ၾကားသိရသမွ်

မိဘလုပ်စာစားပြီး လက်သည်းနီ၊ခြေသည်းနီနဲ့နေခဲ့တဲ့ဘဝကနေ လက်နက်ကိုင် PDFဘဝကိုခံယူဖြစ်ခဲ့တဲ့အကြောင်းရင်းကို ဖွင့်ဟလာတဲ့အမျိုးသမီးတစ်ဦး

နွေဦးတော်လှန်ရေးမှာတော့ ပြည်သူတွေက ရရာနေရာကနေ အာဏာရှင်ကို နည်းလမ်းမျိုးစုံနဲ့ တော်လှန်နေကြတာပဲ ဖြစ်ပါတယ် ။

ကိုယ်တတ်စွမ်းသလောက် တစ်ထောင့်တစ်နေရာကနေ ပါဝင်လှုပ်ရှားနေကြတဲ့ ပြည်သူတွေက ဘယ်တော့မှအရှုံးမပေးဘူးဆိုတဲ့ စိတ်ဓာတ်ကို ခံယူထားကြတာ ဖြစ်ပါတယ် ။

အခုဆိုရင် မြို့နယ်အသီးသီးမှာ သက်ဆိုင်ရာ PDF တပ်ဖွဲ့တွေ ဖွဲ့စည်းထားပြီး အာဏာရှင်ဆန့်ကျင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ် ။

ဝန်းသိုမြို့နယ်မှာဆိုရင်လည်း “Wuntho People Defense Force-WPDF” ကိုဖွဲ့စည်းခဲ့ပြီးပြီ ဖြစ်ပါတယ် ။ WPDF အဖွဲ့မှာတော့ အမျိုးသားတွေသာမက အမျိုးသမီးတွေပါ တာဝန်ထမ်းဆောင်နေကြတာ ဖြစ်ပါတယ် ။

အခုလည်း WPDF က အဖွဲ့ဝင်အမျိုးသမီးတစ်ဦးက အခုလိုမျိုး လက်နက်စွဲကိုင် တော်လှန်ရတဲ့ PDF ဘဝကို ခံယူဖြစ်ခဲ့တဲ့အကြောင်းရင်းကို ပြောပြခဲ့တာ ဖြစ်ပါတယ် ။

သူမကတော့ “ကျွန်မမလုပ်နိုင်ပါဘူး ဒါပေမဲ့ မလုပ်နိုင်ဘူးဆိုပြီး ထိုင်နေတဲ့လူတွေထက်စာရင် ကျွန်မသူရဲကောင်း အဖြစ်နဲ့ သေချင်တယ်။” ဆိုပြီး ပြတ်သားတဲ့ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့တာ ဖြစ်ပါတယ် ။

သူမအနေနဲ့ အခက်အခဲတွေကြားမှာ ရုန်းကန်ရချိန်မှာ အိမ်ထမင်းကိုလွမ်းပေမယ့် စစ်ဘေးရှောင်ပြည်သူတွေ ရှိနေသေးပါလားဆိုတဲ့အတွေးနဲ့ အံကိုကြိတ်ပြီး ရှေ့ဆက်နေတာလည်း ဖြစ်ပါတယ် ။

အရင်ကဆိုရင် မိဘလုပ်စာထိုင်စားပြီး အေးဆေးနေခဲ့ရပေမယ့် အခုတော့ ကိုယ်တိုင်ပါဝင်မှဖြစ်မယ်ဆိုတဲ့ အတွေးနဲ့လုပ်နိုင်ခဲ့ကြောင်း၊ အားနွဲ့တဲ့မိန်းမသားတွေတောင် ရရာနေရာကနေ ပါဝင်နေပြီဖြစ်ကြောင်း သူမကပြောပြခဲ့တာ ဖြစ်ပါတယ် ။ ဒါကြောင့် ဝန်းသိုမြို့က မိဘပြည်သူတွေကိုလည်း အားတင်းထားဖို့နဲ့ တတ်နိုင်တဲ့နေရာကနေ ပါဝင်ပေးဖို့အတွက် WPDFအဖွဲ့ဝင် အမျိုးသမီးတစ်ဦးက တောင်းဆိုထားတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-“Wuntho People Defense Force-WPDF” FB Page