ဗဟုသုတ

ငွေသုံးသိန်းရှိတယ်…ဘာရင်းနှီးရင် ကောင်းမလဲ (အရမ်းကောင်းတဲ့ Idea လေးပါ)

ငွေသုံးသိန်းရှိတယ်…ဘာရင်းနှီးရင် ကောင်းမလဲ (အရမ်းကောင်းတဲ့ Idea လေးပါ)

သိပ်ကောင်းတဲ့ idea တစ်ခုကိုမျှဝေပေးလိုက်ပါတယ်။အရင်းနှီးကိစ္စမတင်ပြခင်။ပြောပြသင့်သည့် အဖြစ်အပျက်တစ်ခုရှိပါတယ်။စတိမ့်ဖော့်(Stanford) တက္ကသိုလ်ကကျောင်းဆရာမဖြစ်သူ။တီနာ ဇီးလစ်(Tina seelig) ဟာကျောင်းသား/သူတွေကိုစိန်ခေါ်မှု တစ်ခုပြုလုပ်လိုက်သည်။ကျောင်းသား/သူတွေကိုအသင်း (၁၄) သင်းဖွဲ့လိုက်သည်။အသင်း (၁)သင်းစီကိုစာအိတ် (၁)အိတ်စီ ပေးသည်။

စာအိပ်ထဲမှာငွေ (၅)ဒေါ်လာထည့်ထားသည်။(မြန်မာငွေ ကျပ်= ၆၅၀၀ ဝန်းကျင်)ငွေ(၅)ဒေါ်လာထဲနှင့်ကိုယ့်အိုင်ဒီယာကိုယ် သုံးပြီး။အရင်းအနှီးလုပ်ခိုင်းမည်။စည်းကမ်း သတ်မှတ်ချက်က။ပြင်ဆင်ချိန် (၁)ပတ်ရမည်။စာအိတ်ထဲကငွေ(၅)ဒေါ်လာဖြင့်ကိုယ်ကြိုက်သည့်လုပ်ငန်း။သွားရင်းနှီးပြီး ငွေထပ်တိုးလာအောင်လုပ်ဆောရမည်။စာအိတ်ကို ဖောက်လိုက်သည်နှင့်ရင်းနှီးရမည့်အချိန် (၂)နာရီသာ လုပ်ရမည်။

(၁၄)သင်းစလုံး ရင်းနှီးမှုပြုလုပ်ခဲ့ပြီးပါက။၂ နာရီအတွင်း ရင်းနှီးခဲ့သည့် ပုံစံ။လုပ်ဆောင်ချက်။ပြန်ရလာသည့်ငွေ၊ စသည့်လုပ်ဆောင်ခဲ့သမျှကို။အခန်းရှေ့သို့ထွက်ပြီးကျောင်းသား/သူ အားလုံးရဲ့ ရှေ့၌ပြန်လည်ရှင်းလင်း ပြောပြရမည်ဖြစ်သည်။အသင်း(၁)သင်းစီရဲ့ရှင်းလင်းပြောကြားရမည့်အချိန်ဟာ (၃)မိနစ်စီသာရရှိမည်ဖြစ်သည်။ဒီစိန်ခေါ်မှုမှာရင်းနှီးပြီး ငွေပြန်မရသည့် အသင်းရှိသလို၊ငွေအတော်အသင့် ပြန်ရလာသည့်အသင်းလဲ ရှိသည်။အံ့အားသင့် စရာကအသင်း (၁)သင်းဟာ

ဒေါ်လာ (၆၀၀)ကျော်အထိအမြတ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။မြန်မာငွေ ကျပ်(၇သိန်း ၈သောင်း)ဝန်းကျင်။ထူးဆန်းသည်က စာအိတ်ထဲကငွေ(၅)ဒေါ်လာကို တပြားတချက်မျှမထိခဲ့ဘူးလို့လဲ သိရသည်။ငွေ(၅)ဒေါ်လာမှ = ငွေ(၆၀၀)ဒေါ်လာထိဆိုတော့၄၀၀၀% အမြတ်ရရှိခြင်းဖြစ်သည်။၂ နာရီအတွင်းထဲနှင့်ူဒီအသင်းဘယ်လိုလုပ်ခဲ့ပါသလဲ ??ဟုတ်ကဲ့။သူတို့ အသင်းရဲလုပ်ဆောင်ချက်တွေ မဖော်ပြခင်။အခြားအသင်းများလုပ်ဆောင်ချက်တွေကိုအနည်းငယ်ဖော်ပြချင်ပါတယ်။

အသင်း = (၁)ငွေ (၅)ဒေါ်လာဖြင့်တာယာ လေထိုးစက်၊လေစစ်ဆေးစက်၊ တွေကို ငြားရမ်းလာပြီးကျောင်းတွင်းကကား၊ ဆိုင်ကယ်၊ စက်ဘီးပါကင်ထိုးသည့်နေရာရဲ့ အနီးမှာဝန်ဆောင်မှုပေးသည်။တာယာ စစ်ဆေးခ၊လေထိုးခတွေကို ဝန်ဆောင်ကြေးယဉ်တစ်စီးကို (၁)ဒေါ်လာ ကောက်ခံသည်။ဖြစ်ချင်တော့ ယဉ်စီးနှင်းသူကျောင်းသား/သူများသဘောကျကြသည်။

