ပေးဖို့ သတိရပေးပါ လိုအပ်တယ်လို့ပြောနေတုန်းမှာ နဲနဲလေးပဲဖြစ်ဖြစ် အလေးထားပေးပါ မျက်ရည်တွေနဲ့ ဆွဲနေတုန်းမှာ နဲနဲလေးဖြစ်ဖြစ် ပြန်ငဲ့ကြည့်ပေးပါ ။
သူ င့ါကို ချစ်တာပဲ ငါ ဘာလုပ်လုပ် သူခွင့်လွှတ်နေမှာပါဆိုပြီး တစ်ယူသန်ကြီး မတွေးထားနဲ့ လူတစ်ယောက်ဆိုတာ အသွေးနဲ့ အသားနဲ့တည်ဆောက်ထားတာလေ ဘယ်လောက်နူးညံ့တဲ့ စိတ်ထားပဲ ဖြစ်ဖြစ် ဘယ်လောက် ချစ်တတ်တဲ့ နှလုံးသားပဲ ဖြစ်ဖြစ် နာကျင်လွန်းလာတဲ့အခါ အချိန်အတိုင်းအတာ တစ်ခုထိ နာကျင်လာရတဲ့အခါ ထုံအသွားတတ်တယ် ဒါမှ မဟုတ် မာကျောသွားတတ်တယ် ။
ဘာအမှားပဲ လုပ်လုပ် အချိန်တန်ပြန်ရောက်လာမှာပဲဆိုတဲ့ အတွေးရှိရင် အခုကတည်းက ခေါင်းထဲ ထုတ်ထားလိုက်ပါ အချစ်ခံနေရတုန်းမှာ မသိသာပေမယ့်လဲ အပစ်ခံလိုက်ရတဲ့အခါ တကယ်ငိုရတဲ့သူက ကိုယ်ဖြစ်နေတတ်တယ် .. လူလေ ရှိနေတဲ့အရာတွေထက် မရှိတဲ့အရာတွေကို ပိုပြီးတောင့်တတတ်တယ် မဟုတ်လား … ပိုင်ဆိုင်ထားတဲ့အရာထက် မပိုင်ဆိုင်ရသေးတာကို ပိုပြီး မက်မောတတ်တယ် မဟုတ်လား
တစ်နေ့ သိပ်ချစ်တတ်တဲ့ စိတ်တွေ ဆိတ်သုန်းသွားတဲ့ တစ်နေ့ကျရင် ငိုပြီး တားနေလဲ လှည့်ကြည့်တော့မှာ မဟုတ်ဘူး အာခေါင်ခြစ်ခေါ်နေလဲ အဖက်လုပ်ဖြစ်တော့မှာ မဟုတ်ဘူး ကိုယ်ချစ်ပေးနိင်တာထက် ပိုချစ်ပေးခဲ့တာတောင် တန်ဖိုးမထားခံရခြင်းတွေကို ရွံမုန်းမိသွားတဲ့အခါ ဘာကြီးပဲဖြစ်နေဖြစ်နေ ပြန်ချစ်မိတော့မှာ မဟုတ်ဘူးလေ …
သိပ်ချစ်တတ်လွန်းတဲ့သူကို ကျေးဇူးပြုပြီးတော့ အနိုင်သိပ်မယူပါနဲ့ ခဏနိုင်လိုက်ရတာထက် တစ်သက်လုံး ဝမ်းနည်းနေရတတ်တယ် … သူ ကြေကွဲတာထက် ကိုယ်က ပိုကြေကွဲရတတ်တယ် ဝဋ်လည်မယ်ဆိုပြီး ချိန်းခြောက်နေတာ မဟုတ်ဘူးနော် တကယ် ဖြစ်တတ်တဲ့ သဘောတရားကို ချပြတာပါ တစ်နေ့မှာ ကိုယ့်ကို ချစ်တဲ့သူရှိလာတဲ့အခါ တန်ဖိုးထားတတ် စေချင်ရုံလောက်ပါ ။
သျှင်ယွန်း
သိပ္ခ်စ္တတ္လြန္းတဲ့သူကို ခဏခဏ အနိုင္မယူပါနဲ႔
