ၾကားသိရသမွ်

လက္ေတာင္တုန္တယ္ ေပ်ာ္လို႔ (၃)ရက္ထဲနဲ႔ အိမ္ေျခယာမဲ့ ခေလးေတြမဟုတ္ေတာ့ပါဘူးး

လက္ေတာင္တုန္တယ္ ေပ်ာ္လို႔ (၃)ရက္ထဲနဲ႔ အိမ္ေျခယာမဲ့ ခေလးေတြမဟုတ္ေတာ့ပါဘူးး

ျပည္သူေတြ အရမ္းညီလို႔ ခု(၁၆၀၀၀၀)တန္ အခန္းကို တႏွစ္ ခ်ဳပ္ဖို႔ စရံ (၅)သိန္းေတာင္သြင္းေပးခဲ့ပါၿပီ ခုကာလ ပုန္းေနေျပးေန အိပ္ဖို႔ ပူေနစရာမလိုေတာ့ပါဘူး အိမ္ရွင္ကသေဘာေကာင္းေတာ့ စာခ်ဳပ္က လကုန္ေပမယ့္ ဒီေန႔ကတည္းက အိပ္ခိုင္းလို႔ ကေလးေတြ ငိုမတတ္ ေပ်ာ္ေနၾကပါၿပီ

အိမ္ရွင္ကိုလဲ ေသခ်ာအပ္ေပးခဲ့ပါတယ္ ဒီေန႔ ေစ်းလဲ အရမ္းေရာင္းရပါတယ္ အလႉရွင္ေတြလဲ အရမ္းမ်ားေတာ့ တႏွစ္စာ အခန္းစာခ်ဳပ္ခ အျပင္ ကိုပိုပါတယ္ သူတို႔အတြက္ စားစရိတ္ ရံပုံေငြ အျပင္ စက္ဘီးေလး တစ္စီးဝယ္ေပးမယ္ အျခားပစၥည္းေလးေတြ ဆက္ေရာင္းဖို႔ ရင္းေပးမယ္ ပညာဆက္သင္ဖို႔ လုပ္ေပးပါမယ္

ခုခ်ိန္လႉဒါန္း ၿပီး ေနာင္ သူတို႔ေရွ႕ေရးအတြက္ စိတ္ပူေနၾကမွာသိပါတယ္ ဒါမယ့္ ဒီရပ္ကြက္ထဲမွာမို႔ စိတ္မပူပါနဲ႔ ဟုတ္ ပစ္မထားပါဘူး ဟုတ္ ဆက္ၾကည့္႐ူေပးသြားပါမယ္ ပန္းေရာင္းခိုင္းတာလဲ သူတို႔အသားမက်ေသးသ၍ က်ေတာ္ အရင္းစိုက္ေပးထားပါတယ္ ထမင္းလဲ ေကၽြးထားပါတယ္ အတတ္ေမြးဝမ္းေက်ာင္းပညာလဲ ဆက္သင္ေပးသြားပမယ္ သူတို႔ဝါသနာပါသမၽွ ေမးၿပီးးး

ကေလးေတြ လိမ္မာလို႔လဲ တာဝန္ယူလုပ္ေပးရဲတာပါဟုတ္ က်ေတာ့္ေပၚ အမွန္တကယ္ ရိုးသားပါတယ္ စကားေသခ်ာေျပာၾကည့္ၿပီး စိတ္ေနသေဘာထား ေလ့လာ ေစာင့္ၾကည့္ခဲ့ပါတယ္ က်ေတာ့္စကားလဲ နားေထာင္ပါတယ္ အလုပ္လဲ မညည္းညဴေတာ့ျပည္သူေတြကလဲ ခ်စ္ဖို႔ေကာင္းလြန္းေတာ့ ျမန္လိုက္တာဆိုတာ ဒီလိုကာလေတာင္ ကေလးေတြ ကံကလဲ မေနေတာ့ဘူးးး

သူတို႔အက်ိဳးသူတို႔ခံစားရတာပါ ဟုတ္ အရမ္းေပ်ာ္ေနလို႔ ဘာေရးရမွန္းေတာင္မသိပါဘူးး အလႉရွင္ေတြလဲ စာရင္းအၾကမ္းလုပ္ထားတာ နာမည္မပါရင္ေျပာပါေနာ္ မနက္ ၆ ကေန ညထိ ကေလးေတြနဲ႔ အတူ အသားက်ေအာင္ ပန္းထိမ္းသိမ္းတာ အကုန္ လိုက္လုပ္ေပးေနရေတာ့ reply ေနာက္က်မိပါတယ္ ပန္းေကာ အျခား ျပည္တြင္းျဖစ္ အစားအေသာက္ေတြေကာ တင္ေရာင္းခိုင္းမွာမို႔ ဆက္ၿပီး အားေပးၾကပါေနာ္

