အေနာက္နိုင္ငံကလူေတြဟာ ေသာၾကာေန႔နဲ႔ ၁၃ ရက္ေန႔ တစ္ထပ္တည္း က်ေရာက္တဲ့ေန႔ကို သိပ္ေၾကာက္ၾကပါတယ္။ အဲဒီေန႔မ်ိဳးကို ကံမေကာင္းတဲ့ေန႔၊ကံဆိုးတဲ့ေန႔အျဖစ္ ယူဆထားၾကပါတယ္။ အဲလိုေန႔မ်ိဳးမွာ ခရီးသြားလာမႈေတြ၊အေရးႀကီး ကိစၥေတြ မလုပ္ၾကပါဘူး။
ေနာက္ခံသမိုင္းေၾကာင္း တိတိပပ မရွိေသာ္လည္း ၁၄ ရာစုကစလို႔ ဥေရာပမွာ ေၾကာက္မက္ဖြယ္ ေန႔စြဲတစ္ခု အေနနဲ႔ စတင္လာခဲ့တာပါ။ အခုဆိုရင္ အာရွမွာပါ ပ်ံႏွံ့စြဲျမဲလို႔ လာခဲ့ပါၿပီ။
၁၃ ဂဏန္း သီးသန႔္ ေၾကာက္ၾကသူမ်ားလည္း ရွိၿပီး ၎ကို ၁၃ ေၾကာက္ေရာဂါ Triskaidekaphobia လို႔ ေခၚပါတယ္။ ေသာၾကာေန႔နဲ႔ပါ တြဲေၾကာက္ေနၿပီ ဆိုရင္ေတာ့ Friggatriskaidekaphobia လို႔ ေခၚပါတယ္။
အထူးသျဖင့္ ေလေၾကာင္းလိုင္းေတြနဲ႔ ပတ္သတ္ရင္ ပိုဆိုးပါတယ္။ ၁၃ ရက္ေန႔ ေသာၾကာေန႔မွာ ေလယာဥ္မေတာ္တဆ ျဖစ္ရပ္ေတြ အမ်ားအျပား ျဖစ္ပြားခဲ့လို႔ပဲျဖစ္ပါတယ္။
၁၃ ရက္ေန႔ ေသာၾကာေန႔ကို ေၾကာက္ရြံ့ၾကသလို ၁၃ ဂဏန္းကို ေၾကာက္ရြံၾကတာလည္း အေတာ္မ်ားပါတယ္။ တစ္ခ်ိဳ႕ေဟာ္တယ္ေတြ၊ ေဆး႐ုံေတြမွာ ၁၃ ထပ္တို႔၊ အခန္းနံပါတ္ ၁၃ တို႔ကို မထားပဲ ေက်ာ္ထားပါတယ္။
တစ္ခ်ိဳ႕ ေလယာဥ္ထိုင္ခုံေတြ၊ ေလဆိပ္ေတြမွာ ဂိတ္နံပါတ္ ၁၃ ကို မထားရွိၾကသလို တစ္ခ်ိဳ႕ေဒသေတြမွာ ညစာစားပြဲမွာ လူ ၁၃ ေယာက္ျဖစ္ေနရင္ ကံဆိုးတယ္လို႔ ယူဆတဲ့အထိ ၁၃ ဂဏန္းရဲ့ လႊမ္းမိုးမႈက ႀကီးမားပါတယ္။
ဘာလို႔ေၾကာက္ၾကသလဲ၊ ဘာလို႔ေရွာင္ၾကသလဲဆိုေတာ့ သမိုင္းေၾကာင္းေတြေတာ့ ရွိပါတယ္။
၁။ ခရစ္ယ၁န္သမိုင္းမွာ ေယရႈ႔ကို လုပ္ႀကံတဲ့ သူ႔တပည့္ ယုဒကာ႐ုတ္ Judas Iscariot ဟာ စားပြဲနံပါတ္ ၁၃ မွာ ထိုင္ပါတယ္။
၂။ ဂရိဒဏၰာရီမွာ ဇူးစ္နတ္မင္းႀကီး အပါအဝင္ ဂရိနတ္ဘုရား ဆယ္ႏွစ္ပါးရွိရာမွ ၁၃ ပါးေျမာက္ နတ္ဘုရားအျဖစ္ ဇူးစ္ရဲ့သား Loki ေပၚလာၿပီး သူ႔အေဖ အပါအဝင္ နတ္ဘုရား ၁၂ ပါးလုံးကို Ragnarok လို႔ေခၚတဲ့ ကပ္ဆိုးေတြ က်ေစၿပီး သဝာ္ပစ္ ခဲ့ပါတယ္။
၃။ ေနာက္ ခရစ္ယာန္ သမိုင္းမွာပဲ ေယရႈ႔အသဝာ္ခံရတဲ့ေန႔ဟာလည္း ေသာၾကာေန႔ ျဖစ္လို႔ ေနျပန္ပါတယ္။