လမ်းကြုံတုံးလေး ကိုယ့်ယဉ်ရဲ့တာယာ၊ လေ၊ တွေကို စစ်ဆေးကြသည်။ခဏကြာတော့သင်းသားတွေဟာအိုင်တီယာတခုထွက်ပီး။စမ်းသပ်ချင်သည့်စိတ်ဖြင့်။ဝန်ဆောင်ခ ငွေ(၁)ဒေါ်လာမကောက်တော့ပဲ။ယဉ်ပိုင်ရှင်ကသာ၊ ဝန်ဆောင်ခကိုစေတနာရှိသလောက်၊ပေးချင်သလောက်ပေး။ဆိုသည့် ဆိုင်းပုဒ်ပြန်ပြောင်းလိုက်သည်။

ရလဒ်ကတော့ဝန်ဆောင်ခ ပိုအရ များလာခြင်းဖြစ်သည်။တချို့ ယဉ်ပိုင်ရှင်တွေဟာ(၃)ဒေါ်လာမှ (၅)ဒေါ်လာထိထုတ်ပေးကြသည်။ဒီလို စွမ်းဆောင်မှုကတော့ပြသနာတွေကို အကဲခတ်ပြီးပြုပြင်နိုင်စွမ်းရှိခြင်းပဲဖြစ်သည်။ကျန်ရှိသည့်အသင်းများဟာလဲဓာတ်ပုံရိုက်ခြင်း။ကျောင်းတွင်းသို့ချိုချဉ်၊ မုန့်၊ အရောင်းအဝယ်လုပ်ခြင်း။

popular ဖြစ်တဲ့ သီချင်းခွေထုတ်လုပ်ရောင်းခြင်း။ကျန်သည့် ကျောင်းသား/သူ အားလုံးရဲဝင်ငွေ၊ အမြတ်ငွေတွေကတော့ မဆိုးကြပါ။ဒါပေမဲ့ငွေလုံး၀ ရှာလို့မရတဲ့ အသင်းလဲရှိပါတယ်။သူတို့အသင်းကတော့စာအိတ်ထဲက ငွေ(၅)ဒေါ်လာကိုထီသွားဝယ်လိုက်သည်။ထီမပေါက်ပါ။ကံနဲ့ကစားလို့ အရင်းနှီးပါပြုတ်သွားရော။ဒေါ်လာ (၆၀၀) ရှာနိုင်သည့်အသင်း။

ဟုတ်ကဲ့….သူတို့အသင်းကေတာ့အိုင်ဒီယာ အတ်ာလေးကောင်းပါတယ်။စာအိတ်ထဲက ငွေ(၅)ဒေါ်ကို အာရုံမစိုက်။အခန်းရွေ့ထွက်ပြီး။ကျောင်းသား/သူများရဲ့ ရွေ့သို့ရွင်းလင်းပြောကြားရမည်။(၃)မိနစ် အချိန်လေးကိုသာအသုံးချဖို့ အာရုံစိုက်သည်။လုပ်ဆောင်ချက်။ကုမ္ပဏီတစ်ခုသို့ သူတို့ သွားသည်။ကုမ္ပဏီ အကြီးအကဲနှင့် တွေ့စုံသည်။သူတို့ကျောင်းမှာ ပြုလုပ်နေသည့်စိန်ခေါ်မှုအကြောင်းအားလုံးကိုရှင်းလင်းပြောပြသည်။

ကျောင်းသား/သူ အားလုံးရှေ့၌(၃)မိနစ် စကားပြောရမည့် အချိန်မှာကုမ္ပဏီအကြောင်းကို ကြော်ညာပေးခြင်း။ကုမ္ပဏီရဲ့ ကုန်ပစ္စည်းကို ရောင်းပေးခြင်း။ကျောင်းသား/သူ(၁၄)သင်းဆိုသည်မှာနည်းသည့် လူတွေ မဟုတ်၊အခြားကျောင်းသား/သူတွေလည်း ရှိသေးသည်။ဒီလူအများရဲ့ရှေ့၌ကုမ္ပဏီအကြောင်းတွေကိုကြော်ညာပေးမည်ဆိုပါက။

ကုမ္ပဏီအတွက် အကျိုးရှိမည်။ကြော်ညာခ စရိတ်အတွက်သူတို့အသင်း ဒေါ်လာ(၆၀၀)ရချင်သည်ဟု ကမ်းလှမ်းလိုက်သည်။ကုမ္ပဏီအကြီးအကဲလည်းသူတို့အသင်းကို သဘောကြသည်။ကမ်းလှမ်းမှုကို လက်ခံပြီးဒေါ်လာ(၆၀၀) ထုတ်ပေးလိုက်သည်။

