ၾကားသိရသမွ်

နာမည်ကြီး ဘောလုံးအသင်း တစ်သင်းလုံး စစ်ထဲဝင်ကာ လက်နတ်ပြောင်းကိုင်ခဲ့ကြပါပြီ….

ယူကရိန်းနာမည်ကျော်ကလပ်ဒိုင်နမိုကိဗ်အသင်းက ယူကရိန်းကစားသမားတွေဟာ သူတို့ရဲ့ ဘောလုံးအားကစားဝတ်စုံတွေကို ချွတ်ပြီး စစ်တပ်ယူနီဖောင်းကို ပြောင်းလဲဝတ်ဆင်ခဲ့ကြပြီဖြစ်ပါတယ်။

ယူကရိန်းလိဂ်မှာကစားနေတဲ့ နိုင်ငံခြားသားကစားသမားတွေဟာ နီးစပ်ရာနိုင်ငံတွေထဲကို ထွက်ခွာခဲ့ကြပြီး ယူကရိန်းကစားသမားတွေကတော့ တိုင်းပြည်တွင်းမှာ ကျန်နေရစ်ခဲ့ပါတယ်။

ဒီအချိန်မှာ ဒိုင်နမိုကိဗ်အသင်းက ယူကရိန်းကစားသမားတွေကတော့ တိုင်းပြည်ကို ကာကွယ်ပေးမယ့်သူတွေအဖြစ် အသွင်ပြောင်းခဲ့ကြတာဖြစ်ပါတယ်။ ဒိုင်နမိုကိဗ်အသင်းနည်းပြကတော့

ရိုမေးနီးယားနိုင်ငံသားဖြစ်ပါတယ်။ ဒါပေမယ့် သူကလည်းပဲ သူ့ရဲ့ မိခင်တိုင်းပြည်ကို မပြန်ဘဲ ယူကရိန်းမှာသာ ဆက်လက်ရှိနေကာ သူက သူရဲဘောကြောင်သူမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဒိုင်နမိုကိဗ်နည်းပြမာဆီယာလူဆက်ကူဟာ အသက် ၇၆ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ဒီစစ်ပွဲကို ဆန့်ကျင်နေခဲ့တာဖြစ်ပါတယ်။ အခုအခါ သူ့ တပည့်ကျော်တွေကလည်း ဘောလုံးကန်ဖိနပ်တွေကိုစွန့်ကာ သေနတ်ထမ်းပြီး အမိမြေကို ကာကွယ်ပေးမယ့်သူတွေအဖြစ် ရှိနေခဲ့ကြပြီဖြစ်ပါတော့တယ်။

Credit

unicode