၄။ ရိုးရာအရ သတ္မွတ္ထားတာ တစ္ခုက ႀကိဳးမိန႔္ေပးတဲ့ ႀကိဳးစင္ေတြမွလည္း ေလွကားထစ္ ၁၃ ထစ္ ထားရပါတယ္။
၅။ ေရွးအေတြးေတြ မယုံဘူးဆိုၿပီး ေႂကြးေၾကာ္ခဲ့တဲ့ နာဆာရဲ့ အပိုလို ၁၃ လြန္းပ်ံယာဥ္ ဟာလဲ ေအာက္ဆီဂ်င္ကန္ ေပါက္ကြဲၿပီး ပ်က္က်ခဲ့ရပါတယ္။
၆။ ၁၁၁၈ ခုႏွစ္ ဥေရာပမွာ ဘာသာသာသနာကို ကာကြယ္ဖို႔ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ Knights of Templar ဆိုတဲ့ တပ္ဖြဲ႕တစ္ခု ဖြဲ႕စည္းခဲ့ပါတယ္။ ရည္ရြယ္ခ်က္ေကာင္းေပမယ့္ အင္အားႀကီး လာတာေၾကာင့္ ျပင္သစ္ဘုရင္ Philip IV ဟာ ၁၃၀၇ ခုႏွစ္ ေအာက္တိုဘာ ၁၃ ရက္ ေသာၾကာေန႔ မွာ အဲ့သည့္တပ္ဖြဲ႕ဝင္ ရာနဲ႔ခ်ီၿပီး ဖမ္းဆီးသဝာ္ျဖတ္ကို ခံခဲ့ရပါတယ္။
၇။ လူနာမည္က အဂၤလိပ္အကၡရာ ၁၃ လုံးရွိရင္ အဲ့သည့္လူဟာ မေကာင္းမႈမွာ ေမြ႕ေလ်ာ္ၿပီး မေကာင္းမႈနဲ႔ပဲ အက်ိဳးေပးပါသတဲ့။ ဥပမာ(Charles Manson, Jack the Ripper,Jeffrey Dahmer,Theodore Bandy,Albert De Salvo စတဲ့ ဥေရာပက ရာဇဝင္ လူဆိုး၊ဓါးျမေတြျဖစ္ၿပီး ေနာက္တစ္ေယာက္ကေတာ့ လူတိုင္းသိတဲ့ Osmar Binladin ပါ။)မအလလဲ ေပါင္းၾကည့္ေပါ့။
၈။ ၁၈၀၀ ခုႏွစ္လြန္ေတြမွာ အေမရိကန္ျပည္ေထာင္စုမွာ Thirteen Club ဆိုတဲ့ အဖြဲ႕ရွိပါတယ္။ ၁၃ အစြဲကို မယုံတဲ့သူေတြေပါ့။ သူတို႔က ၁၃ ရက္ေန႔ေတြမွာေတြ႕တယ္။
၁၃ ေယာက္အတူ dinner စားတယ္ စသျဖင့္ စသျဖင့္ေပါ့ေလ လုပ္ၾကတာေပါ့။ အဲ့သည့္အဖြဲ႕မွာဆို အေမရိကန္သမၼတ ငါးေယာက္ေတာင္ ပါဖူးပါတယ္။(Benjamin Harrison,Grover Cleveland,William Mckinley,Theodore Roosevelt,Chester A. Arthur တို႔ပါ။)သို႔ေသာ္ တိုက္ဆိုင္တာလားေတာ့ မသိပါဘူး။ ဒီအထဲက သမၼတႏွစ္ေယာက္ လုပ္ႀကံခံ ရပါတယ္
၉။ ေနာက္ၿပီး ၁၂ ဂဏန္းဟာ အလြန္ ၿပီးျပည့္စုံတဲ့ ဂဏန္းလို႔ သတ္မွတ္ၾကပါတယ္။ (နာရီမွာဆို ၁၂ နာရီ ၊လမွာဆို ၁၂ လ၊ ဂရိနတ္ ၁၂ ပါး၊ေယရႉတပည့္ ၁၂ ေယာက္၊မိုဟာမက္ Imams ၁၂ ေယာက္၊ ရာသီခြင္ ၁၂ ခု စသျဖင့္ေပါ့ေလ။
