အသက်၁၉နှစ်အရွယ်Ðo Thi Hà အမည်ရှိတဲ့အခုအလှမယ်ဟာ လယ်သမားတစ်ဦးရဲ့သမီးဖြစ်ပြီး မကြာသေးခင်က Miss Vietnam 2020 အလှမယ်ဖြစ်လာဖို့ အခြားကိုယ်စားလှယ်လောင်း ၃၄ဦးကို ယှဉ်ပြိုင်ကျော်ဖြတ်လာခဲ့တာပါ။

ပြီးခဲ့တဲ့ သောကြာနေ့က ဗီယက်နမ်နိုင်ငံ မြောက်အလယ်ပိုင်းပြည်နယ် Thanh Hoaမြို့က အရပ် ၅ပေ ၈လက်မရှိတဲ့အလှမယ်တစ်ဦးဟာ သရဖူဆောင်းနိုင်ခဲ့ကြောင်း Tuoi Tre News သတင်းကဖော်ပြထားပါတယ်။


Hàဟာ အမျိုးသားစီးပွါးရေးတက္ကသိုလ်မှ ဒုတိယနှစ်ကျောင်းသူတစ်ဦးဖြစ်ပြီး တစ်ဖက်မှာလည်း ဖက်ရှင်အလုပ်လုပ်ကိုင်နေတဲ့အပြင် သူမဟာ နွားပေါက်တွေကို သယ်ဆောင်ပေးတဲ့အလုပ်လည်း လုပ်ကိုင်ပါတယ်။

Hàဟာ ပထမဦးဆုံး NEUကကျင်းပတဲ့အလှပြိုင်ပွဲကိုစဝင်ပြိုင်ခဲ့ပြီး နောက်ဆုံးမှာတော့ ဗီယက်နမ်နိုင်ငံရဲ့အမြင့်ဆုံးဂုဏ်ပြုပြိုင်ပွဲအထိ ပါဝင်နိုင်ခဲ့ပါတယ်။Hàဟာ Ho Chi Minh Cityမှာပြုလုပ်ကျင်းပတဲ့အလှပြိုင်ပွဲကြီးမှာ ပန်းဦးသရဖူဆောင်းနိုင်ဖို့ သူမကိုယ်ပိုင်စုဆောင်းငွေတွေကို အသုံးပြုပြီးမှ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ

Miss Vietnam 2020 ပြိုင်ပွဲဝင်အဖြစ် Hàရဲ့ခရီးတစ်လျှောက်မှာ သူမရဲ့မိဘတွေနဲ့ ဇာတိမြို့ဟာ သူမရဲ့အနိုင်ရရှိမှုအတွက် အရမ်းထောက်ခံပေးကြပြီး အရမ်းလည်း စိတ်လှုပ်ရှားနေခဲ့ကြပါတယ်။



သရဖူအပြင် Hàဟာ ဗီယက်နမ်ဒေါင် သန်း၃၅၀(ဒေါ်လာ ၁၅,၁၀၀) နဲ့ Miss World 2020 မှာ ဗီယက်နမ်ကိုယ်စားပြုမယ့်အလှမယ်နေရာကို ရရှိခဲ့ပါတယ်။Pham Ngoc Phuong Anh နဲ့ Nguyen Le Ngoc Thao ဗီယက်နမ်အလှမယ်ဟောင်းတို့နဲ့Hàကို တွေ့ရမှာပါ။

Hàကို ကိုယ့်ကိုကိုယ်ငယ်ရွယ်တဲ့မိန်းကလေးတွေအတွက် စံပြတစ်ဦးလို့ထင်ပါသလားလို့ မေးတော့ သူမဟာ လူငယ်တွေအတွက် စံပြဖြစ်ဖြစ် မဖြစ်ဖြစ် လူငယ်တွေကိုတော့ အမြဲလှုံ့ဆော်ပေးရမယ်လို့ထင်တယ်လို့ ပြန်ဖြေထားပါသေးတယ်။



