ပရဟိတ အရက္သမားေအာင္ေဖ ႏွင့္ တခ်ိန္က ေရြႊမႏၲေလးရဲ႕ဂႏၲဝင္ေျမာက္ ယမကာလုလင္ႀကီးမ်ားအေၾကာင္း
ေအာင္ေဖေတာ့ ေညာင္းသြားၿပီ
ငယ္ငယ္တုန္းက ခဏခဏ ၾကားဖူးတဲ့စကား အခုမွဘဲ အဓိပၸါယ္ေသခ်ာသိရေတာ့တယ္။ မႏၲေလးဆိုတာဂႏၲဝင္ ယမကာသမား မ်ားေပၚထြန္းရာၿမိဳ႕
(Since –1886)Mandalay Rum ဆိုတာ က်ဳံးေရနဲ႔ ခ်က္မွ ရတဲ့ ကမာၻ႔ No. 1ျဖစ္ခဲ့တဲ့ Firstclass….ဗ်။
အိမ္ေရွ႕မင္းထန္းေတာဆိုတာ ျပည္တြင္းစစ္ႀကီး ျဖစ္တဲ့အခ်ိန္မွာ ဗ.က.ပ ေရာ ၊ ဗမာ့ တပ္မေတာ္ေရာ ဒီေနရာ မွာ စခန္းမခ်ဖို႔ နဲ႔ မီးမရႈိ႕ဖို႔ ႏွစ္ဖက္နားလည္မႈ႕ ယူၿပီး ထန္းေရေသာက္ရာေနရာ။ ၿငိမ္ခ်မ္းေရး ဖိုရမ္ စစ္ကင္းမဲ့ဇုန္ႀကီးေပါ့။
ထန္းေနာင္းေခါက္ သဘာဝစိမ္ရည္နဲ႔ ခ်က္တဲ့ ေတာင္ကုန္းႀကီး ေတာအရက္ဆိုတာ မေသာက္ဖူး သမွ်၊ ေအာင္ပင္လယ္ မုေယာစပါးနဲ႔ခ်က္တဲ့ ဆန္အရက္ မေသာက္ဘူးသမွ် ကိုယ့္ကိုကိုယ္ ဂႏၲဝင္ဆန္တဲ့ အရက္သမားပါလို႔ မႏၲေလးမွာ လာေျပာခြင့္မရွိဘူး။
BEDC လို႔ေခၚတဲ့ 3 in 1 Degree Of Alchol ကို လူတန္းစားမခြဲျခားဘဲ တစ္ေယာက္တစ္ပိုင္း လစ္မစ္နဲ႔ေရာင္းတဲ့ ကေလးသူငယ္ေတြ ဝယ္ခြင့္မရွိတဲ့ Cs2a အရက္ျဖဴဆိုင္ စစ္စစ္ေတြသာ ရွိတဲ့ၿမိဳ႕။
ဒါးတန္းက ဘိလပ္ရည္ စိမ္းစိမ္းေလးနဲ႔ေရာေသာက္ရင္ မင္း ေယာက်ာ္းမဟုတ္ဘူးလားလို႔ အေမးခံရတဲ့ၿမိဳ႕ ။ဒီၿမိဳ႕က အရက္သမားေတြက စည္းကမ္းရွိတယ္။
ဂႏၲဝင္ဆန္တယ္။ညေန ေနညိဳ လို႔ ေလၿပိဳလာတဲ့အခါ ဘုံဆိုင္ကိုလာၾကတယ္။ ခြက္ေက်ာ္၊လက္ေက်ာ္ ၊အလွည့္ေက်ာ္ ၾကားျဖတ္ၿပီး တန္းမစီဘူး။
အရွိန္ေလး နည္းနည္း ရလာတဲ့အခါ ကဗ်ာ႐ြတ္ၾကတယ္။သီခ်င္းေရးၾကတယ္။ ရွင္သန္ျခင္းကို ျငင္းခုန္ရာ ေနရာျဖစ္တယ္။ ပစၥည္းမဲ့ လူတန္းစားတို႔ရဲ႕ သမဆိုင္ စစ္စစ္ျဖစ္လို႔ ဘုံဆိုင္ လို႔ ခ်စ္စႏိုးနဲ႔ ေခၚတယ္။
ပရဟိတ အရက္သမားေအာင္ေဖ
ထို ဘုံဆိုင္ထဲ ကို ေရာက္လာတဲ့ အခါ ပိုက္ဆံမပါဘူးလား ? ဖန္ခြက္ တစ္လုံးယူၿပီး ေအာင္ေဖလို႔သာ ေအာ္လိုက္ .. ေဘးဝိုင္းက အရက္သမားေတြ က နည္းနည္းစီ ဒါနပါရမီ လာျဖည့္ေပးၾကလိမ့္မယ္။
ကိုယ့္ မေသာက္ႏိုင္ေတာ့ရင္ေတာ့ စားပြဲေပၚမွာ ေသာက္လက္စ ခြက္ကိုေမွာက္ထား ။ ”တေယာက္ေတာ့ ေညာင္းသြားရွာၿပီလို႔ “က်န္တဲ့ အရက္သမားေတြက နားလည္ေပးၿပီး ကိုယ့္အလွည့္ကို ေက်ာ္ၿပီး ေသာက္ေပးရွာတယ္။