အဲ့လို ျပည့္စုံေနရာက တစ္ခုတိုးၿပီး ၁၃ ျဖစ္သြားတာနဲ႔ အားလုံ းေအာက္ဆုံးကို ထိုးက်သြားတာ ေတြ႕ရမွာ ျဖစ္ပါတယ္။
၁၀။ ေလေၾကာင္းလိုင္းသမိုင္းမွာလဲ ၁၉၇၂ ခုႏွစ္ ေအာက္တိုဘာ ၁၃ ရက္ ေသာၾကာေန႔မွာ Uruguayan Flight 571 ပ်က္က်ၿပီး၂၉ ေယာက္ ဆုံးပါးခဲ့ပါတယ္။ တရက္တည္းမွာပဲ Soviet Aeroflot ပ်က္က်ၿပီး လူေပါင္း ၁၇၄ ေယာက္ ဆုံးပါးခဲ့ပါတယ္။
၁၁။ စပိန္ေတြကေတာ့ ၁၃ နဲ႔တြဲတဲ့ အဂၤါေန႔ကို ပိုေၾကာက္ပါတယ္။ဘာလို႔လဲဆိုေတာ့ စတုတၳ ခ႐ူးဆိတ္ စစ္ပြဲႀကီးဟာ ၁၂၀၄ ခုႏွစ္ ဧၿပီလ ၁၃ ရက္ေန႔မွာ စတင္ခဲ့ၿပီး သူတို႔ေတြ ရႈံးနိမ့္ခဲ့ကာ တူရကီေတြရဲ့ ေအာ္တိုမန္ အင္ပါယာေအာက္ က်သြားခဲ့ ရပါတယ္။
ျမန္မာေတြမွာကေတာ့ လယ္တြင္း ကိုးခရိုင္ေဒသ (ေက်ာက္ဆည္ႏွင့္ ျပင္ဦးလြင္တို႔ ပါဝင္)တြင္ လူကိုးေယာက္ သို႔မဟုတ္ ၁၃ ေယာက္ ခရီးမသြားေကာင္းဟု ယုံၾကည္ၾကပါတယ္။ အဲလို ၉ ေယာက္ျဖစ္ေနရင္ေတာ့ ေမာင္ေက်ာက္ခဲ လိုက္ခဲ့ဆိုၿပီး ခဲတစ္လုံးကို တင္ေခၚသြားၾကပါတယ္။
Credit;…
Unicode
အနောက်နိုင်ငံကလူတွေဟာ သောကြာနေ့နဲ့ ၁၃ ရက်နေ့ တစ်ထပ်တည်း ကျရောက်တဲ့နေ့ကို သိပ်ကြောက်ကြပါတယ်။ အဲဒီနေ့မျိုးကို ကံမကောင်းတဲ့နေ့၊ကံဆိုးတဲ့နေ့အဖြစ် ယူဆထားကြပါတယ်။ အဲလိုနေ့မျိုးမှာ ခရီးသွားလာမှုတွေ၊အရေးကြီး ကိစ္စတွေ မလုပ်ကြပါဘူး။
နောက်ခံသမိုင်းကြောင်း တိတိပပ မရှိသော်လည်း ၁၄ ရာစုကစလို့ ဥရောပမှာ ကြောက်မက်ဖွယ် နေ့စွဲတစ်ခု အနေနဲ့ စတင်လာခဲ့တာပါ။ အခုဆိုရင် အာရှမှာပါ ပျံနှံ့စွဲမြဲလို့ လာခဲ့ပါပြီ။
၁၃ ဂဏန်း သီးသန့် ကြောက်ကြသူများလည်း ရှိပြီး ၎င်းကို ၁၃ ကြောက်ရောဂါ Triskaidekaphobia လို့ ခေါ်ပါတယ်။ သောကြာနေ့နဲ့ပါ တွဲကြောက်နေပြီ ဆိုရင်တော့ Friggatriskaidekaphobia လို့ ခေါ်ပါတယ်။
အထူးသဖြင့် လေကြောင်းလိုင်းတွေနဲ့ ပတ်သတ်ရင် ပိုဆိုးပါတယ်။ ၁၃ ရက်နေ့ သောကြာနေ့မှာ လေယာဉ်မတော်တဆ ဖြစ်ရပ်တွေ အများအပြား ဖြစ်ပွားခဲ့လို့ပဲဖြစ်ပါတယ်။