ကၽြန္းေတာလမ္းနဲ႔ ငွက္ေပ်ာေတာလမ္းေထာင့္စမ္းေခ်ာင္း မနက္ ၆-၁၀ ညေန ၄-၆ ထိ ပါ တစ္ေယာက္ခ်င္စီတိုင္းကို ကေလးေတြကိုယ္စား ေက်းဇူးတင္ရပါတယ္ မသိေတာ့ဘူး ေပ်ာ္တယ္ ေနာက္ဆုံးမွာ video ေလးလဲ ပါပါတယ္ က်ေတာ့္ လုပ္သမၽွ ယုံၾကည္အားေပးၾကလို႔လဲ အားအရမ္းရွိရပါတယ္

&;

unicode

လက်တောင်တုန်တယ် ပျော်လို့ (၃)ရက်ထဲနဲ့ အိမ်ခြေယာမဲ့ ခလေးတွေမဟုတ်တော့ပါဘူးး

ပြည်သူတွေ အရမ်းညီလို့ ခု(၁၆၀၀၀၀)တန် အခန်းကို တနှစ် ချုပ်ဖို့ စရံ (၅)သိန်းတောင်သွင်းပေးခဲ့ပါပြီ ခုကာလ ပုန်းနေပြေးနေ အိပ်ဖို့ ပူနေစရာမလိုတော့ပါဘူး အိမ်ရှင်ကသဘောကောင်းတော့ စာချုပ်က လကုန်ပေမယ့် ဒီနေ့ကတည်းက အိပ်ခိုင်းလို့ ကလေးတွေ ငိုမတတ် ပျော်နေကြပါပြီ

အိမ်ရှင်ကိုလဲ သေချာအပ်ပေးခဲ့ပါတယ် ဒီနေ့ စျေးလဲ အရမ်းရောင်းရပါတယ် အလှူရှင်တွေလဲ အရမ်းများတော့ တနှစ်စာ အခန်းစာချုပ်ခ အပြင် ကိုပိုပါတယ် သူတို့အတွက် စားစရိတ် ရံပုံငွေ အပြင် စက်ဘီးလေး တစ်စီးဝယ်ပေးမယ် အခြားပစ္စည်းလေးတွေ ဆက်ရောင်းဖို့ ရင်းပေးမယ် ပညာဆက်သင်ဖို့ လုပ်ပေးပါမယ်

ခုချိန်လှူဒါန်း ပြီး နောင် သူတို့ရှေ့ရေးအတွက် စိတ်ပူနေကြမှာသိပါတယ် ဒါမယ့် ဒီရပ်ကွက်ထဲမှာမို့ စိတ်မပူပါနဲ့ ဟုတ် ပစ်မထားပါဘူး ဟုတ် ဆက်ကြည့်ရူပေးသွားပါမယ် ပန်းရောင်းခိုင်းတာလဲ သူတို့အသားမကျသေးသ၍ ကျတော် အရင်းစိုက်ပေးထားပါတယ် ထမင်းလဲ ကျွေးထားပါတယ် အတတ်မွေးဝမ်းကျောင်းပညာလဲ ဆက်သင်ပေးသွားပမယ် သူတို့ဝါသနာပါသမျှ မေးပြီးးး

ကလေးတွေ လိမ်မာလို့လဲ တာဝန်ယူလုပ်ပေးရဲတာပါဟုတ် ကျတော့်ပေါ် အမှန်တကယ် ရိုးသားပါတယ် စကားသေချာပြောကြည့်ပြီး စိတ်နေသဘောထား လေ့လာ စောင့်ကြည့်ခဲ့ပါတယ် ကျတော့်စကားလဲ နားထောင်ပါတယ် အလုပ်လဲ မညည်းညူတော့ပြည်သူတွေကလဲ ချစ်ဖို့ကောင်းလွန်းတော့ မြန်လိုက်တာဆိုတာ ဒီလိုကာလတောင် ကလေးတွေ ကံကလဲ မနေတော့ဘူးးး

သူတို့အကျိုးသူတို့ခံစားရတာပါ ဟုတ် အရမ်းပျော်နေလို့ ဘာရေးရမှန်းတောင်မသိပါဘူးး အလှူရှင်တွေလဲ စာရင်းအကြမ်းလုပ်ထားတာ နာမည်မပါရင်ပြောပါနော် မနက် ၆ ကနေ ညထိ ကလေးတွေနဲ့ အတူ အသားကျအောင် ပန်းထိမ်းသိမ်းတာ အကုန် လိုက်လုပ်ပေးနေရတော့ reply နောက်ကျမိပါတယ် ပန်းကော အခြား ပြည်တွင်းဖြစ် အစားအသောက်တွေကော တင်ရောင်းခိုင်းမှာမို့ ဆက်ပြီး အားပေးကြပါနော်

&;

ကျွန်းတောလမ်းနဲ့ ငှက်ပျောတောလမ်းထောင့်စမ်းချောင်း မနက် ၆-၁၀ ညနေ ၄-၆ ထိ ပါ တစ်ယောက်ချင်စီတိုင်းကို ကလေးတွေကိုယ်စား ကျေးဇူးတင်ရပါတယ် မသိတော့ဘူး ပျော်တယ် နောက်ဆုံးမှာ video လေးလဲ ပါပါတယ် ကျတော့် လုပ်သမျှ ယုံကြည်အားပေးကြလို့လဲ အားအရမ်းရှိရပါတယ်