အသင်းအားလုံး ရင်းနှီးပြီးဆုံးချိန်။အခန်းရှေ့ထွက်ပြီး။ကိုယ့်အိုင်ဒီယာငွေရှာလာသည့် ပုံစံ။ရရှိလာသည့် အတွေ့အကြုံတွေကိုရှင်းလင်းပြောပြကြသည်။ငွေအများဆုံး ရသည့်အသင်းကတော့ကုမ္ပဏီအကြောင်းကုန်ပစ္စည်းတွေကို ကြော်ညာပေးရင်းသူ့တို့ရဲ့ အိုင်ဒီယာအကြောင်းကိုပါရှင်းလင်းပြောပြသည်။ဒီအဖြစ်အပျက်ကို ဒီလောက်နှင့်ပဲ အဆုံးသတ်လိုက်ပါတော့မည်။အရင်းအနှီး တစ်ပြားမှ မသုံးပဲ။ငွေ (၆၀၀) ဒေါ်လာရရှိအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ကျောင်းသား/သူ တွေဟာ။ဘာတွေ သင်ပေးသွားပါသလဲ။ ???

ဟုတ်ကဲ့။ကိုယ့်မှာ ရှိတဲ့ ငွေအင်အားကိုမကြည့်သင့်ပါ။အာရုံမစိုက်သင့်ပါ။ကိုယ့်မှာ ရှိသည့် ညဏ်ရည်ကိုသာအသုံးချလိုက်ခြင်းဖြစ်သည်။အကယ်၍ငွေ ၁၅ သိန်းရှိမှ။သိန်း ၃၀ ရှိမှ။သိန်း ၁၀၀ ရှိမှ။ရင်းနှီးနိုင်မယ်။လုပ်နိုင်မယ် လို့သာတွေးနေရင်အာရုံစိုက်နေရင် မင်းဦးနှောက်ကို မင်းပဲပြန်ပိတ်ပင်လိမ့်မယ်။ဘာ အိုင်ဒီယာမှ မထွက်ပါ စိတ်ကူးကောင်းမှလဲထွက်လာမှာ မဟုတ်။

မင်းဝင်ငွေ များချင်လို့။ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တာလေ။ငွေရှာချင်တာလေ။ငွေရှာဖို့အတွက်ကိုငွေမရှိဘူး၊အရင်းနှီးနည်းတယ်လို့သာစွတ်ပြောနေရင် ရယ်စရာ ဖြစ်လိမ့်မယ်။တကယ်တော့ငွေထက် တန်ဖိုးကြီးတာမင်း ခေါင်းပဲ။ခေါင်းသုံးပါ၊ ညဏ်သုံးပါ။အိုင်ဒီယာသုံးပါ။အဲ့ဒီအရာတွေက ငွေထက်သန်းပေါင်းများစွာ တန်ဖိုးရှိတယ်။မြန်မာနိုင်ငံထဲကအရင်းနှီး နည်းနည်းနဲ့လုပ်ငန်းစကြတဲ့ လူအတော်များများကို တွေ့ဖူးသည်။အင်တာဗျူးဖူးသည်။အဲ့ထဲက တစ်ယောက်အကြောင်းကိုအရင် ရေးတင်ပြချင်ပါတယ်။ကျန်တာက နောက်မှဆက်လက်တင်ပြမည်။

သူကကောင်မလေးပါ။ဒုတိယနှစ်၊ အဝေးသင်ကျောင်းသူ။၁၀ တန်းပြီးတာနှင့်။နံနက် ၄ နာရီနိုးသည်။ဝက်ခေါက်၊ ကြက်ခေါက်တွေကြော်သည်။ ဈေးသို့တင်ရောင်းသည်။နေ့ခင်းပိုင်းမှ ညနေအထိလေယဉ်လက်မှတ်ရောင်းကိုယ်စားလှယ်လုပ်သည်။ဆိုင်ခန်းငယ်ကလေးဖြင့်လေယဉ် လက်မှတ်ရောင်းနေသည်။

သိပ်မကြာမှာပဲဆိုင်ကို အလှဆင်ပြီး။အမျိုးသမီးအိတ် ကလေးတွေကိုအနည်းအကျင်းတင်ရောင်းသည်။နောက်ထပ် မကြာခင်မှာပဲသူသဘောကျသည့် အင်္ကျီတွေ၊သူသဘောကျသည့်လက်ဆောင်ပစ္စည်းတွေကိုအနည်းအကျင်း တင်ရောင်းသည်။သူလုပ်ချင်တာကိုတတ်နိုင်သလောက်သူလုပ်လာသည်။အခုလဲ သူပုံနှိပ်စက်တွေပါလုပ်နေသည်။ပုံနှိပ်သည့် နေရာက အိမ်မှာ။ပစ္စည်း/အလုပ် လက်ခံတာကဆိုင်မှာ ဖြစ်သည်။