သူက ငါ့ကို သိပ္ခ်စ္တာပဲေလ ဘယ္ေတာ့မွ ပစ္မသြားပါဘူးဆုိတဲ့အေတြးမထားနဲ႔ အခ်စ္ၾကီးတာကိုပဲ မျမင္ပါနဲ႔ အေနာက္မွာ အမ်က္လဲ ၾကီးတတ္တယ္ … သိပ္ခ်စ္တယ္လုိ့ တဖြဖြေျပာေနတုန္းမွာ နဲနဲေလးျဖစ္ျဖစ္ ျပန္ျပီး ဂရုစိုက္ေပးဖုိ့ သတိရေပးပါ လုိအပ္တယ္လုိ ့ေျပာေနတုန္းမွာ နဲနဲေလးပဲျဖစ္ျဖစ္ အေလးထားေပးပါ မ်က္ရည္ေတြနဲ႔ ဆြဲေနတုန္းမွာ နဲနဲေလးျဖစ္ျဖစ္ ျပန္ငဲ့ၾကည့္ေပးပါ ။
သူ င့ါကို ခ်စ္တာပဲ ငါ ဘာလုပ္လုပ္ သူခြင့္လႊတ္ေနမွာပါဆုိျပီး တစ္ယူသန္ၾကီး မေတြးထားနဲ႔ လူတစ္ေယာက္ဆုိတာ အေသြးနဲ႔ အသားနဲ႔တည္ေဆာက္ထားတာေလ ဘယ္ေလာက္နူးညံ့တဲ့ စိတ္ထားပဲ ျဖစ္ျဖစ္ ဘယ္ေလာက္ ခ်စ္တတ္တဲ့ နွလံုးသားပဲ ျဖစ္ျဖစ္ နာက်င္လြန္းလာတဲ့အခါ အခ်ိန္အတုိင္းအတာ တစ္ခုထိ နာက်င္လာရတဲ့အခါ ထံုအသြားတတ္တယ္ ဒါမွ မဟုတ္ မာေက်ာသြားတတ္တယ္ ။
ဘာအမွားပဲ လုပ္လုပ္ အခ်ိန္တန္ျပန္ေရာက္လာမွာပဲဆုိတဲ့ အေတြးရွိရင္ အခုကတည္းက ေခါင္းထဲ ထုတ္ထားလုိက္ပါ အခ်စ္ခံေနရတုန္းမွာ မသိသာေပမယ့္လဲ အပစ္ခံလုိက္ရတဲ့အခါ တကယ္ငိုရတဲ့သူက ကိုယ္ျဖစ္ေနတတ္တယ္ .. လူေလ ရွိေနတဲ့အရာေတြထက္ မရွိတဲ့အရာေတြကို ပိုျပီးေတာင့္တတတ္တယ္ မဟုတ္လား … ပိုင္ဆုိင္ထားတဲ့အရာထက္ မပိုင္ဆုိင္ရေသးတာကို ပိုုျပီး မက္ေမာတတ္တယ္ မဟုတ္လား
တစ္ေန့ သိပ္ခ်စ္တတ္တဲ့ စိတ္ေတြ ဆိတ္သုန္းသြားတဲ့ တစ္ေန့က်ရင္ ငိုျပီး တားေနလဲ လွည့္ၾကည့္ေတာ့မွာ မဟုတ္ဘူး အာေခါင္ျခစ္ေခၚေနလဲ အဖက္လုပ္ျဖစ္ေတာ့မွာ မဟုတ္ဘူး ကိုယ္ခ်စ္ေပးနိင္တာထက္္ ပုိခ်စ္ေပးခဲ့တာေတာင္ တန္ဖိုးမထားခံရျခင္းေတြကို ရြံမုန္းမိသြားတဲ့အခါ ဘာၾကီးပဲျဖစ္ေနျဖစ္ေန ျပန္ခ်စ္မိေတာ့မွာ မဟုတ္ဘူးေလ …
သိပ္ခ်စ္တတ္လြန္းတဲ့သူကို ေက်းဇူးျပဳျပီးေတာ့ အနုိင္သိပ္မယူပါနဲ႔ ခဏနုိင္လုိက္ရတာထက္ တစ္သက္လံုး ၀မ္းနည္းေနရတတ္တယ္ … သူ ေၾကကြဲတာထက္ ကိုယ္က ပိုေၾကကြဲရတတ္တယ္ ၀ဋ္လည္မယ္ဆိုျပီး ခ်ိန္းေျခာက္ေနတာ မဟုတ္္ဘူးေနာ္ တကယ္ ျဖစ္တတ္တဲ့ သေဘာတရားကို ခ်ျပတာပါ တစ္ေန့မွာ ကိုယ့္ကို ခ်စ္တဲ့သူရွိလာတဲ့အခါ တန္ဖုိးထားတတ္ ေစခ်င္ရံုေလာက္ပါ ။
သွ်င္ယြန္း