ၾကားသိရသမွ်

နာမည်ကျော် ထိုင်းသရုပ်ဆောင် မင်းသမီးတိုင်မိုရဲ့ဖြစ်စဉ်မှ လူပြောများနေတဲ့ ထူးဆန်းသော ဖြစ်ရပ်များ

နာမည်ကျော် ထိုင်းသရုပ်ဆောင် မင်းသမီးတိုင်မိုရဲ့ဖြစ်စဉ်မှ လူပြောများနေတဲ့ ထူးဆန်းသော ဖြစ်ရပ်များ

ထိုင်းနိုင်ငံအလယ်ပိုင်း ပထုန်ဌာနီခရိုင် ကျောက်ဖရားမြစ်ထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က စပိဘုတ်စက်လှေစီးရင်း ရေထဲ ပြုတ်ကျသွားခဲ့တဲ့ ထိုင်းသရုပ်ဆောင်မင်းသမီး “တိုင်မိုနိဒါး ”ကို ကယ်ဆယ်ရေးအဖွဲ့တွေက မနားတမ်း ရှာဖွေနေရာမှာ ဒီကနေ့ မွန်းလွဲ ၁ နာရီလောက်မှာ သူ့ရဲ့ အလောင်းပြန်တွေ့ခဲ့ပါတယ်။

နေ့ခင်း ၁ နာရီခွဲလောက်မှာ မှုခင်းဆရာဝန်နဲ့ သက်သေခံ စစ်ဆေးရေးရဲတပ်ဖွဲ့ ရောက်လာပြီး အလောင်းကို ဆယ်ယူ ထုတ်ပိုးကာ ရန်းဆစ်နယ်မြေ ထမဆတ်ဆေးရုံကြီးကို ပို့ဆောင်လိုက်ပါတယ်။

ထူးဆန်းတာက တိုင်မိုရဲ့မိခင်ဖြစ်သူက ခရစ်ယာန်ထုံးစံအရ သူ့အတွက်ရည်စူးတဲ့ ကြာပန်းပွင့်ကို ရေထဲမျှောချလိုက်ပြီး နာရီဝက်အကြာ ကြာပန်းနဲ့မနီးမဝေးတနေရာမှာ ရေထဲပေါလော မျှောနေတဲ့ သူ့အလောင်းကို ပြန်တွေ့တာလို့ အစ်ကိုဖြစ်သူက ပြောပါတယ်။

သူ့ကိုပြန်လည်တွေ့ရှိဖို့ ကယ်ဆယ်ရေးအဖွဲ့ကလှေတွေရော ၊ ရေတပ်က ရေငုပ်သမားတွေ၊မိသားစုဘက်ကလည်း လှေတွေနဲ့ လိုက်လံရှာဖွေရာမှာ ဖိဘွန်းဆုန်ခ လမ်းလှေဆိပ်အနီး မြစ်ထဲမှာ တိုင်မိုဝတ်ဆင်နေကျ အကျီကို အစ်ကိုဖြစ်သူက အရင်ဆုံး လှမ်းမြင်ပြီး အနီးသို့ရောက်သွားတော့ အမှန်တကယ်ဘဲ ညီမရဲ့အလောင်းဖြစ်နေတာကို တွေ့ရတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ဖြစ်စဉ်မှာ သူနဲ့ အဖော် ၅ ယောက်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်က ပထုန်ဌာနီမြို့ ဆာမ်ခုတ်စားသောက်ဆိုင်မှာ သွားရောက်စားသောက်ခဲ့ပြီး စပိဘုတ်လှေနဲ့အပြန် လမ်းခု လတ်မှာ တိုင်မိုက ရေထဲပြုတ်ကျသွားတာ ဖြစ်ပါတယ်

ပြုတ်ကျစဉ်က လှေပေါ်မှာ လူ၆ယောက်ရှိနေခဲ့ပြီး ထူးဆန်းစွာပဲ တိုင်မို တစ်ယောက်ထဲပြုတ်ကျသွားခဲ့တဲ့ပါ ။မြစ်အနီးနားမှာ နေထိုင်သူတွေက တိုင်မိုရဲ့ ကယ်ပါဦးလို့ အော်ဟစ်သံကိုကြားပေမယ့် အဲ့ဒီအချိန်မှာ လှေပေါ်ကလူတွေက ငြိမ်နေတယ်လို့ ပြောကြပါတယ် ။