သူမ လုပ်ချင်တာကိုတစ်ခုပြီး တစ်ခု။တစ်ဆင့်ပြီး တစ်ဆင့်။တတ်နိုင်သလောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ဟုတ်ကဲ့ သူမလည်းသူ့ အိုင်ဒီယာကိုအကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။စာဖတ်သူလည်း‌ငွေကို ဦးစားမပေးသင့်။ငွေကို အာရုံမစိုက်သင့်။ငွေ ဒီလောက်ရှိမှငွေ ဟိုလောက်ရှိမှ ဆိုတာပတ်ဝန်းကျင်က သတ်မှတ်ထားတာပါ။ငွေကို အာရုံစိုက်နေရင်။ဦးနှောက်လုပ်ဆောင်ချက်တွေ။စိတ်းကူးကောင်းတွေ။အိုင်ဒီယာကောင်းတွေကိုပါ။ဖြတ်စီးပြစ်လိမ့်မယ်။

ကိုယ် ဘာကျွမ်းကျင်တာ ကိုယ် ဘာတွေ့ထားတယ်။ကိုယ် ဘာလုပ်သင့်တယ်။ဘယ်အခွင့်အရေးကို ယူသင့်တယ်။စသည့်အချက်တွေကို သိပါစေ။မသိသေးလဲ အဖြေရှာ။ကိုယ့်မှာ အိုင်ဒီယာကောင်းတွေရှိရင်။လက်တွေ့ လုပ်လိုက်ပါ။တတ်နိုင်သလောက် စလုပ်ပါ။လုပ်ပြီး မအောင်မြင်သေးပေမဲ့အားမငယပြါနဲ့။ပြသနာတွေကို သိရှိလာမယ်။ဖြေရှင်းတတ်လာမယ်။အစပိုင်း ဝင်ငွေနည်းနေပေမဲ့ဝင်ငွေ များလာအောင်လုပ်နိုင်မည့် နည်းလမ်းတွေကိုအဖြေရှာတတ်လာမယ်။ရည်မှန်းချက်ကို အလှမ်းမဝေးပါစေနှင့်

ဥပမာ(၁)လမှာ ဝင်ငွေ (၃)သိန်းရှိတယ်။ည်မှန်းချက်က နောက်လမှာဝင်ငွေ(၁၅)သိန်းတိုးချင်တယ်ဆိုရင်တော့။ဦးနှောက်က မဖြစ်နိုင်တဲ့အကြောင်းတွေပဲ တွေးလိမ့်မယ်။ဝင်ငွေ (၃)သိန်းရှိရင်နောက် လမှာ(၅)သိန်းဝင်နိုင်အောင် ရည်မှန်းထားပါ။အာ့မှ ဦးနှောက်လဲအလှမ်းမဝေးတဲ့ ရည်မှန်းချက်ကိုဖြစ်မြှောက်အောင် အဖြေရှာပေးလိမ့်မည်။

အိုင်ဒီယာရှိပြီးလက်တွေ့မလုပ်သေးပဲ။အစဉ်စီချလိုက်။ဟိုဟာ စောင့်လိုက်၊ဒီဟာ စောင့်လိုက် ဆိုရင်တော့ဘဝက ဘာမှ ဖြစ်မြှောက်လာမှာမဟုတ်ပါဘူး။ငွေထက် တန်ဖိုးကြီးတာမင်း ခေါင်းပါ။က်တွေ့လုပ်ဖို့လဲ လိုတယ်။စာဖတ်သူလဲ အရင်းအနှီးကိစ္စကို ဘယ်လိုမြင်ပါသလဲ၊ဘယ်လိုယူစပါသလဲ၊ ဆိုတာကိုComment ပေးကြပါလို့။ဗဟုသုတတွေမျှဝေရင်းအပိုင်း(၂)မှာဆက်လက်ဆွေးနွေးသွားကြမယ်။အားလုံးငွေကြေးရေးအဆင်ပြေကြပါစေ။

ဒီစာက သင့်အတွက်အကြိုးရှိစေတယ်ဆိုရင်

Like & Share လုပ်ပေးကြပါလို့။

zawgyi

ေငြသုံးသိန္းရွိတယ္…ဘာရင္းႏွီးရင္ ေကာင္းမလဲ (အရမ္းေကာင္းတဲ့ Idea ေလးပါ)

သိပ္ေကာင္းတဲ့ idea တစ္ခုကိုမွ်ေဝေပးလိုက္ပါတယ္။အရင္းႏွီးကိစၥမတင္ျပခင္။ေျပာျပသင့္သည့္ အျဖစ္အပ်က္တစ္ခုရွိပါတယ္။စတိမ့္ေဖာ့္(Stanford) တကၠသိုလ္ကေက်ာင္းဆရာမျဖစ္သူ။တီနာ ဇီးလစ္(Tina seelig) ဟာေက်ာင္းသား/သူေတြကိုစိန္ေခၚမႈ တစ္ခုျပဳလုပ္လိုက္သည္။ေက်ာင္းသား/သူေတြကိုအသင္း (၁၄) သင္းဖြဲ႕လိုက္သည္။အသင္း (၁)သင္းစီကိုစာအိတ္ (၁)အိတ္စီ ေပးသည္။

