ၾကားသိရသမွ်

ယောကျ်ားတွေ တောင့်မခံနိုင်တဲ့မိန်းကလေးတို့ရဲ့ ဆွဲဆောင်မှုအရှိဆုံးအရာများ

ယောကျ်ားတွေ တောင့်မခံနိုင်တဲ့မိန်းကလေးတို့ရဲ့ ဆွဲဆောင်မှုအရှိဆုံးအရာများ

မိန်းကလေးတွေ ဆွဲဆောင်မှု ရှိဖို့ဆိုတာ ခက်မလိုလိုနဲ့ အရမ်းကို ရိုးရှင်းလွန်ပါတယ်။တချို့သူတွေကတော့ ကိုယ်မွေးကတည်းက ပါလာတဲ့အရာကို

ထုတ်မသုံးတတ်ကြတာပါ။မိန်းကလေးတယောက်ကို ဆွဲဆောင်မှု အရှိစေဆုံးသော အရာတွေကတော့ ဒီမှာပါ။

၁) နှုတ်ခမ်း ကိုက်တာ

မိန်းကလေးတွေ နှူတ်ခမ်းကိုက်လိုက်တာဟာ ယောင်္ကျားလေးတယောက်ရဲ့ မေတ္တာတင်မကပဲ နှုတ်ခမ်းတစုံက အာရုံ စူးစိုက်မှုကိုပါ ရရှိစေနိုင်ပါတယ်။

၂) နူးညံ့တဲ့ အသားအရည်အသားရည် နူးညံ့တဲ့ မိန်းကလေးတွေထက် ဆွဲဆောင်မှုရှိတာ ဘာမှမရှိပါဘူး။ဒါကြောင့်ပဲ

wearing a sweater, arranging hair

ရှေးခေတ်ကတည်းက အီဂျစ်လူမျိုးတွေ ရောမလူမျိုးတွေက ခန္ဓာကိုယ် အမွှေးတွေကို ရိတ်ခဲ့ကြတာပါ။

၃) ဆံပင်ကို ရှင်းလင်းနေအောင် ချည်ထားတာ

လည်ပင်းနဲ့ နားရွက်ပေါ်အောင် ဆံပင်စည်းထားတာလေးကလည်း မိန်းကလေး တစ်ယောက်ကို ပိုပြီးတော့ အထာကျစေနိုင်ပါတယ်။

၄) ထူးခြားတဲ့ပုံစံယောကျ်ားလေးတွေက ထူးဆန်းတဲ့ မိန်းကလေးတွေတွေ့ရင် အရမ်းကို ခင်မင်လိုစိတ် ပြင်းပြကြပါတယ်။

ဆန်းသစ် တီထွင်တတ်တဲ့ သူတွေဟာ လူတိုင်းကို ဆွဲဆောင်နိုင်စွမ်း ရှိပါတယ်။

တက်တူး တို့ ဆံပင်အပြာရောင် ဆိုးထားတာတို့ဟာ စကားစပြောဖို့ အခွင့်အရေးပေးတဲ့ အရာတွေပါပဲနော်။၅) ပခုံး အထက်ကနေ လျှပ်တပြတ်ကြည့်လိုက်တာ

ပခုံး အထက်ကနေပြီးတော့ လျှပ်တပြတ် ပဟေဠိဆန်ဆန် ကြည့်လိုက်တာက ယောကျ်ားလေးတွေရဲ့ နှလုံးသားကို တလှပ်လှပ်လုပ်သွားစေတဲ့ အချက်ပါပဲ

၆) ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတာ

ကိုယ့်ကိုကိုယ် လှတယ်လို့ထင်တဲ့ မိန်းကလေးဟာ အခန်းထဲဝင်လိုက်တာနဲ့ ယောကျ်ားလေးတွေအားလုံးရဲ့ မျက်လုံးကို

သံလိုက်နဲ့ ဆွဲလိုက်သလို ကိုယ့်ဆီရောက်အောင် ဆွဲဆောင်လိုက်ပြီးသား ဖြစ်သွားပါတယ်။ယုံကြည်မှု လွန်မကဲသွားဖို့ကိုတော့ တချက် သတိထားရပါမယ် ။၇) သဘာဝဆန်တဲ့ မိတ်ကပ်လိမ်းခြယ်တာ

ယောကျ်ားလေး တော်တော်များများဟာ မိတ်ကပ်ထူထူကြီး လိမ်းတာထက် သဘာဝကျကျ ပြင်ဆင်တာကို ပိုပြီးတော့ သဘောကျလေ့ရှိပါတယ်။

၈) ရိုးသားဖြူစင်တဲ့ရယ်သံ

မိန်းကလေးတွေ တော်တော်များများ ထင်တာကတော့ အရမ်းရယ်လိုက်တာ သူတို့ကို အိန္ဒြေပျက်ပြားစေတယ်ပေါ့ ။အမှန်တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး။

ကိုယ့်ခံစားချက်ကို လွတ်လွတ်လပ်လပ် ဖော်ထုတ်ပြတဲ့ ကောင်မလေးတွေကို ကောင်လေးတိုင်း သဘောကျကြပါတယ်နော်။

Credit