ၾကားသိရသမွ်

လက္မ်ားမပါဘဲ ေမြးဖြားလာခဲ့ေပမယ့္ အရည္အခ်င္းျပည့္ဝတဲ့ ပန္းခ်ီအႏုပညာရွင္တစ္ဦးျဖစ္လာခဲ့သူ

ပန္းခ်ီကားမ်ားေရးဆြဲၿပီး အရည္အခ်င္းျပည့္ဝတဲ့ အႏုပညာရွင္တစ္ဦးျဖစ္လာခဲ့တဲ့ လက္မပါဘဲေမြးဖြားလာခဲ့တဲ့ မိန္းကေလး

လက္မ်ားမပါဘဲ ေမြးဖြားလာတဲ့ အႏုပညာရွင္တစ္ဦးဟာ သူမရဲ႕ ေမးေစ့နဲ႔ လက္ေမာင္းၾကားမွ စုတ္တံကို ကိုင္ၿပီး bluebird ပုံ ရဲ႕အံ့ၾသဖြယ္ပန္းခ်ီကားတစ္ခ်ပ္ကို ဖန္တီးေရးဆြဲႏိုင္ခဲ့ပါတယ္ ။

 

အရည္အခ်င္းရွိတဲ့ Zuly Sanguino အမည္ရွိ မိန္းကေလးတစ္ဦးဟာ ကိုလံဘီယာႏိုင္ငံ၊ Bogota ရွိ အသက္ ၃၀ အ႐ြယ္ရွိၿပီး

သူမဟာ ( Tetra-amelia syndrome ) လို႔ေခၚတဲ့ လုံးဝမဖြံ႕ၿဖိဳးႏိုင္ေသာ ရွားပါးမ်ိဳး႐ိုးဗီဇနဲ႔ ေမြးဖြားလာခဲ့ပါတယ္ ။

သို႔ေပမဲ့ သူမ မသန္စြမ္းေသာ္လည္း Zuly က ၄ ႏွစ္အ႐ြယ္မွာ ပန္းခ်ီဆြဲျခင္းကို စတင္ခဲ့ၿပီး ယခုမွာအရည္အခ်င္းျပည့္ဝတဲ့ အႏုပညာရွင္တစ္ဦး ျဖစ္လာခဲ့ပါတယ္ ။

Zuly က သူမပါးစပ္နဲ႔ လက္ေမာင္းၾကားမွ စုတ္တံကိုကိုင္ၿပီး ၎အံ့ၾသဖြယ္ေကာင္းတဲ့ တိရစာၦန္မ်ားနဲ႔ ပန္းမ်ားကို ဖန္တီးေရးဆြဲခဲ့ပါတယ္ ။

စြဲမက္ဖြယ္ေကာင္းတဲ့ ဗီဒီယိုတစ္ခုမွာ Zuly က bluebird ရဲ႕ လွပတဲ့ အေသးစိတ္ပန္းခ်ီကားတစ္ခ်ပ္ေရးဆြဲရာမွာ ၿပီးစီးေနတာကို ေတြ႕ရပါတယ္ ။

Zuly က“ ကြၽန္မအတြက္ မျဖစ္ႏိုင္တဲ့အရာကို သက္ေသျပႏိုင္ဖို႔ ဒီဗြီဒီယိုကို လူတိုင္းအတြက္ ေဝမွ်ခ်င္ပါတယ္။

ကြၽန္မက ေျခလက္မပါတဲ့ အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ ကြၽန္မလုပ္ခ်င္တာကို လုပ္ႏိုင္တယ္ဆိုတာကို လူေတြကို ျပခ်င္မိခဲ့တယ္ ” လို႔ သူမဆိုခဲ့ပါတယ္ ။

ေနာက္ၿပီး “ စုပ္တံကို ကိုင္ရင္းနဲ႔ငါ့လည္ပင္း၊ ေမး႐ိုးနဲ႔ေနာက္ေက်ာေတြ နာက်င္တာေၾကာင့္ ေဆးျခယ္တာက ႐ုပ္ပိုင္းဆိုင္ရာေရာ

စိတ္ပိုင္းဆိုင္ရာေရာ ႀကီးမားတဲ့ အားထုတ္မႈတစ္ခုပါ ။ ဒါေပမယ့္ ဒီျပသနာေတြကို ကြၽန္မလုပ္ႏိုင္ေအာင္ ႀကိဳးစားခဲ့တယ္ ။

ပုံမွန္အားျဖင့္ ပန္းခ်ီကားေသးေသးေလးတစ္ခုေလာက္ၿပီးေအာင္ဆိုရင္ ကြၽန္မအတြက္ တစ္ပတ္ခန႔္ၾကာႏိုင္တယ္ ” လို႔ Zuly က ထပ္မံဆိုခဲ့ပါတယ္ ။