စားပြဲေပၚမွာမူးၿပီး ေမွာက္သြားရွာၿပီ ဆိုရင္ေတာ့ အိမ္အထိေရာက္ေအာင္ ထမ္းပို႔ ၊တြဲေခၚေပးၾကရွာတယ္။ေအာင္ေဖ ဆိုတာ အမွတ္ (၅)ကားကို ေမာင္းတဲ့ ကားဆရာလူပ်ိဳႀကီး တစ္ေယာက္ ေပါ့။ ပရဟိတ အရက္သမား။
ကားသိမ္းၿပီးလွ်င္ ေန႔စဥ္မျပတ္ ဘုံဆိုင္မွာလာလာေသာက္တတ္ၿပီး မရွိဆင္းရဲသား အရက္သမားမ်ားအတြက္ တစ္လုံး လႉတတ္သူ .ဆိုင္မန္ေနဂ်ာ ပက္ခ်ိန္ ထံမွာ ပိုက္ဆံရွင္းေပးထားသူ
ကိုေအာင္ေဖ ကို ေလးစားတဲ့ အရက္သမားေတြဟာ ကိုယ္တတ္ႏိူင္ရာ တစ္ပက္ပဲျဖစ္ျဖစ္ ၊တစ္ပိုင္းပဲျဖစ္ျဖစ္ ေသာက္လို႔ ပိုတဲ့ အရက္ပဲျဖစ္ျဖစ္ ဒါနကုသိုလ္ယူဖို႔ ေအာင္ေဖခရားလို႔ ေခၚတဲ့ ေရေႏြးအိုးထဲမွာ ထည့္ေပးၾကတယ္။
ဒီေန႔ ေသာက္စရာမရွိတဲ့ အရက္သမားဟာ ေအာင္ေဖခရားထဲက အရက္ကို ဖရီးေသာက္ခြင့္ရွိတယ္။
ကိုေအာင္ေဖ ေသေတာ့အသုဘလိုက္ပို႔တဲ့ အရက္သမားေတြ ၊ ေသာက္ေဖာ္ေသာက္ဖက္ေတြဟာ မႀကဳံဖူးေအာင္ စည္ကားခဲ့တယ္တဲ့…။
ဒါဟာ တကယ္အျဖစ္အပ်က္ပါ…။ငါမမူးေသးဘူး…ငါမမူးေသးဘူးဆိုၿပီး …”မႏၲေလးက်ဳံးေရ မခမ္းသမွ် ေပါ့ ”
ဆရာစိုင္းခမ္းလိတ္ သီခ်င္းကို သူတို႔ ဆိုတတ္ၾကတယ္….။
ေလးစားစြာျဖင့္
Credit – NaingLinHanSoe (အဏၰဝါလင္းဟန္)
Unicode
ပရဟိတ အရက်သမားအောင်ဖေ နှင့် တချိန်က ရွှေမန္တလေးရဲ့ဂန္တဝင်မြောက် ယမကာလုလင်ကြီးများအကြောင်း
အောင်ဖေတော့ ညောင်းသွားပြီ
ငယ်ငယ်တုန်းက ခဏခဏ ကြားဖူးတဲ့စကား အခုမှဘဲ အဓိပ္ပါယ်သေချာသိရတော့တယ်။ မန္တလေးဆိုတာဂန္တဝင် ယမကာသမား များပေါ်ထွန်းရာမြို့
(Since –1886)Mandalay Rum ဆိုတာ ကျုံးရေနဲ့ ချက်မှ ရတဲ့ ကမ္ဘာ့ No. 1ဖြစ်ခဲ့တဲ့ Firstclass….ဗျ။
အိမ်ရှေ့မင်းထန်းတောဆိုတာ ပြည်တွင်းစစ်ကြီး ဖြစ်တဲ့အချိန်မှာ ဗ.က.ပ ရော ၊ ဗမာ့ တပ်မတော်ရော ဒီနေရာ မှာ စခန်းမချဖို့ နဲ့ မီးမရှို့ဖို့ နှစ်ဖက်နားလည်မှု့ ယူပြီး ထန်းရေသောက်ရာနေရာ။ ငြိမ်ချမ်းရေး ဖိုရမ် စစ်ကင်းမဲ့ဇုန်ကြီးပေါ့။
ထန်းနောင်းခေါက် သဘာဝစိမ်ရည်နဲ့ ချက်တဲ့ တောင်ကုန်းကြီး တောအရက်ဆိုတာ မသောက်ဖူး သမျှ၊ အောင်ပင်လယ် မုယောစပါးနဲ့ချက်တဲ့ ဆန်အရက် မသောက်ဘူးသမျှ ကိုယ့်ကိုကိုယ် ဂန္တဝင်ဆန်တဲ့ အရက်သမားပါလို့ မန္တလေးမှာ လာပြောခွင့်မရှိဘူး။
BEDC လို့ခေါ်တဲ့ 3 in 1 Degree Of Alchol ကို လူတန်းစားမခွဲခြားဘဲ တစ်ယောက်တစ်ပိုင်း လစ်မစ်နဲ့ရောင်းတဲ့ ကလေးသူငယ်တွေ ဝယ်ခွင့်မရှိတဲ့ Cs2a အရက်ဖြူဆိုင် စစ်စစ်တွေသာ ရှိတဲ့မြို့။
