လူတစ္ေယာက္ရဲ႕စ႐ိုက္မွာ သူတို႔လုပ္ရပ္အျပဳအမူေလးေတြေပၚမွာ မူတည္ကာ သိရွိႏိုင္သည္။သို႔ျဖစ္၍ တ႐ုတ္ႏိုင္ငံမွ မီးရထားတစ္စီးတြင္ လိုက္ပါစီးနင္းလာေသာ သားအမိႏွစ္ေယာက္မွ မိခင္ျဖစ္သူဧ။္ လုပ္ရပ္ကိုၾကည့္ၿပီး ခ်ီးမြမ္းခဲ့ၾကသည္။
ရထားေပၚတြင္ လူေတြျပည့္ေနၿပီး ၃ႏွစ္အ႐ြယ္ သမီးေလးမွာ ကေလးတို႔ဧ။္ ထုံးစံတိုင္းအၿငိမ္မေနပဲ အရာရာကို စူစမ္းခ်င္သည့္အတြက္ ထိုင္ခုံေပၚတြင္ ဒူးေထာက္လ်က္ႏွင့္ ျပတင္းေပါက္ဖက္ကို ေငးေမာၾကည့္ေနခဲ့သည္။
ထိုစဥ္ သမီးေလးဧ။္ ညစ္ေပေနေသာ ဖိနပ္ႏွင့္ အနားရွိမိန္းကေလးတစ္ဦးအား ကန္မိမည္ကို မိခင္ျဖစ္သူမွ ေတြးမိၿပီး သမီးေလးဧ။္ေျခေထာက္ကိုလက္ႏွင့္ ကိုင္ကာ မထိမိေစရန္ကာထားေပးခဲ့သည္။

အျခားသူမ်ားတြက္ မေတာ္တဆဆိုၿပီး ျဖစ္သြားမည့္ အေသးအဖြဲကိစၥေလးအား မိခင္ျဖစ္သူမွ စာနာစိတ္ထားကာ တစ္ဖက္သားအေပၚ မထိခိုက္ေစခ်င္သည့္ ျမင္ကြင္းေလးမွာ ယဥ္ေက်းေသာအျပဳအမူေကာင္းေလးတစ္ခုပင္ ျဖစ္ေနသည္။
Rain (For Ialinks)
Unicode
မီးရထားစီးနေစဥ် သမီးလေးဧ။် ညစ်ပတ်နေသောဖိနပ်မှာ နံဘေးရှိမိန်းကလေးကို သွားထိမိမည်စိုး၍ လက်လေးနှင့်ကာထားပေးသော မိခင်
လူတစ်ယောက်ရဲ့စရိုက်မှာ သူတို့လုပ်ရပ်အပြုအမူလေးတွေပေါ်မှာ မူတည်ကာ သိရှိနိုင်သည်။သို့ဖြစ်၍ တရုတ်နိုင်ငံမှ မီးရထားတစ်စီးတွင် လိုက်ပါစီးနင်းလာသော သားအမိနှစ်ယောက်မှ မိခင်ဖြစ်သူဧ။် လုပ်ရပ်ကိုကြည့်ပြီး ချီးမွမ်းခဲ့ကြသည်။
ရထားပေါ်တွင် လူတွေပြည့်နေပြီး ၃နှစ်အရွယ် သမီးလေးမှာ ကလေးတို့ဧ။် ထုံးစံတိုင်းအငြိမ်မနေပဲ အရာရာကို စူစမ်းချင်သည့်အတွက် ထိုင်ခုံပေါ်တွင် ဒူးထောက်လျက်နှင့် ပြတင်းပေါက်ဖက်ကို ငေးမောကြည့်နေခဲ့သည်။
ထိုစဥ် သမီးလေးဧ။် ညစ်ပေနေသော ဖိနပ်နှင့် အနားရှိမိန်းကလေးတစ်ဦးအား ကန်မိမည်ကို မိခင်ဖြစ်သူမှ တွေးမိပြီး သမီးလေးဧ။်ခြေထောက်ကိုလက်နှင့် ကိုင်ကာ မထိမိစေရန်ကာထားပေးခဲ့သည်။

အခြားသူများတွက် မတော်တဆဆိုပြီး ဖြစ်သွားမည့် အသေးအဖွဲကိစ္စလေးအား မိခင်ဖြစ်သူမှ စာနာစိတ်ထားကာ တစ်ဖက်သားအပေါ် မထိခိုက်စေချင်သည့် မြင်ကွင်းလေးမှာ ယဥ်ကျေးသောအပြုအမူကောင်းလေးတစ်ခုပင် ဖြစ်နေသည်။
Rain (For Ialinks)



