Covid – 19 တတိယလှိုင်းတွင် လိုအပ်သည့် ဆရာဝန်များအတွက် ကန်ထရိုက်စနစ်ဖြင့် ငှားရမ်းအသုံးပြုမည်ဟု အာဏာသိမ်း စစ်ကောင်စီ၏ ခေါင်းဆောင် ကာကွယ်ရေး ဦးစီးချုပ်မင်းအောင်လှိုင်က ပြောကြောင်း မြဝတီသတင်းဌာနမှ တဆင့် ပြောသည်။
လိုအပ်သည့် ဆရာဝန်များအပြင် လုပ်အားပေး ကူညီပေးမည့်သူများ Volunteer များကိုပါ နေ့စားစနစ်ဖြင့် ငှားရမ်းရန် စီစဥ်ထားကြောင်း၊ မကြာမီ ဖြစ်လာမည်ဟု ၎င်းက ပြောဆိုကြောင်း ဆက်ထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် မေလတတိယအပတ်တွင် ကိုဗစ် တတိယလှိုင်း ဖြစ်ပွားခဲ့ပြီး စာသင်ကျောင်းများ ဇူလိုင်လ ၈ ရက်နေ့တွင်ပိတ်ခဲ့ရသည်။
လက်ရှိအချိန်တွင် ကိုဗစ်ပိုးလူနာ တွေ့ရှိမှုမြင့်တက်လျက်ရှိပြီး သေဆုံးသူလည်းမြင့်တက်လျက်ရှိနေသည်။
ပြည်သူများအနေဖြင့် ကိုဗစ်တတိယလှိုင်းတွင် ကိုဗစ်ရောဂါ ပြဿနာ၊ နှာခေါင်းစီး(Mask) ပြဿနာ၊ အောက်ဆီဂျင် ပြဿနာများကို တနေ့တခြား ဆိုးရွားစွာရင်ဆိုင်ရလျက် ရှိသည်။
ယနေ့ည စစ်ကောင်စီ၏ ထုတ်ပြန်ချက်များအရ ပိုးတွေ့ရှိသူ ၄၃၀၀ ကျော်ရှိပြီး သေဆုံးရသူ ၆၀ ကျော်ရှိကြောင်း သိရသည်။
zawgyi/
Covid – 19 အတွက် ကန်ထရိုက်စနစ်ဖြင့် ဆရာဝန်များ ငှားရမ်းမည်
9 July 2021 By MPA
Covid – 19 တတိယလှိုင်းတွင် လိုအပ်သည့် ဆရာဝန်များအတွက် ကန်ထရိုက်စနစ်ဖြင့် ငှားရမ်းအသုံးပြုမည်ဟု အာဏာသိမ်း စစ်ကောင်စီ၏ ခေါင်းဆောင် ကာကွယ်ရေး ဦးစီးချုပ်မင်းအောင်လှိုင်က ပြောကြောင်း မြဝတီသတင်းဌာနမှ တဆင့် ပြောသည်။
လိုအပ်သည့် ဆရာဝန်များအပြင် လုပ်အားပေး ကူညီပေးမည့်သူများ Volunteer များကိုပါ နေ့စားစနစ်ဖြင့် ငှားရမ်းရန် စီစဥ်ထားကြောင်း၊ မကြာမီ ဖြစ်လာမည်ဟု ၎င်းက ပြောဆိုကြောင်း ဆက်ထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် မေလတတိယအပတ်တွင် ကိုဗစ် တတိယလှိုင်း ဖြစ်ပွားခဲ့ပြီး စာသင်ကျောင်းများ ဇူလိုင်လ ၈ ရက်နေ့တွင်ပိတ်ခဲ့ရသည်။
လက်ရှိအချိန်တွင် ကိုဗစ်ပိုးလူနာ တွေ့ရှိမှုမြင့်တက်လျက်ရှိပြီး သေဆုံးသူလည်းမြင့်တက်လျက်ရှိနေသည်။
ပြည်သူများအနေဖြင့် ကိုဗစ်တတိယလှိုင်းတွင် ကိုဗစ်ရောဂါ ပြဿနာ၊ နှာခေါင်းစီး(Mask) ပြဿနာ၊ အောက်ဆီဂျင် ပြဿနာများကို တနေ့တခြား ဆိုးရွားစွာရင်ဆိုင်ရလျက် ရှိသည်။
ယနေ့ည စစ်ကောင်စီ၏ ထုတ်ပြန်ချက်များအရ ပိုးတွေ့ရှိသူ ၄၃၀၀ ကျော်ရှိပြီး သေဆုံးရသူ ၆၀ ကျော်ရှိကြောင်း သိရသည်