လှေပေါ်မှာ ကျန်တဲ့သူတွေကို စုံစမ်းစစ်ဆေးဖို့ ရဲတွေက တောင်းဆိုတာကိုလည်း သူတို့က ငြင်းဆန်ပြီး ရှေ့နေခေါ်တဲ့ အခြေအနေတွေလည်း ရှိခဲ့ပါတယ် ။တိုင်မိုရဲ့ အသံပျောက်သွားမှ လိုက်ရှာတဲ့ အသံကြားရပြီး ကယ်ဆယ်ရေးတွေရောက်လာချိန်မှာတော့ ညသန်းခေါင် ဖြစ်သွားခဲ့တာကြောင့် ရှာဖွေရ ခက်ခဲသွားပါတယ်တဲ့ ။

တိုင်မိုက ရေကူးကျွမ်းပေမယ့် ဒီမြစ်ရဲ့ လှိုင်းနှုန်းနဲ့တော့ ကူးခတ်ဖို့ မလွယ်နိုင်ဘူးလို့ သူမရဲ့ အမေကလည်းပြောပါတယ် ။သူပြုတ်မကျခင် မြင်လိုက်တဲ့ သက်သေတစ်ဦးကတော့ တိုင်မိုဟာ သူ့ဖော်တွေနဲ့ အတူမနေဘဲ စပိဘုတ်ရဲ့ အမြီးပိုင်းမှာ တယောက်တည်းထိုင်နေတယ်လို့ ဆိုပါတယ်။

ဒီမတိုင်ခင်က သူမဟာ ယာဉ်မတော်တဆမှု ဖြစ်ခဲ့ဖူးပြီး မျက်နှာကို ပလပ်စတိတ်ဆာဂျရီလုပ်ခဲ့ပါတယ်။နောက်တော့ အိပ်ဆေးအလွန် အကျွံသောက်ပြီး မိမိကိုယ်မိမိ သေကြောင်းကြံဖို့ ကြိုးစားကြောင်း သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

အမျိုးသား သရုပ်ဆောင် ဒိုနိုဖားခင်းနဲ့ အိမ်ထောင်ကျပြီး အိမ်ထောင်ကွဲခဲ့ပါတယ်။ကွယ်လွန်ချိန် အသက် ၃၇ နှစ်ရှိပြီး မွေးစားသမီး ၁ ယောက်ရှိပါတယ်။

credit#

zawgyi,

နာမည္ေက်ာ္ ထိုင္းသ႐ုပ္ေဆာင္ မင္းသမီးတိုင္မိုရဲ႕ျဖစ္စဥ္မွ လူေျပာမ်ားေနတဲ့ ထူးဆန္းေသာ ျဖစ္ရပ္မ်ား

ထိုင္းႏိုင္ငံအလယ္ပိုင္း ပထုန္ဌာနီခ႐ိုင္ ေက်ာက္ဖရားျမစ္ထဲမွာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၂၄ ရက္ေန႔က စပိဘုတ္စက္ေလွစီးရင္း ေရထဲ ျပဳတ္က်သြားခဲ့တဲ့ ထိုင္းသ႐ုပ္ေဆာင္မင္းသမီး “တိုင္မိုနိဒါး ”ကို ကယ္ဆယ္ေရးအဖြဲ႕ေတြက မနားတမ္း ရွာေဖြေနရာမွာ ဒီကေန႔ မြန္းလြဲ ၁ နာရီေလာက္မွာ သူ႔ရဲ႕ အေလာင္းျပန္ေတြ႕ခဲ့ပါတယ္။

ေန႔ခင္း ၁ နာရီခြဲေလာက္မွာ မႈခင္းဆရာဝန္နဲ႔ သက္ေသခံ စစ္ေဆးေရးရဲတပ္ဖြဲ႕ ေရာက္လာၿပီး အေလာင္းကို ဆယ္ယူ ထုတ္ပိုးကာ ရန္းဆစ္နယ္ေျမ ထမဆတ္ေဆး႐ုံႀကီးကို ပို႔ေဆာင္လိုက္ပါတယ္။

ထူးဆန္းတာက တိုင္မိုရဲ႕မိခင္ျဖစ္သူက ခရစ္ယာန္ထုံးစံအရ သူ႔အတြက္ရည္စူးတဲ့ ၾကာပန္းပြင့္ကို ေရထဲေမွ်ာခ်လိုက္ၿပီး နာရီဝက္အၾကာ ၾကာပန္းနဲ႔မနီးမေဝးတေနရာမွာ ေရထဲေပါေလာ ေမွ်ာေနတဲ့ သူ႔အေလာင္းကို ျပန္ေတြ႕တာလို႔ အစ္ကိုျဖစ္သူက ေျပာပါတယ္။