၁၃ ရက်နေ့ သောကြာနေ့ကို ကြောက်ရွံ့ကြသလို ၁၃ ဂဏန်းကို ကြောက်ရွံကြတာလည်း အတော်များပါတယ်။ တစ်ချို့ဟော်တယ်တွေ၊ ဆေးရုံတွေမှာ ၁၃ ထပ်တို့၊ အခန်းနံပါတ် ၁၃ တို့ကို မထားပဲ ကျော်ထားပါတယ်။
တစ်ချို့ လေယာဉ်ထိုင်ခုံတွေ၊ လေဆိပ်တွေမှာ ဂိတ်နံပါတ် ၁၃ ကို မထားရှိကြသလို တစ်ချို့ဒေသတွေမှာ ညစာစားပွဲမှာ လူ ၁၃ ယောက်ဖြစ်နေရင် ကံဆိုးတယ်လို့ ယူဆတဲ့အထိ ၁၃ ဂဏန်းရဲ့ လွှမ်းမိုးမှုက ကြီးမားပါတယ်။
ဘာလို့ကြောက်ကြသလဲ၊ ဘာလို့ရှောင်ကြသလဲဆိုတော့ သမိုင်းကြောင်းတွေတော့ ရှိပါတယ်။
၁။ ခရစ်ယ၁န်သမိုင်းမှာ ယေရှု့ကို လုပ်ကြံတဲ့ သူ့တပည့် ယုဒကာရုတ် Judas Iscariot ဟာ စားပွဲနံပါတ် ၁၃ မှာ ထိုင်ပါတယ်။
၂။ ဂရိဒဏ္ဏာရီမှာ ဇူးစ်နတ်မင်းကြီး အပါအဝင် ဂရိနတ်ဘုရား ဆယ်နှစ်ပါးရှိရာမှ ၁၃ ပါးမြောက် နတ်ဘုရားအဖြစ် ဇူးစ်ရဲ့သား Loki ပေါ်လာပြီး သူ့အဖေ အပါအဝင် နတ်ဘုရား ၁၂ ပါးလုံးကို Ragnarok လို့ခေါ်တဲ့ ကပ်ဆိုးတွေ ကျစေပြီး သဝာ်ပစ် ခဲ့ပါတယ်။
၃။ နောက် ခရစ်ယာန် သမိုင်းမှာပဲ ယေရှု့အသဝာ်ခံရတဲ့နေ့ဟာလည်း သောကြာနေ့ ဖြစ်လို့ နေပြန်ပါတယ်။
၄။ ရိုးရာအရ သတ်မှတ်ထားတာ တစ်ခုက ကြိုးမိန့်ပေးတဲ့ ကြိုးစင်တွေမှလည်း လှေကားထစ် ၁၃ ထစ် ထားရပါတယ်။
၅။ ရှေးအတွေးတွေ မယုံဘူးဆိုပြီး ကြွေးကြော်ခဲ့တဲ့ နာဆာရဲ့ အပိုလို ၁၃ လွန်းပျံယာဉ် ဟာလဲ အောက်ဆီဂျင်ကန် ပေါက်ကွဲပြီး ပျက်ကျခဲ့ရပါတယ်။
၆။ ၁၁၁၈ ခုနှစ် ဥရောပမှာ ဘာသာသာသနာကို ကာကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Knights of Templar ဆိုတဲ့ တပ်ဖွဲ့တစ်ခု ဖွဲ့စည်းခဲ့ပါတယ်။ ရည်ရွယ်ချက်ကောင်းပေမယ့် အင်အားကြီး လာတာကြောင့် ပြင်သစ်ဘုရင် Philip IV ဟာ ၁၃၀၇ ခုနှစ် အောက်တိုဘာ ၁၃ ရက် သောကြာနေ့ မှာ အဲ့သည့်တပ်ဖွဲ့ဝင် ရာနဲ့ချီပြီး ဖမ်းဆီးသဝာ်ဖြတ်ကို ခံခဲ့ရပါတယ်။
၇။ လူနာမည်က အင်္ဂလိပ်အက္ခရာ ၁၃ လုံးရှိရင် အဲ့သည့်လူဟာ မကောင်းမှုမှာ မွေ့လျော်ပြီး မကောင်းမှုနဲ့ပဲ အကျိုးပေးပါသတဲ့။ ဥပမာ(Charles Manson, Jack the Ripper,Jeffrey Dahmer,Theodore Bandy,Albert De Salvo စတဲ့ ဥရောပက ရာဇဝင် လူဆိုး၊ဓါးမြတွေဖြစ်ပြီး နောက်တစ်ယောက်ကတော့ လူတိုင်းသိတဲ့ Osmar Binladin ပါ။)မအလလဲ ပေါင်းကြည့်ပေါ့။
