ၾကားသိရသမွ်

ရပ်တည်ချက်မတူညီကြတော့တဲ့ နှင်းဆီအဖွဲ့ကနေ နုတ်ထွက်လိုက်ပြီ ဖြစ်တဲ့ ပြည်သူချစ်အနုပညာရှင် မင်းမော်ကွန်း

ပြည်သူချစ်အနုပညာရှင် မင်းမော်ကွန်း နှင်းဆီအဖွဲ့က နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း အတည်ပြုစကားဆိုလိုက်တဲ့ ကိုရဲမင်း (AAC)

ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်နေတဲ့ သရုပ်ဆောင်မင်းမော်ကွန်းဟာ လက်ရှိမှာတော့ လွတ်မြောက်နယ်မြေတစ်နေရာမှာရောက်ရှိနေခဲ့ပြီး ကိုယ်တတ်နိုင်တဲ့ဖက်ကနေ အာဏာရှင်ကို တော်လှန်ရေးမှာ အစွမ်းကုန်ပါဝင်နေခဲ့ပါတယ်။

အနုပညာသမား အဖြစ်ကနေ အောင်မြင်မှုတွေကို စွန့်လွှတ်ကာ မတရားမှုကိုတော်လှန်သူအဖြစ် ရဲရဲဝံ့ဝံ့ကူးပြောင်းခဲ့ပြီးနောက် ကိုယ့်ရဲ့ရပ်တည်ချက်အတွက်လည်း နောက်မဆုတ်တမ်းတိုက်ပွဲဝင်နေခဲ့ပါတယ်။

“ကိုကျော် နှင်းဆီအဖွဲ့က နှုတ်ထွက်လိုက်တာ
သတင်းအမှန်ပါ ရပ်တည်ချက် ခံယူချက်
မတူသူတွေနဲ့ လမ်းခွဲလိုက်တာဖြစ်ပြီး
အနုပညာအလုပ်တွေ အတူလုပ်ခဲ့ကြတာ
မမေ့ပါဘူး ချစ်ခြင်းမုန်းခြင်းမပါဘူးလို့
ကိုကျော်က ပြောပါတယ်…

ကျွန်တော်တို့ရဲ့ နှလုံးလှလူမိုက်ကြီးကို
တော်လှန်ရေးကာလအလွန်မှာ
ပိုအားပေးကြတာပေါ့……🌹”

ဝါရင့်သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်းဟာ နှင်းဆီအဖွဲ့ကနေ နုတ်ထွက်လိုက်ပြီလို့ သိရပါတယ်။

ချစ်ခြင်းမုန်းခြင်း မရှိဘဲ နုတ်ထွက်သွားတာဖြစ်တယ်လို့ ၎င်းနဲ့နီးစပ်တဲ့ မိတ်ဆွေတွေကနေ အတည်ပြုပေးချက်အရ သိရတာပါ။

ပြည်သူချစ် အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် မင်းမော်ကွန်းက ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခံထားရတဲ့အတွက်ကြောင့် ယခုလတ်တလောမှာတော့ တိမ်းရှောင်နေရတာပဲ ဖြစ်ပါတယ်။

မင်းမော်ကွန်းဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု စတင်ဖြစ်ပေါ်ကတည်းက ပြည်သူတွေ နဲ့ အတူ တစ်သားတည်း၊ တစ်စိတ်တည်း ရပ်တည်ကာ CDM မှာလဲ ပါဝင်ခဲ့ပြီး လူထု ဆန္ဒထုတ်ဖော်ပွဲတွေမှာလဲ ပြည်သူတွေ နဲ့အတူ တစ်ရက်မှမပြတ် တိုက်ပွဲဝင်နေခဲ့တာပဲ ဖြစ်ပါတယ်။

တော်လှန်ရေး မီးဟာ လောင်မြိုက်လာခဲ့တာ နွေဦးတော်လှန်ရေးကနေ သုံးရာသီပြောင်းခဲ့ပြီး အခုဆိုရင် ၁ နှစ် ပြည့်ခဲ့ပြီဖြစ်ပါတယ်။ အခက်အခဲတွေ ဘယ်လောက်ရှိရှိ လက်မလျော့ဘဲ အမှန်တရားဘင်က ရပ်တည်ပေးနေတဲ့ ကိုမင်းမော်ကွန်းရဲ့ စိတ်ဓာတ်ကို ပရိသတ်တွေက လေးစားအားကျနေတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေ ချစ်ခင်အားပေးကြတဲ့ နှင်းဆီအဖွဲ့ကိုတော့ နာမည်ကြီးအနုပညာရှင်တွေဖြစ်ကြတဲ့ မင်းမော်ကွန်း၊နေတိုး၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း၊ ရဲလေး၊ မေကဗျာ နဲ့ မိုးယုစံ၊ ဖူးစုံနှင့် မိုးပြည့်ပြည့်မောင်တို့ဖြင့် ဖွဲ့စည်းထားကြတာပါ။

သူတို့အဖွဲ့လေးဟာ ဆယ်စုနှစ်ကျော်တိုင်အောင် အားလုံးရယ်မောပျော်ရွှင်နိုင်အောင် အငြိမ့်ဖျော်ဖြေပွဲတွေ တစ်နှစ်တစ်ခါကျင်းပပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

Newsfeed Myanmar