ၾကားသိရသမွ်

ရဟန်း(၃)ပါးရဲ့ မယ်တော်ဆိုတာအမေ သိပါတယ် သားဒါပေမဲ့ ဒီအဖြစ်ပျက်ဆိုးကြီးကို Seemore…

ရဟန္း(၃)ပါးရဲ႕ မယ္ေတာ္ဆိုတာအေမ သိပါတယ္ သားဒါေပမဲ့ ဒီအျဖစ္ပ်က္ဆိုးႀကီးကို

အေမ ဘယ္လိုမွ လက္မခံႏိုင္ မေျဖႏိုင္ဘူး သားသမီးငယ္နဲ႔ ငါ့သား ခ်ဥ္ဆီတူတယ္လို႔

သတင္းၾကားေတာ့ အေမျဖစ္ ဝမ္းသာလိုက္တာေခတ္မွီေဆးဝါးဓာတ္စာေတြနဲ႔ ကုသလို႔ ေပ်ာက္ကင္းက်မၼာၿပီး

အေမ့ဆီကို ၿပဳံးၿပဳံးႀကီးနဲ႔ ေလယာဥ္ႀကီးစီးလို႔ျပန္လာေတာ့မွာပဲလို႔ ေတြးၿပီးေပ်ာ္လိုက္တာျဖစ္ မေျပာပါနဲ႔ သား

ငါ့သားက ျပန္လာပါတယ္ဒါေပမဲ့ ငါ့သား ျပန္လာတာကအေမတို႔ဆီကို ဘယ္ေတာ့မွ ျပန္မလာျခင္းမ်ိဳ႕နဲ႔ ျပန္လာတာေလ

ျဖစ္ႏိုင္ရင္ ေလာကႀကီးကို အေမ တရားစြဲခ်င္တယ္ သားျဖစ္ခဲ့သမွ် တေန႔ပ်က္ရမယ္ဆိုတာ

ငါ့သားတို႔ ေဟာျပဆုံးမထားလို႔အေမ ေကာင္းေကာင္းႀကီး သေဘာေပါက္ နားလည္ခဲ့ပါတယ္

သားဒါေပမဲ့ အေႂကြေစာခဲ့တယ္လို႔ ေတြးလိုက္တိုင္း အေမ ဘယ္လိုမွ မေျဖဆည္းႏိုင္ဘူး

သားပြင့္ခ်ပ္တေဝေဝ ဝတ္ဆံတသင္းသင္းနဲ႔ ေလာကအလယ္မွာ လွပေနတဲ့ငါ့သားကိုမွ ေသမင္းက ခူးဆြတ္လို႔ အသုံးေတာ္ ခံခ်င္သလားကြယ္

မတရားလိုက္တာျဖစ္ႏိုင္ရင္ ငါ့သားနဲ႔ အေမ ေနရာခ်င္ လဲလိုက္ခ်င္တာ

အို…မရဏေသမင္း သင့္ မ်က္စိေတြ မႈန္ေနသလား ဝါးေနသလားပါဝါေလးတပ္ၿပီးေသခ်ာၾကည့္ပါဦး

အခု သင္ေခၚလိုက္တဲ့ သူကသာသနာရဲ႕ ပိဋကပ္တိုက္ႀကီး ေလာကႀကီးရဲ႕ လမင္းႀကီးမိသားစုနဲ႔တစ္ႏိုင္ငံလုံးရဲ႕ သည္းဦးညႇာခိုင္ႀကီးဆိုတာ

