ၾကားသိရသမွ်

လမ်းမကြီးဘေးမှာ မိုးကြီးလို့ အော်ဟစ်ငိုကြွေးနေခဲ့တဲ့ သမီးလေးကို ထွေးပွေ့ထားခဲ့တဲ့ဖခင်

ပြီးခဲ့တဲ့ရက်က ဗီယက်နမ်နိုင်ငံ Hanoi မြို့မှာ မိုးအတော်လေးကိုကြီးလို့ မြို့ထဲရေကြီးမှုတွေဖြစ်ခဲ့တဲ့အပြင် ၊ ဆိုင်ကယ်သမားတွေမှာလည်း ဆက်ပြီးမောင်းနှင်လို့ မရတော့လို့ တံတားအောက်မှာ မိုးခိုခဲ့ရပါတယ် ။ ထိုအချိန်မှာပဲ Lien Phoong Pham အမည်နဲ့ အမျိုးသားတစ်ယောက်က ကြည်နူးစရာအဖြစ်အပျက်ဓာတ်ပုံလေးကို Facebook စာမျက်နှာမှာ ဝေမျှခဲ့ပါတယ် ။ မိသားစုတစ်စုဟာ ဆိုင်ကယ်နဲ့မောင်နင်လာရင်း မိုးကြီးလို့ တံတားအောက်မှာဝင်နားခဲ့ရတာပါ ။ ထိုအချိန်မှာပဲ မိုးကြိုးပစ်သံတွေ ၊ လျှပ်စီးသံတွေကြောင့် သမီးငယ်လေးဟာ အတော်လေးလန့်ပြီး အော်ငိုနေခဲ့တာပါ ။ မိခင်ဖြစ်သူမှာတော့ ဆိုင်ကယ်ကိုစောင့်ကြည့်နေခဲ့တာပါ ။

ဖခင်ဖြစ်သူမှာတော့ သမီးလေးကိုထွေးပွေ့ပြီး မငိုနဲ့ အဖေရှိတယ် ၊ အဖေကာကွယ်ပေးမယ် ဆိုပြီး တဖွဖွပြောကာ သမီးလေးအငိုတိတ်အောင်ကြိုးစားခဲ့ပါတယ် ။ မကြာခင်မှာဘဲ သမီးလေးလည်း အငိုတိတ်ပြီး မိုးကြီးတာကိုတောင်ဂရုမစိုက်နိုင်ဘဲ ဖခင်နဲ့ဆော့ကစားနေခဲ့ပါတယ် ။

မိုးတိတ်သွားခဲ့ချိန်မှာတော့ ဖခင်ဖြစ်သူဟာ တက္ကစီကားငှါးပြီး ဇနီး နဲ့ သမီးကို အရင်ပြန်ခိုင်းခဲ့ပါတယ် ။ တစ်ကယ့်ကို နွေးထွေးကြင်နာစရာကောင်းလွန်းလှတဲ့ မြင်ကွင်းလို့ ပြောရမှာပါပဲ ။

Jasmine (Mckzone Daily)

Source : thesmartlocal

Unicode