စာအိပ္ထဲမွာေငြ (၅)ေဒၚလာထည့္ထားသည္။(ျမန္မာေငြ က်ပ္= ၆၅၀၀ ၀န္းက်င္)ေငြ(၅)ေဒၚလာထဲႏွင့္ကိုယ့္အိုင္ဒီယာကိုယ္ သုံးၿပီး။အရင္းအႏွီးလုပ္ခိုင္းမည္။စည္းကမ္း သတ္မွတ္ခ်က္က။ျပင္ဆင္ခ်ိန္ (၁)ပတ္ရမည္။စာအိတ္ထဲကေငြ(၅)ေဒၚလာျဖင့္ကိုယ္ႀကိဳက္သည့္လုပ္ငန္း။သြားရင္းႏွီးၿပီး ေငြထပ္တိုးလာေအာင္လုပ္ေဆာရမည္။စာအိတ္ကို ေဖာက္လိုက္သည္ႏွင့္ရင္းႏွီးရမည့္အခ်ိန္ (၂)နာရီသာ လုပ္ရမည္။

(၁၄)သင္းစလုံး ရင္းႏွီးမႈျပဳလုပ္ခဲ့ၿပီးပါက။၂ နာရီအတြင္း ရင္းႏွီးခဲ့သည့္ ပုံစံ။လုပ္ေဆာင္ခ်က္။ျပန္ရလာသည့္ေငြ၊ စသည့္လုပ္ေဆာင္ခဲ့သမွ်ကို။အခန္းေရွ႕သို႔ထြက္ၿပီးေက်ာင္းသား/သူ အားလုံးရဲ႕ ေရွ႕၌ျပန္လည္ရွင္းလင္း ေျပာျပရမည္ျဖစ္သည္။အသင္း(၁)သင္းစီရဲ႕ရွင္းလင္းေျပာၾကားရမည့္အခ်ိန္ဟာ (၃)မိနစ္စီသာရရွိမည္ျဖစ္သည္။ဒီစိန္ေခၚမႈမွာရင္းႏွီးၿပီး ေငြျပန္မရသည့္ အသင္းရွိသလို၊ေငြအေတာ္အသင့္ ျပန္ရလာသည့္အသင္းလဲ ရွိသည္။အံ့အားသင့္ စရာကအသင္း (၁)သင္းဟာ

ေဒၚလာ (၆၀၀)ေက်ာ္အထိအျမတ္ရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့သည္။ျမန္မာေငြ က်ပ္(၇သိန္း ၈ေသာင္း)၀န္းက်င္။ထူးဆန္းသည္က စာအိတ္ထဲကေငြ(၅)ေဒၚလာကို တျပားတခ်က္မွ်မထိခဲ့ဘူးလို႔လဲ သိရသည္။ေငြ(၅)ေဒၚလာမွ = ေငြ(၆၀၀)ေဒၚလာထိဆိုေတာ့၄၀၀၀% အျမတ္ရရွိျခင္းျဖစ္သည္။၂ နာရီအတြင္းထဲႏွင့္ူဒီအသင္းဘယ္လိုလုပ္ခဲ့ပါသလဲ ??ဟုတ္ကဲ့။သူတို႔ အသင္းရဲလုပ္ေဆာင္ခ်က္ေတြ မေဖာ္ျပခင္။အျခားအသင္းမ်ားလုပ္ေဆာင္ခ်က္ေတြကိုအနည္းငယ္ေဖာ္ျပခ်င္ပါတယ္။

အသင္း = (၁)ေငြ (၅)ေဒၚလာျဖင့္တာယာ ေလထိုးစက္၊ေလစစ္ေဆးစက္၊ ေတြကို ျငားရမ္းလာၿပီးေက်ာင္းတြင္းကကား၊ ဆိုင္ကယ္၊ စက္ဘီးပါကင္ထိုးသည့္ေနရာရဲ႕ အနီးမွာ၀န္ေဆာင္မႈေပးသည္။တာယာ စစ္ေဆးခ၊ေလထိုးခေတြကို ၀န္ေဆာင္ေၾကးယဥ္တစ္စီးကို (၁)ေဒၚလာ ေကာက္ခံသည္။ျဖစ္ခ်င္ေတာ့ ယဥ္စီးႏွင္းသူေက်ာင္းသား/သူမ်ားသေဘာက်ၾကသည္။