သင္ မသိေရာ့ေလသလားမတတ္ႏိုင္ သည္းဆိုင္ ႏႊမ္းလွ်ေပါ့

ေသာကလႈိင္းဒဏ္ကို အေမခံစားရင္းလက္မႈိင္ခ်ကာ ႏႈတ္ဆက္လိုက္မယ္

သြားႏွင့္ေပေတာ့ အေမ့ သားေတာ္ဆုေတာင္းကာ ေပးလိုက္မယ္ကြယ္

ေနာက္ဝယ္ဘဝ ရွိပါကဒီလိုေရာဂါေဝဒနာဆိုးမ်ိဳးနဲ႔ မႀကဳံေတြ႕ပါေစနဲ႔

အေမ့သားေတာ္ေရ😢😢🙏🙏🙏

ခရက္ဒစ္

Unicode

ရဟန်း(၃)ပါးရဲ့ မယ်တော်ဆိုတာအမေ သိပါတယ် သားဒါပေမဲ့ ဒီအဖြစ်ပျက်ဆိုးကြီးကို

အမေ ဘယ်လိုမှ လက်မခံနိုင် မဖြေနိုင်ဘူး သားသမီးငယ်နဲ့ ငါ့သား ချဉ်ဆီတူတယ်လို့

သတင်းကြားတော့ အမေဖြစ် ဝမ်းသာလိုက်တာခေတ်မှီဆေးဝါးဓာတ်စာတွေနဲ့ ကုသလို့ ပျောက်ကင်းကျမ္မာပြီး

အမေ့ဆီကို ပြုံးပြုံးကြီးနဲ့ လေယာဉ်ကြီးစီးလို့ပြန်လာတော့မှာပဲလို့ တွေးပြီးပျော်လိုက်တာဖြစ် မပြောပါနဲ့ သား

ငါ့သားက ပြန်လာပါတယ်ဒါပေမဲ့ ငါ့သား ပြန်လာတာကအမေတို့ဆီကို ဘယ်တော့မှ ပြန်မလာခြင်းမျို့နဲ့ ပြန်လာတာလေ

ဖြစ်နိုင်ရင် လောကကြီးကို အမေ တရားစွဲချင်တယ် သားဖြစ်ခဲ့သမျှ တနေ့ပျက်ရမယ်ဆိုတာ

ငါ့သားတို့ ဟောပြဆုံးမထားလို့အမေ ကောင်းကောင်းကြီး သဘောပေါက် နားလည်ခဲ့ပါတယ်

သားဒါပေမဲ့ အကြွေစောခဲ့တယ်လို့ တွေးလိုက်တိုင်း အမေ ဘယ်လိုမှ မဖြေဆည်းနိုင်ဘူး

သားပွင့်ချပ်တဝေဝေ ဝတ်ဆံတသင်းသင်းနဲ့ လောကအလယ်မှာ လှပနေတဲ့ငါ့သားကိုမှ သေမင်းက ခူးဆွတ်လို့ အသုံးတော် ခံချင်သလားကွယ်

မတရားလိုက်တာဖြစ်နိုင်ရင် ငါ့သားနဲ့ အမေ နေရာချင် လဲလိုက်ချင်တာ

အို…မရဏသေမင်း သင့် မျက်စိတွေ မှုန်နေသလား ဝါးနေသလားပါဝါလေးတပ်ပြီးသေချာကြည့်ပါဦး

အခု သင်ခေါ်လိုက်တဲ့ သူကသာသနာရဲ့ ပိဋကပ်တိုက်ကြီး လောကကြီးရဲ့ လမင်းကြီးမိသားစုနဲ့တစ်နိုင်ငံလုံးရဲ့ သည်းဦးညှာခိုင်ကြီးဆိုတာ

သင် မသိရော့လေသလားမတတ်နိုင် သည်းဆိုင် နွှမ်းလျှပေါ့

သောကလှိုင်းဒဏ်ကို အမေခံစားရင်းလက်မှိုင်ချကာ နှုတ်ဆက်လိုက်မယ်

သွားနှင့်ပေတော့ အမေ့ သားတော်ဆုတောင်းကာ ပေးလိုက်မယ်ကွယ်

နောက်ဝယ်ဘဝ ရှိပါကဒီလိုရောဂါဝေဒနာဆိုးမျိုးနဲ့ မကြုံတွေ့ပါစေနဲ့

အမေ့သားတော်ရေ😢😢🙏🙏🙏

ခရက်ဒစ်