သူ႔ကိုျပန္လည္ေတြ႕ရွိဖို႔ ကယ္ဆယ္ေရးအဖြဲ႕ကေလွေတြေရာ ၊ ေရတပ္က ေရငုပ္သမားေတြ၊မိသားစုဘက္ကလည္း ေလွေတြနဲ႔ လိုက္လံရွာေဖြရာမွာ ဖိဘြန္းဆုန္ခ လမ္းေလွဆိပ္အနီး ျမစ္ထဲမွာ တိုင္မိုဝတ္ဆင္ေနက် အက်ီကို အစ္ကိုျဖစ္သူက အရင္ဆုံး လွမ္းျမင္ၿပီး အနီးသို႔ေရာက္သြားေတာ့ အမွန္တကယ္ဘဲ ညီမရဲ႕အေလာင္းျဖစ္ေနတာကို ေတြ႕ရတယ္လို႔ သတင္းေထာက္ေတြကို ေျပာပါတယ္။

ျဖစ္စဥ္မွာ သူနဲ႔ အေဖာ္ ၅ ေယာက္ဟာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၂၄ ရက္က ပထုန္ဌာနီၿမိဳ႕ ဆာမ္ခုတ္စားေသာက္ဆိုင္မွာ သြားေရာက္စားေသာက္ခဲ့ၿပီး စပိဘုတ္ေလွနဲ႔အျပန္ လမ္းခု လတ္မွာ တိုင္မိုက ေရထဲျပဳတ္က်သြားတာ ျဖစ္ပါတယ္

ျပဳတ္က်စဥ္က ေလွေပၚမွာ လူ၆ေယာက္ရွိေနခဲ့ၿပီး ထူးဆန္းစြာပဲ တိုင္မို တစ္ေယာက္ထဲျပဳတ္က်သြားခဲ့တဲ့ပါ ။ျမစ္အနီးနားမွာ ေနထိုင္သူေတြက တိုင္မိုရဲ႕ ကယ္ပါဦးလို႔ ေအာ္ဟစ္သံကိုၾကားေပမယ့္ အဲ့ဒီအခ်ိန္မွာ ေလွေပၚကလူေတြက ၿငိမ္ေနတယ္လို႔ ေျပာၾကပါတယ္ ။

ေလွေပၚမွာ က်န္တဲ့သူေတြကို စုံစမ္းစစ္ေဆးဖို႔ ရဲေတြက ေတာင္းဆိုတာကိုလည္း သူတို႔က ျငင္းဆန္ၿပီး ေရွ႕ေနေခၚတဲ့ အေျခအေနေတြလည္း ရွိခဲ့ပါတယ္ ။တိုင္မိုရဲ႕ အသံေပ်ာက္သြားမွ လိုက္ရွာတဲ့ အသံၾကားရၿပီး ကယ္ဆယ္ေရးေတြေရာက္လာခ်ိန္မွာေတာ့ ညသန္းေခါင္ ျဖစ္သြားခဲ့တာေၾကာင့္ ရွာေဖြရ ခက္ခဲသြားပါတယ္တဲ့ ။

တိုင္မိုက ေရကူးကြၽမ္းေပမယ့္ ဒီျမစ္ရဲ႕ လႈိင္းႏႈန္းနဲ႔ေတာ့ ကူးခတ္ဖို႔ မလြယ္ႏိုင္ဘူးလို႔ သူမရဲ႕ အေမကလည္းေျပာပါတယ္ ။သူျပဳတ္မက်ခင္ ျမင္လိုက္တဲ့ သက္ေသတစ္ဦးကေတာ့ တိုင္မိုဟာ သူ႔ေဖာ္ေတြနဲ႔ အတူမေနဘဲ စပိဘုတ္ရဲ႕ အၿမီးပိုင္းမွာ တေယာက္တည္းထိုင္ေနတယ္လို႔ ဆိုပါတယ္။

ဒီမတိုင္ခင္က သူမဟာ ယာဥ္မေတာ္တဆမႈ ျဖစ္ခဲ့ဖူးၿပီး မ်က္ႏွာကို ပလပ္စတိတ္ဆာဂ်ရီလုပ္ခဲ့ပါတယ္။ေနာက္ေတာ့ အိပ္ေဆးအလြန္ အကြၽံေသာက္ၿပီး မိမိကိုယ္မိမိ ေသေၾကာင္းႀကံဖို႔ ႀကိဳးစားေၾကာင္း သတင္းေတြလည္း ထြက္ေပၚခဲ့ပါတယ္။

အမ်ိဳးသား သ႐ုပ္ေဆာင္ ဒိုႏိုဖားခင္းနဲ႔ အိမ္ေထာင္က်ၿပီး အိမ္ေထာင္ကြဲခဲ့ပါတယ္။ကြယ္လြန္ခ်ိန္ အသက္ ၃၇ ႏွစ္ရွိၿပီး ေမြးစားသမီး ၁ ေယာက္ရွိပါတယ္။

credit#