ၾကားသိရသမွ်

ပရိတ်သတ်တွေ အံ့သြသွားစေလောက်မယ့် ဖြူဖြူထွေးရဲ့လုပ်ရပ်တစ်ခု

ဟာသမင်းသမီးလေးအဖြစ် အားလုံးကသိကြတဲ့ ဖြူဖြူထွေးကတော့ ဟန်ဆောင်မှုကင်းပြီး ဖော်ရွေလွန်းသူလေး ဖြစ်ပါတယ် ။

နာမည်လေးနဲ့လိုက်အောင် ဖြူစင်တဲ့စိတ်ထားကို ပိုင်ဆိုင်ထားတဲ့ ဖြူဖြူထွေးက အချိန်ခဏလေးအတွင်းမှာတင် ကြီးမားတဲ့အောင်မြင်မ ှုတွေကို ရရှိခဲ့တာ ဖြစ်ပါတယ် ။

ဖြူဖြူထွေးက အနုပညာအလုပ်တွေကို မနားတမ်းလုပ်ကိုင်နေရပြီး အရမ်းကိုအောင်မြင်နေတာ လည်း ဖြစ်ပါတယ် ။

မိဘနှစ်ပါးကို ရိုးရိုးသားသားလုပ်ကျွေးပြုစုနေတဲ့ ဖြူဖြူထွေးက လတ်တလောမှာတော့ ကြော်ငြာတွေဆက်တိုက်ဆိုသလို လက်ခံရိုက်ကူးနေရတာ ဖြစ်ပါတယ် ။

သူမရဲ့ နေ့စဉ်လှုပ်ရှားမှုပုံရိပ်လေးတွေအပြင် အလှူတန်းပြုလုပ်ခဲ့တဲ့ ဗီဒီယိုလေးတွေကိုလည်း အမြဲဖော်ပြလေ့ ရှိတာတွေ့ရပါတယ်။

အခုလည်း ” ရွှေသံလွင်” ပရဟိတ အသင်းနဲ့ အတူ နာရေးတစ်ခုကို ကိုယ်တိုင် ပို့ဆောင် ပေးရင်း ကုသိုလ် ပြုခဲ့ပါတယ် ။ တကယ်ကို လေးစားမိတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Credit

zawgyi







Credit