Shoon (Cele Daily)
Unicode
ဟော်တယ်တစ်ခုတွင် သွားရောက်တည်းခိုစဥ် ကုတင်းကျိုးကျသွားသောကြောင့် ဟော်တယ်ပိုင်ရှင်မှ လျှော်ကြေးတောင်းရာ မပေးနိုင်သဖြင့် ဒုက္ခရောက်နေသည့် စုံတွဲ
ယခုလို ထူးထူးခြားခြားအဖြစ်အပျက်လေးကတော့ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှ Lanh Binh Thang 11ရပ်ကွက်မှ ဟော်တယ်တစ်ခုတွင် ဖြစ်ပျက်ခဲ့တယ်ဖြစ်ပါတယ်။စုံတွဲတစ်တွဲဟာ ဟော်တယ်သို့ အနားယူရန်အတွက် လာရောက်ခဲ့ပြီး အိပ်စက်ခဲ့တာဖြစ်ပါတယ်။
ထိုအချိန်တွင် ကုတင်ဟာကျိုးကျသွားခဲ့သောကြောင့် ဟော်တယ်ပိုင်ရှင်မှ လျှော်ကြေးငွေတောင်းခံခဲ့တာဖြစ်ပါတယ်။စုံတွဲဟာလည်း ကုတင်လျှော်ကြေးပေးရန် ငွေကြေးမပါလာသောကြောင့် ပြသနာတွေနှင့် ဒုက္ခရောက်နေခဲ့ရပါတယ်။
စုံတွဲ၏ပြောစကားအရ ကုတင်ဟာ ဟောင်းနွမ်းနေပြီဖြစ်ပြီး ကုတင်တွင်ကပ်ထားသော တိပ်အချို့လည်း တွေ့ရှိရသဖြင့် ဟော်တယ်ပိုင်ရှင်ဟာ ငွေကြေးရယူရန် ကြိုးစားခဲ့တာဟုဆိုပါတယ်။ထိုအကြောင်းအရာများကို ကြားသိသောအခါ လူအချို့တို့ဟာလည်း စုံတွဲမှ အရှက်ပြေပြောဆိုခြင်းမျိုးဖြစ်ပြီး အချို့ကလည်း ဟော်တယ်ပိုင်ရှင်က ငွေရယူရန်ကြိုးစားတာလို့ ထင်ကြေးပေးနေကြပါတယ်။
Shoon (Cele Daily)