ဒါေၾကာင့္ ငါတို႔မွာ အျခားေသာသူေတြလို မျပည္စုံေပမဲ့ ျပည့္စုံတဲ့ သူေတြလို ေအာင္ျမင္ႏိုင္ဖို႔ဆိုရင္ အဓိကဆုံးအရာက ကြၽန္ေတာ္တို႔ရဲ႕ ႀကိဳးစားအားထုတ္မႈနဲ႔ စိတ္ဆုံးျဖတ္ခ်က္ပါဘဲ ။ (Credit)

Unicode

ပန်းချီကားများရေးဆွဲပြီး အရည်အချင်းပြည့်ဝတဲ့ အနုပညာရှင်တစ်ဦးဖြစ်လာခဲ့တဲ့ လက်မပါဘဲမွေးဖွားလာခဲ့တဲ့ မိန်းကလေး

လက်များမပါဘဲ မွေးဖွားလာတဲ့ အနုပညာရှင်တစ်ဦးဟာ သူမရဲ့ မေးစေ့နဲ့ လက်မောင်းကြားမှ စုတ်တံကို ကိုင်ပြီး bluebird ပုံ ရဲ့အံ့သြဖွယ်ပန်းချီကားတစ်ချပ်ကို ဖန်တီးရေးဆွဲနိုင်ခဲ့ပါတယ် ။

အရည်အချင်းရှိတဲ့ Zuly Sanguino အမည်ရှိ မိန်းကလေးတစ်ဦးဟာ ကိုလံဘီယာနိုင်ငံ၊ Bogota ရှိ အသက် ၃၀ အရွယ်ရှိပြီး

သူမဟာ ( Tetra-amelia syndrome ) လို့ခေါ်တဲ့ လုံးဝမဖွံ့ဖြိုးနိုင်သော ရှားပါးမျိုးရိုးဗီဇနဲ့ မွေးဖွားလာခဲ့ပါတယ် ။

သို့ပေမဲ့ သူမ မသန်စွမ်းသော်လည်း Zuly က ၄ နှစ်အရွယ်မှာ ပန်းချီဆွဲခြင်းကို စတင်ခဲ့ပြီး ယခုမှာအရည်အချင်းပြည့်ဝတဲ့ အနုပညာရှင်တစ်ဦး ဖြစ်လာခဲ့ပါတယ် ။

Zuly က သူမပါးစပ်နဲ့ လက်မောင်းကြားမှ စုတ်တံကိုကိုင်ပြီး ၎င်းအံ့သြဖွယ်ကောင်းတဲ့ တိရစ္ဆာန်များနဲ့ ပန်းများကို ဖန်တီးရေးဆွဲခဲ့ပါတယ် ။

စွဲမက်ဖွယ်ကောင်းတဲ့ ဗီဒီယိုတစ်ခုမှာ Zuly က bluebird ရဲ့ လှပတဲ့ အသေးစိတ်ပန်းချီကားတစ်ချပ်ရေးဆွဲရာမှာ ပြီးစီးနေတာကို တွေ့ရပါတယ် ။

Zuly က“ ကျွန်မအတွက် မဖြစ်နိုင်တဲ့အရာကို သက်သေပြနိုင်ဖို့ ဒီဗွီဒီယိုကို လူတိုင်းအတွက် ဝေမျှချင်ပါတယ်။

ကျွန်မက ခြေလက်မပါတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ကျွန်မလုပ်ချင်တာကို လုပ်နိုင်တယ်ဆိုတာကို လူတွေကို ပြချင်မိခဲ့တယ် ” လို့ သူမဆိုခဲ့ပါတယ် ။

နောက်ပြီး “ စုပ်တံကို ကိုင်ရင်းနဲ့ငါ့လည်ပင်း၊ မေးရိုးနဲ့နောက်ကျောတွေ နာကျင်တာကြောင့် ဆေးခြယ်တာက ရုပ်ပိုင်းဆိုင်ရာရော

စိတ်ပိုင်းဆိုင်ရာရော ကြီးမားတဲ့ အားထုတ်မှုတစ်ခုပါ ။ ဒါပေမယ့် ဒီပြသနာတွေကို ကျွန်မလုပ်နိုင်အောင် ကြိုးစားခဲ့တယ် ။

ပုံမှန်အားဖြင့် ပန်းချီကားသေးသေးလေးတစ်ခုလောက်ပြီးအောင်ဆိုရင် ကျွန်မအတွက် တစ်ပတ်ခန့်ကြာနိုင်တယ် ” လို့ Zuly က ထပ်မံဆိုခဲ့ပါတယ် ။

ဒါကြောင့် ငါတို့မှာ အခြားသောသူတွေလို မပြည်စုံပေမဲ့ ပြည့်စုံတဲ့ သူတွေလို အောင်မြင်နိုင်ဖို့ဆိုရင် အဓိကဆုံးအရာက ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ စိတ်ဆုံးဖြတ်ချက်ပါဘဲ ။

Credit