မြန်မာပြည်မှာ ပြန်လည်အခြေချဖို့ စဉ်းစားနေပြီဖြစ်ကြောင်းပြောလာတဲ့ အောင်လအန်ဆန်း
ကစားသမားဘဝကအနားယူရင် မြန်မာပြည်မှာပြန်လည်အခြေချဖို့ စိတ်ကူးထားပေမယ့်လက်ရှိမှာတော့ ပြန်လည်စဉ်းစားဖို့ လိုနေပြီဖြစ်ကြောင်းပြောလာတဲ့ အောင်လအန်ဆန်း
အောင်လအန်ဆန်ရဲ့ ကမ်ဘာ့အဆင့်မီ Python MMA gym ရန်ကုန်မှာတစ်ခု ကချင်ပြည်နယ်မှာတစ်ခု ဖွင့်ထားပြီနော်။အောင်လအန်ဆန်ဟာ ရန်ကုန်မှာ Python MMA ဆိုတဲ့အမည်နဲ့လည်း ကမ္ဘာ့အဆင့်မီ Gym တစ်ခုကို တည်ဆောက်ထားတာ ကြာပါပြီ။
၂ လပိုင်းလောက်ကတည်းက Gym ကို စဖွင့်ဖို့ အဆင်သင့်ဖြစ်နေပေမယ့် နိုင်ငံရေးအခြေအနေတွေကြောင့် ခုချိန်ထိရပ်နားထားရတာပါ။အောင်လဟာ သူ့ရဲ့ MMA gym တွေကို ကချင်ပြည်နယ်မှာတစ်ခု ၊ ရန်ကုန်မှာ တစ်ခုဖွင့်ဖို့ စီစဉ်ထားပြီ
သူကစားသမားဘဝကအနားယူသွားရင် မြန်မာပြည်မှာ အခြေချနေထိုင်ဖို့ စိတ်ကူးထားခဲ့တာပါ။ဒါပေမယ့် လက်ရှိအခြေအနေအရတော့ သိပ်မလွယ်ကူပါဘူး။ ဒါကြောင့်သူ့အနေနဲ့ အရင်က မြန်မာပြည်မှာ အခြေချဖို့ စဉ်းစားထားခဲ့ပေမယ့်လက်ရှိမှာ သူ့အနာဂတ်ကို ပြန်စဉ်းစားရမှာ ဖြစ်ကြောင်းလည်း အင်တာဗျူးတစ်ခုမှာဖြေထားပါသေးတယ်
။အောက်ကပုံတွေကတော့ ရန်ကုန်က Gym ရဲ့အတွင်းပိုင်းအပြင်အဆင်တွေပါ။ တော်တော်ကြီးကိုခမ်းနားတဲ့ MMA gym တစ်ခုပါ။ြ မန်မာပြည်ကြီးသာ ငြိမ်းချမ်းနေခဲ့ရင် မြန်မာ့ MMA လောကအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို အမီလိုက်နိုင်ဖို့ အခွင့်အရေးအများကြီးရှိတယ်လို့လဲသူကပြောကြားခဲ့ပါတယ်။
ဒါပေမဲ့အခုလို နိုင်ငံရေးအခြေအနေမကောင်းတဲ့ကာလမျိုးမှာ ဘယ်လိုမှ အခြေချနေထိုင် သွားနိုင်မယ်ဆိုတာကတော့လုံးဝ မဖြစ်တော့ဘူးဆိုတာကို သူ့အနေနဲ့ ကြိုတင် သိမြင်ထားပြီးလဲဖြစ်ပါတယ်။
Credit
Credit