ၾကားသိရသမွ်

ေအာက္စီဂ်င္ က်ေနတဲ့ သံဃာေတာ္ကို ေဆး႐ုံေတြက လက္မခံလို႔ ပရဟိတ သမားေတြက ေက်ာင္းျပန္ပင့္ၿပီး ကူညီေပးခဲ့ရ

ေအာက္စီဂ်င္ က်ေနတဲ့ သံဃာေတာ္ကို ေဆး႐ုံေတြက လက္မခံလို႔ ပရဟိတ သမားေတြက ေက်ာင္းျပန္ပင့္ၿပီး ကူညီေပးခဲ့ရ

ဇူလိုင္ ( ၂၅ ) ၊ ၂၀၂၁ ခုႏွစ္ ။

ရန္ကုန္ တိုင္းေဒသႀကီး ၊ မဂၤလာဒုံၿမိဳ႕နယ္ ၊ ေဇကမၻာ ဘုရားဝန္းအတြင္းရွိ ဘုန္းႀကီးေက်ာင္းမွ သံဃာတစ္ပါးေအာက္စီဂ်င္ က်ေနလို႔ ပရဟိတသမားေတြက ေဆး႐ုံ ပို႔ေဆာင္ခဲ့ေပမယ့္ ေဆး႐ုံေတြက လက္မခံလို႔ေက်ာင္းျပန္ပင့္ၿပီး လိုအပ္သလို ကူညီ ေပးခဲ့ရတယ္လို႔ အဲ့ေက်ာင္းတိုက္နဲ႔ နီးစပ္တဲ့ အသိုင္း အဝိုင္းဆီက သိရပါတယ္ ။

ဦးဇင္းႀကီး ေအာက္စီဂ်င္ က်ၿပီး ေမာေနလို႔ We Love Yangon-Northokkalapa အဖြဲ႕ကို ဖုန္းဆက္ ေခၚၿပီးအကူအညီ ေတာင္းခဲ့တယ္ ၊ သူတို႔လာၿပီး ေဆး႐ုံ ပို႔ေပးဖို႔ အကူအညီ ေပးတယ္ ၊ ဖုန္းေတြ လည္းဆက္ ကားနဲ႔လည္းသြားၿပီး ေဆး႐ုံတက္ရဖို႔ လုပ္ေပမယ့္ ဘယ္ေဆး႐ုံကမွ လက္ မခံဘူး။

ေအာက္စီဂ်င္ က်ေနရင္ လက္မခံဘူးဆိုေတာ့ ဒီအတိုင္း ေသေအာင္ ေစာင့္ေနရမွာလား ၊ We Love Yangon-Northokkalapa အဖြဲ႕ကို ေက်းဇူးတင္ပါတယ္ ၊ သူတို႔ တက္နိုင္သေလာက္ အကုန္ လုပ္ေပး သြားတယ္ ” လို႔ အဲ့ဒီ ေက်ာင္းတိုက္နဲ႔ နီးစပ္တဲ့ ဆရာေတာ္က မိန႔္ပါတယ္ ။

က်န္းမာေရး ႏွင့္ အားကစား ဝန္ႀကီးဌာနရဲ့ မန႔က(၂၄.၇.၂၀၂၁) ညပိုင္း ထုတ္ျပန္ခ်က္အရ ျမန္မာနိုင္ငံမွာ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳ လူနာသစ္ (၅,၆၅၇) ဦး ေတြ႕ရွိရၿပီးCOVID-19 ေရာဂါ နဲ႔ ထပ္မံ ေသဆုံးသူ (၂၉၇) ဦး ရွိခဲ့ပါတယ္ ၊ ယေန႔ အထိ ေသဆုံးသူ စုစုေပါင္း (၆,၇၅၆) ဦး ရွိေနၿပီ ျဖစ္တယ္လို႔ သိရပါတယ္ ။

အောက်စီဂျင် ကျနေတဲ့ သံဃာတော်ကို ဆေးရုံတွေက လက်မခံလို့ ပရဟိတ သမားတွေက ကျောင်းပြန်ပင့်ပြီး ကူညီပေးခဲ့ရ

ဇူလိုင် ( ၂၅ ) ၊ ၂၀၂၁ ခုနှစ် ။

ရန်ကုန် တိုင်းဒေသကြီး ၊ မင်္ဂလာဒုံမြို့နယ် ၊ ဇေကမ္ဘာ ဘုရားဝန်းအတွင်းရှိ ဘုန်းကြီးကျောင်းမှ သံဃာတစ်ပါးအောက်စီဂျင် ကျနေလို့ ပရဟိတသမားတွေက ဆေးရုံ ပို့ဆောင်ခဲ့ပေမယ့် ဆေးရုံတွေက လက်မခံလို့ ကျောင်းပြန်ပင့်ပြီး လိုအပ်သလို ကူညီ ပေးခဲ့ရတယ်လို့ အဲ့ကျောင်းတိုက်နဲ့ နီးစပ်တဲ့ အသိုင်း အဝိုင်းဆီက သိရပါတယ် ။

” ဦးဇင်းကြီး အောက်စီဂျင် ကျပြီး မောနေလို့ We Love Yangon-Northokkalapa အဖွဲ့ကို ဖုန်းဆက် ခေါ်ပြီးအကူအညီ တောင်းခဲ့တယ် ၊ သူတို့လာပြီး ဆေးရုံ ပို့ပေးဖို့ အကူအညီ ပေးတယ် ၊ ဖုန်းတွေ လည်းဆက် ကားနဲ့လည်းသွားပြီး ဆေးရုံတက်ရဖို့ လုပ်ပေမယ့် ဘယ်ဆေးရုံကမှ လက် မခံဘူး။

အောက်စီဂျင် ကျနေရင် လက်မခံဘူးဆိုတော့ ဒီအတိုင်း သေအောင် စောင့်နေရမှာလား ၊ We Love Yangon-Northokkalapa အဖွဲ့ကို ကျေးဇူး တင်ပါတယ် ၊ သူတို့ တက်နိုင်သလောက် အကုန် လုပ်ပေး သွားတယ် ” လို့ အဲ့ဒီ ကျောင်းတိုက်နဲ့ နီးစပ်တဲ့ ဆရာတော်က မိန့်ပါတယ်။

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနရဲ့ မနေ့က (၂၄.၇.၂၀၂၁) ညပိုင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၅,၆၅၇) ဦး တွေ့ရှိရပြီး COVID-19 ရောဂါ နဲ့ ထပ်မံ သေဆုံးသူ (၂၉၇) ဦး ရှိခဲ့ပါတယ် ၊ ယနေ့ အထိ သေဆုံးသူ စုစုပေါင်း (၆,၇၅၆) ဦး ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ် ။