ၾကားသိရသမွ်

လူမှုကွန်ရက်ပေါ်တွင် လူချစ်လူခင်များတဲ့အဘွားမေကြည်ခင် ကင်ဆာဝေဒနာ ခံစားနေရ……

လူမှုကွန်ရက်ပေါ်တွင် လူချစ်လူခင်များသူ YGW ဘိုးဘွားကျောင်း၏ အစောင့်ရှောက်ခံ အဘွားမေကြည်ခင် ကင်ဆာဝေဒနာ ခံစားနေရ

မန္တလေးမြို့အရှေ့ဘက်၊ ပုသိမ်ကြီးမြို့နယ်၊ ရေတံခွန်တောင်ပေါ်ရှိ YGW(အဝါရောင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်း)၏ ဘိုးဘွားများစောင့်ရှောက်ရေးကျောင်းတွင် နေထိုင်ပြီး လူမှုကွန်ရက်ပေါ်၌ လူချစ်လူခင်များသူ အဘွားမေကြည်ခင်(ဖွားကြည်ခင်)သည် ကင်ဆာရောဂါကိုခံစားရနေသဖြင့် ဖေဖော်ဝါရီဒုတိယပတ်အတွင်းမှစတင်ကာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

အသက်၈၄နှစ်အရွယ်ရှိ အဘွားမေကြည်ခင်သည် ယခုနှစ် ဇန်နဝါရီလအတွင်းက ကျန်းမာရေးသိသာစွာချို့ယွင်းလာသဖြင့် ဓာတ်မှန်ရိုက်ခြင်း၊ ‌ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ပြုလုပ်ခဲ့ခြင်းဖြစ်ရာ စစ်ဆေးချက်အဖြေသည် ဖေဖော်ဝါရီပထမပတ်အတွင်း ရရှိခဲ့ခြင်းဖြစ်သည်။

“စိတ်မကောင်းစရာမို့ မပြောချင်ပေမယ့်လည်းပြောပါရစေ။ အဖွားရဲ့ အသည်းမှာရော အဆုတ်မှာ အကြိတ်တွေ့တယ်။

ကင်ဆာပါတဲ့။ ရောဂါနဲ့အသက်က မမျှတတော့ ဖွားမေအတွက် လွန်စွာစိတ်မကောင်း ဖြစ်ရပါတယ်။ စွမ်းအားရှိသ၍ ကုသပေးပါ့မယ်။

အသက်ရှည်ရှည်နဲ့ တရားဓမ္မ အားထုတ်နိုင်ပါ‌စေ။ နေဝင်ချိန်မှာ ကုသိုလ်တရားများနှင့် ဖြတ်သန်းနိုင်ပါစေ”ဟု YGW ဘိုးဘွားများစောင့်ရှောက်ရေးကျောင်းဆရာတော်က မိန့်ကြားသည်။

ဆရာတော်သည် အဘွားမေကြည်ခင်၏ ဗီဒီယိုဖိုင်များကို လူမှုကွန်ရက်ပေါ်သို့ တင်လေ့ရှိရာ အဘွား၏ ဟန်ဆောင်မှုကင်းစွာ ရိုးရိုးရှင်းရှင်းချစ်စဖွယ် ပြောဆိုမှုပုံစံများကြောင့် လူချစ်လူခင်များရခြင်းဖြစ်ပြီး အနုပညာလောကမှ နာမည်ကြီးမင်းသားမင်းသမီးများ၊ အနုပညာရှင်များကလည်း ကျောင်းသို့လာရောက်လှူဒါန်းရင်း ဖွားကြည်ခင်ကို တကူးတက လာရောက်တွေ့ဆုံနှုတ်ဆက် ကန်တော့လေ့ရှိကြသည်။

မန္တလေးသတင်းကွန်ရက်

ဓာတ်ပုံ YGW

Unicode