ဒါးတန်းက ဘိလပ်ရည် စိမ်းစိမ်းလေးနဲ့ရောသောက်ရင် မင်း ယောကျာ်းမဟုတ်ဘူးလားလို့ အမေးခံရတဲ့မြို့ ။ဒီမြို့က အရက်သမားတွေက စည်းကမ်းရှိတယ်။
ဂန္တဝင်ဆန်တယ်။ညနေ နေညို လို့ လေပြိုလာတဲ့အခါ ဘုံဆိုင်ကိုလာကြတယ်။ ခွက်ကျော်၊လက်ကျော် ၊အလှည့်ကျော် ကြားဖြတ်ပြီး တန်းမစီဘူး။
အရှိန်လေး နည်းနည်း ရလာတဲ့အခါ ကဗျာရွတ်ကြတယ်။သီချင်းရေးကြတယ်။ ရှင်သန်ခြင်းကို ငြင်းခုန်ရာ နေရာဖြစ်တယ်။ ပစ္စည်းမဲ့ လူတန်းစားတို့ရဲ့ သမဆိုင် စစ်စစ်ဖြစ်လို့ ဘုံဆိုင် လို့ ချစ်စနိုးနဲ့ ခေါ်တယ်။
ပရဟိတ အရက်သမားအောင်ဖေ
ထို ဘုံဆိုင်ထဲ ကို ရောက်လာတဲ့ အခါ ပိုက်ဆံမပါဘူးလား ? ဖန်ခွက် တစ်လုံးယူပြီး အောင်ဖေလို့သာ အော်လိုက် .. ဘေးဝိုင်းက အရက်သမားတွေ က နည်းနည်းစီ ဒါနပါရမီ လာဖြည့်ပေးကြလိမ့်မယ်။
ကိုယ့် မသောက်နိုင်တော့ရင်တော့ စားပွဲပေါ်မှာ သောက်လက်စ ခွက်ကိုမှောက်ထား ။ ”တယောက်တော့ ညောင်းသွားရှာပြီလို့ “ကျန်တဲ့ အရက်သမားတွေက နားလည်ပေးပြီး ကိုယ့်အလှည့်ကို ကျော်ပြီး သောက်ပေးရှာတယ်။
စားပွဲပေါ်မှာမူးပြီး မှောက်သွားရှာပြီ ဆိုရင်တော့ အိမ်အထိရောက်အောင် ထမ်းပို့ ၊တွဲခေါ်ပေးကြရှာတယ်။အောင်ဖေ ဆိုတာ အမှတ် (၅)ကားကို မောင်းတဲ့ ကားဆရာလူပျိုကြီး တစ်ယောက် ပေါ့။ ပရဟိတ အရက်သမား။
ကားသိမ်းပြီးလျှင် နေ့စဉ်မပြတ် ဘုံဆိုင်မှာလာလာသောက်တတ်ပြီး မရှိဆင်းရဲသား အရက်သမားများအတွက် တစ်လုံး လှူတတ်သူ .ဆိုင်မန်နေဂျာ ပက်ချိန် ထံမှာ ပိုက်ဆံရှင်းပေးထားသူ
ကိုအောင်ဖေ ကို လေးစားတဲ့ အရက်သမားတွေဟာ ကိုယ်တတ်နိူင်ရာ တစ်ပက်ပဲဖြစ်ဖြစ် ၊တစ်ပိုင်းပဲဖြစ်ဖြစ် သောက်လို့ ပိုတဲ့ အရက်ပဲဖြစ်ဖြစ် ဒါနကုသိုလ်ယူဖို့ အောင်ဖေခရားလို့ ခေါ်တဲ့ ရေနွေးအိုးထဲမှာ ထည့်ပေးကြတယ်။
ဒီနေ့ သောက်စရာမရှိတဲ့ အရက်သမားဟာ အောင်ဖေခရားထဲက အရက်ကို ဖရီးသောက်ခွင့်ရှိတယ်။
ကိုအောင်ဖေ သေတော့အသုဘလိုက်ပို့တဲ့ အရက်သမားတွေ ၊ သောက်ဖော်သောက်ဖက်တွေဟာ မကြုံဖူးအောင် စည်ကားခဲ့တယ်တဲ့…။
ဒါဟာ တကယ်အဖြစ်အပျက်ပါ…။ငါမမူးသေးဘူး…ငါမမူးသေးဘူးဆိုပြီး …”မန္တလေးကျုံးရေ မခမ်းသမျှ ပေါ့ ”
ဆရာစိုင်းခမ်းလိတ် သီချင်းကို သူတို့ ဆိုတတ်ကြတယ်….။
လေးစားစွာဖြင့်
Credit – NaingLinHanSoe (အဏ္ဏဝါလင်းဟန်)