လမ္းႀကဳံတုံးေလး ကိုယ့္ယဥ္ရဲ႕တာယာ၊ ေလ၊ ေတြကို စစ္ေဆးၾကသည္။ခဏၾကာေတာ့သင္းသားေတြဟာအိုင္တီယာတခုထြက္ပီး။စမ္းသပ္ခ်င္သည့္စိတ္ျဖင့္။၀န္ေဆာင္ခ ေငြ(၁)ေဒၚလာမေကာက္ေတာ့ပဲ။ယဥ္ပိုင္ရွင္ကသာ၊ ၀န္ေဆာင္ခကိုေစတနာရွိသေလာက္၊ေပးခ်င္သေလာက္ေပး။ဆိုသည့္ ဆိုင္းပုဒ္ျပန္ေျပာင္းလိုက္သည္။

ရလဒ္ကေတာ့၀န္ေဆာင္ခ ပိုအရ မ်ားလာျခင္းျဖစ္သည္။တခ်ိဳ႕ ယဥ္ပိုင္ရွင္ေတြဟာ(၃)ေဒၚလာမွ (၅)ေဒၚလာထိထုတ္ေပးၾကသည္။ဒီလို စြမ္းေဆာင္မႈကေတာ့ျပသနာေတြကို အကဲခတ္ၿပီးျပဳျပင္ႏိုင္စြမ္းရွိျခင္းပဲျဖစ္သည္။က်န္ရွိသည့္အသင္းမ်ားဟာလဲဓာတ္ပုံ႐ိုက္ျခင္း။ေက်ာင္းတြင္းသို႔ခ်ိဳခ်ဥ္၊ မုန္႔၊ အေရာင္းအ၀ယ္လုပ္ျခင္း။

popular ျဖစ္တဲ့ သီခ်င္းေခြထုတ္လုပ္ေရာင္းျခင္း။က်န္သည့္ ေက်ာင္းသား/သူ အားလုံးရဲ၀င္ေငြ၊ အျမတ္ေငြေတြကေတာ့ မဆိုးၾကပါ။ဒါေပမဲ့ေငြလုံး၀ ရွာလို႔မရတဲ့ အသင္းလဲရွိပါတယ္။သူတို႔အသင္းကေတာ့စာအိတ္ထဲက ေငြ(၅)ေဒၚလာကိုထီသြား၀ယ္လိုက္သည္။ထီမေပါက္ပါ။ကံနဲ႔ကစားလို႔ အရင္းႏွီးပါျပဳတ္သြားေရာ။ေဒၚလာ (၆၀၀) ရွာႏိုင္သည့္အသင္း။

ဟုတ္ကဲ့….သူတို႔အသင္းေကတာ့အိုင္ဒီယာ အတ္ာေလးေကာင္းပါတယ္။စာအိတ္ထဲက ေငြ(၅)ေဒၚကို အာ႐ုံမစိုက္။အခန္းေ႐ြ႕ထြက္ၿပီး။ေက်ာင္းသား/သူမ်ားရဲ႕ ေ႐ြ႕သို႔႐ြင္းလင္းေျပာၾကားရမည္။(၃)မိနစ္ အခ်ိန္ေလးကိုသာအသုံးခ်ဖို႔ အာ႐ုံစိုက္သည္။လုပ္ေဆာင္ခ်က္။ကုမၸဏီတစ္ခုသို႔ သူတို႔ သြားသည္။ကုမၸဏီ အႀကီးအကဲႏွင့္ ေတြ႕စုံသည္။သူတို႔ေက်ာင္းမွာ ျပဳလုပ္ေနသည့္စိန္ေခၚမႈအေၾကာင္းအားလုံးကိုရွင္းလင္းေျပာျပသည္။

ေက်ာင္းသား/သူ အားလုံးေရွ႕၌(၃)မိနစ္ စကားေျပာရမည့္ အခ်ိန္မွာကုမၸဏီအေၾကာင္းကို ေၾကာ္ညာေပးျခင္း။ကုမၸဏီရဲ႕ ကုန္ပစၥည္းကို ေရာင္းေပးျခင္း။ေက်ာင္းသား/သူ(၁၄)သင္းဆိုသည္မွာနည္းသည့္ လူေတြ မဟုတ္၊အျခားေက်ာင္းသား/သူေတြလည္း ရွိေသးသည္။ဒီလူအမ်ားရဲ႕ေရွ႕၌ကုမၸဏီအေၾကာင္းေတြကိုေၾကာ္ညာေပးမည္ဆိုပါက။

ကုမၸဏီအတြက္ အက်ိဳးရွိမည္။ေၾကာ္ညာခ စရိတ္အတြက္သူတို႔အသင္း ေဒၚလာ(၆၀၀)ရခ်င္သည္ဟု ကမ္းလွမ္းလိုက္သည္။ကုမၸဏီအႀကီးအကဲလည္းသူတို႔အသင္းကို သေဘာၾကသည္။ကမ္းလွမ္းမႈကို လက္ခံၿပီးေဒၚလာ(၆၀၀) ထုတ္ေပးလိုက္သည္။