၈။ ၁၈၀၀ ခုနှစ်လွန်တွေမှာ အမေရိကန်ပြည်ထောင်စုမှာ Thirteen Club ဆိုတဲ့ အဖွဲ့ရှိပါတယ်။ ၁၃ အစွဲကို မယုံတဲ့သူတွေပေါ့။ သူတို့က ၁၃ ရက်နေ့တွေမှာတွေ့တယ်။
၁၃ ယောက်အတူ dinner စားတယ် စသဖြင့် စသဖြင့်ပေါ့လေ လုပ်ကြတာပေါ့။ အဲ့သည့်အဖွဲ့မှာဆို အမေရိကန်သမ္မတ ငါးယောက်တောင် ပါဖူးပါတယ်။(Benjamin Harrison,Grover Cleveland,William Mckinley,Theodore Roosevelt,Chester A. Arthur တို့ပါ။)သို့သော် တိုက်ဆိုင်တာလားတော့ မသိပါဘူး။ ဒီအထဲက သမ္မတနှစ်ယောက် လုပ်ကြံခံ ရပါတယ်
၉။ နောက်ပြီး ၁၂ ဂဏန်းဟာ အလွန် ပြီးပြည့်စုံတဲ့ ဂဏန်းလို့ သတ်မှတ်ကြပါတယ်။ (နာရီမှာဆို ၁၂ နာရီ ၊လမှာဆို ၁၂ လ၊ ဂရိနတ် ၁၂ ပါး၊ယေရှူတပည့် ၁၂ ယောက်၊မိုဟာမက် Imams ၁၂ ယောက်၊ ရာသီခွင် ၁၂ ခု စသဖြင့်ပေါ့လေ။
အဲ့လို ပြည့်စုံနေရာက တစ်ခုတိုးပြီး ၁၃ ဖြစ်သွားတာနဲ့ အားလုံ းအောက်ဆုံးကို ထိုးကျသွားတာ တွေ့ရမှာ ဖြစ်ပါတယ်။
၁၀။ လေကြောင်းလိုင်းသမိုင်းမှာလဲ ၁၉၇၂ ခုနှစ် အောက်တိုဘာ ၁၃ ရက် သောကြာနေ့မှာ Uruguayan Flight 571 ပျက်ကျပြီး၂၉ ယောက် ဆုံးပါးခဲ့ပါတယ်။ တရက်တည်းမှာပဲ Soviet Aeroflot ပျက်ကျပြီး လူပေါင်း ၁၇၄ ယောက် ဆုံးပါးခဲ့ပါတယ်။
၁၁။ စပိန်တွေကတော့ ၁၃ နဲ့တွဲတဲ့ အင်္ဂါနေ့ကို ပိုကြောက်ပါတယ်။ဘာလို့လဲဆိုတော့ စတုတ္ထ ခရူးဆိတ် စစ်ပွဲကြီးဟာ ၁၂၀၄ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှာ စတင်ခဲ့ပြီး သူတို့တွေ ရှုံးနိမ့်ခဲ့ကာ တူရကီတွေရဲ့ အော်တိုမန် အင်ပါယာအောက် ကျသွားခဲ့ ရပါတယ်။
မြန်မာတွေမှာကတော့ လယ်တွင်း ကိုးခရိုင်ဒေသ (ကျောက်ဆည်နှင့် ပြင်ဦးလွင်တို့ ပါဝင်)တွင် လူကိုးယောက် သို့မဟုတ် ၁၃ ယောက် ခရီးမသွားကောင်းဟု ယုံကြည်ကြပါတယ်။ အဲလို ၉ ယောက်ဖြစ်နေရင်တော့ မောင်ကျောက်ခဲ လိုက်ခဲ့ဆိုပြီး ခဲတစ်လုံးကို တင်ခေါ်သွားကြပါတယ်။