တစ်ယောက်ထဲဆိုလည်း အဆင်ပြေတယ်ဆိုတဲ့မိန်းကလေးတွေအတွက်တော့ တစ်ခါတစ်ရံ ၊ ခရစ်စမတ်နေ့ ၊ ချစ်သူများနေ့ စတဲ့နေ့တွေမှာ အနည်းငယ်တွေ အထီးကျန်သလိုခံစားမိကြမှာပါ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ တရုတ်နိုင်ငံက shopping centers တွေကတော့ အဆိုပါမိန်းကလေးတွေ ဈေးဝယ်ထွက်ရင် အထီးကျန်မှုမဖြစ်အောင် ချစ်သူကောင်လေး အငှါးပေးတဲ့စီးပွားရေးမျိုး စတင်ခဲ့ပါပြီ ။ ကောင်လေးတွေက အရုပ်မတွေထည့်တဲ့ ဘူးလေးတွေထဲမှာ နေရာယူထားပြီး မိန်းကလေးတွေကြိုက်တဲ့ကောင်လေးမျိုး ငှါးရမ်းလို့ရပါတယ် ။

ငှါးရမ်းခ တစ်နာရီမှာတော့ 2ယွမ်ခန့် ကျသင့်မှာဖြစ်ကြောင့် ၊ ငှါးရမ်းခကိုတော့ ဘူးခွံမှာကပ်ထားတဲ့ QR Code ကနေ ပေးချေရမှာဖြစ်ကြောင်း သိရပါတယ် ။ အထီးကျန်နေတဲ့ မိန်းကလေးတွေ အတော်များများကတော့ ကိုယ်ကြိုက်တဲ့ ချစ်သူကောင်လေးတွေ ရွေးချယ်ဖို့ center အတွင်းမှာ ပြည့်ကြပ်နေလျက်ရှိကြောင်း သိရပါတယ် ။

ချစ်သူကောင်လေးတွေကတော့ အိတ်များကိုင်ပေးခြင်း ၊ ဓာတ်ပုံရိုက်ပေးခြင်း ၊ စကားစမြည်းပြောဆိုခြင်းနဲ့ ဈေးဝယ်အတူထွက်ခြင်းစတဲ့ ဝန်ဆောင်မှုမျိုးကိုသာ ပေးရမှာပါ ။ စည်းကမ်းချက်များအရ အသက် 20 အရွယ်မိန်းကလေးတွေနဲ့ ထိတွေ့ဖို့ လုံးဝမခွင့်ပြုထားကြောင်း သိရှိရပါတယ် ။ အထီးကျန်တဲ့မိန်းကလေးတွေအတွက်တော့ တစ်ရက်သာ စိတ်အပန်းဖြေရာ ဝန်ဆောင်မှုလို့ပြောရမှာပါပဲလေ ။

.

.

.

.

Jasmine (Mckzone Daily)

Source : elitereaders
Unicode