အသင္းအားလုံး ရင္းႏွီးၿပီးဆုံးခ်ိန္။အခန္းေရွ႕ထြက္ၿပီး။ကိုယ့္အိုင္ဒီယာေငြရွာလာသည့္ ပုံစံ။ရရွိလာသည့္ အေတြ႕အႀကဳံေတြကိုရွင္းလင္းေျပာျပၾကသည္။ေငြအမ်ားဆုံး ရသည့္အသင္းကေတာ့ကုမၸဏီအေၾကာင္းကုန္ပစၥည္းေတြကို ေၾကာ္ညာေပးရင္းသူ႔တို႔ရဲ႕ အိုင္ဒီယာအေၾကာင္းကိုပါရွင္းလင္းေျပာျပသည္။ဒီအျဖစ္အပ်က္ကို ဒီေလာက္ႏွင့္ပဲ အဆုံးသတ္လိုက္ပါေတာ့မည္။အရင္းအႏွီး တစ္ျပားမွ မသုံးပဲ။ေငြ (၆၀၀) ေဒၚလာရရွိေအာင္စြမ္းေဆာင္ႏိုင္ခဲ့တဲ့ေက်ာင္းသား/သူ ေတြဟာ။ဘာေတြ သင္ေပးသြားပါသလဲ။ ???

ဟုတ္ကဲ့။ကိုယ့္မွာ ရွိတဲ့ ေငြအင္အားကိုမၾကည့္သင့္ပါ။အာ႐ုံမစိုက္သင့္ပါ။ကိုယ့္မွာ ရွိသည့္ ညဏ္ရည္ကိုသာအသုံးခ်လိုက္ျခင္းျဖစ္သည္။အကယ္၍ေငြ ၁၅ သိန္းရွိမွ။သိန္း ၃၀ ရွိမွ။သိန္း ၁၀၀ ရွိမွ။ရင္းႏွီးႏိုင္မယ္။လုပ္ႏိုင္မယ္ လို႔သာေတြးေနရင္အာ႐ုံစိုက္ေနရင္ မင္းဦးေႏွာက္ကို မင္းပဲျပန္ပိတ္ပင္လိမ့္မယ္။ဘာ အိုင္ဒီယာမွ မထြက္ပါ စိတ္ကူးေကာင္းမွလဲထြက္လာမွာ မဟုတ္။

မင္း၀င္ေငြ မ်ားခ်င္လို႔။ကိုယ္ပိုင္လုပ္ငန္းလုပ္ခ်င္တာေလ။ေငြရွာခ်င္တာေလ။ေငြရွာဖို႔အတြက္ကိုေငြမရွိဘူး၊အရင္းႏွီးနည္းတယ္လို႔သာစြတ္ေျပာေနရင္ ရယ္စရာ ျဖစ္လိမ့္မယ္။တကယ္ေတာ့ေငြထက္ တန္ဖိုးႀကီးတာမင္း ေခါင္းပဲ။ေခါင္းသုံးပါ၊ ညဏ္သုံးပါ။အိုင္ဒီယာသုံးပါ။အဲ့ဒီအရာေတြက ေငြထက္သန္းေပါင္းမ်ားစြာ တန္ဖိုးရွိတယ္။ျမန္မာႏိုင္ငံထဲကအရင္းႏွီး နည္းနည္းနဲ႔လုပ္ငန္းစၾကတဲ့ လူအေတာ္မ်ားမ်ားကို ေတြ႕ဖူးသည္။အင္တာဗ်ဴးဖူးသည္။အဲ့ထဲက တစ္ေယာက္အေၾကာင္းကိုအရင္ ေရးတင္ျပခ်င္ပါတယ္။က်န္တာက ေနာက္မွဆက္လက္တင္ျပမည္။

သူကေကာင္မေလးပါ။ဒုတိယႏွစ္၊ အေဝးသင္ေက်ာင္းသူ။၁၀ တန္းၿပီးတာႏွင့္။နံနက္ ၄ နာရီႏိုးသည္။၀က္ေခါက္၊ ၾကက္ေခါက္ေတြေၾကာ္သည္။ ေစ်းသို႔တင္ေရာင္းသည္။ေန႔ခင္းပိုင္းမွ ညေနအထိေလယဥ္လက္မွတ္ေရာင္းကိုယ္စားလွယ္လုပ္သည္။ဆိုင္ခန္းငယ္ကေလးျဖင့္ေလယဥ္ လက္မွတ္ေရာင္းေနသည္။

သိပ္မၾကာမွာပဲဆိုင္ကို အလွဆင္ၿပီး။အမ်ိဳးသမီးအိတ္ ကေလးေတြကိုအနည္းအက်င္းတင္ေရာင္းသည္။ေနာက္ထပ္ မၾကာခင္မွာပဲသူသေဘာက်သည့္ အက်ႌေတြ၊သူသေဘာက်သည့္လက္ေဆာင္ပစၥည္းေတြကိုအနည္းအက်င္း တင္ေရာင္းသည္။သူလုပ္ခ်င္တာကိုတတ္ႏိုင္သေလာက္သူလုပ္လာသည္။အခုလဲ သူပုံႏွိပ္စက္ေတြပါလုပ္ေနသည္။ပုံႏွိပ္သည့္ ေနရာက အိမ္မွာ။ပစၥည္း/အလုပ္ လက္ခံတာကဆိုင္မွာ ျဖစ္သည္။

သူမ လုပ္ခ်င္တာကိုတစ္ခုၿပီး တစ္ခု။တစ္ဆင့္ၿပီး တစ္ဆင့္။တတ္ႏိုင္သေလာက္လုပ္ခဲ့ျခင္း ျဖစ္သည္။ဟုတ္ကဲ့ သူမလည္းသူ႔ အိုင္ဒီယာကိုအေကာင္အထည္ေဖာ္ခဲ့ျခင္းျဖစ္သည္။စာဖတ္သူလည္း‌ေငြကို ဦးစားမေပးသင့္။ေငြကို အာ႐ုံမစိုက္သင့္။ေငြ ဒီေလာက္ရွိမွေငြ ဟိုေလာက္ရွိမွ ဆိုတာပတ္၀န္းက်င္က သတ္မွတ္ထားတာပါ။ေငြကို အာ႐ုံစိုက္ေနရင္။ဦးေႏွာက္လုပ္ေဆာင္ခ်က္ေတြ။စိတ္းကူးေကာင္းေတြ။အိုင္ဒီယာေကာင္းေတြကိုပါ။ျဖတ္စီးျပစ္လိမ့္မယ္။

ကိုယ္ ဘာကြၽမ္းက်င္တာ ကိုယ္ ဘာေတြ႕ထားတယ္။ကိုယ္ ဘာလုပ္သင့္တယ္။ဘယ္အခြင့္အေရးကို ယူသင့္တယ္။စသည့္အခ်က္ေတြကို သိပါေစ။မသိေသးလဲ အေျဖရွာ။ကိုယ့္မွာ အိုင္ဒီယာေကာင္းေတြရွိရင္။လက္ေတြ႕ လုပ္လိုက္ပါ။တတ္ႏိုင္သေလာက္ စလုပ္ပါ။လုပ္ၿပီး မေအာင္ျမင္ေသးေပမဲ့အားမငယျပါနဲ႔။ျပသနာေတြကို သိရွိလာမယ္။ေျဖရွင္းတတ္လာမယ္။အစပိုင္း ၀င္ေငြနည္းေနေပမဲ့၀င္ေငြ မ်ားလာေအာင္လုပ္ႏိုင္မည့္ နည္းလမ္းေတြကိုအေျဖရွာတတ္လာမယ္။ရည္မွန္းခ်က္ကို အလွမ္းမေဝးပါေစႏွင့္

ဥပမာ(၁)လမွာ ၀င္ေငြ (၃)သိန္းရွိတယ္။ည္မွန္းခ်က္က ေနာက္လမွာ၀င္ေငြ(၁၅)သိန္းတိုးခ်င္တယ္ဆိုရင္ေတာ့။ဦးေႏွာက္က မျဖစ္ႏိုင္တဲ့အေၾကာင္းေတြပဲ ေတြးလိမ့္မယ္။၀င္ေငြ (၃)သိန္းရွိရင္ေနာက္ လမွာ(၅)သိန္း၀င္ႏိုင္ေအာင္ ရည္မွန္းထားပါ။အာ့မွ ဦးေႏွာက္လဲအလွမ္းမေဝးတဲ့ ရည္မွန္းခ်က္ကိုျဖစ္ေျမႇာက္ေအာင္ အေျဖရွာေပးလိမ့္မည္။

အိုင္ဒီယာရွိၿပီးလက္ေတြ႕မလုပ္ေသးပဲ။အစဥ္စီခ်လိုက္။ဟိုဟာ ေစာင့္လိုက္၊ဒီဟာ ေစာင့္လိုက္ ဆိုရင္ေတာ့ဘ၀က ဘာမွ ျဖစ္ေျမႇာက္လာမွာမဟုတ္ပါဘူး။ေငြထက္ တန္ဖိုးႀကီးတာမင္း ေခါင္းပါ။က္ေတြ႕လုပ္ဖို႔လဲ လိုတယ္။စာဖတ္သူလဲ အရင္းအႏွီးကိစၥကို ဘယ္လိုျမင္ပါသလဲ၊ဘယ္လိုယူစပါသလဲ၊ ဆိုတာကိုComment ေပးၾကပါလို႔။ဗဟုသုတေတြမွ်ေဝရင္းအပိုင္း(၂)မွာဆက္လက္ေဆြးေႏြးသြားၾကမယ္။အားလုံးေငြေၾကးေရးအဆင္ေျပၾကပါေစ။

ဒီစာက သင့္အတြက္အႀကိဳးရွိေစတယ္ဆိုရင္

Like & Share လုပ္ေပးၾကပါလို႔။