လူနာများ၏ ကျန်းမားရေးကို အမြဲမပျက် ဂရုစိုက်ပေးလိုသဖြင့် မင်္ဂလာပွဲကို ၁၀မိနစ်ဖြင့် အပြီးလုပ်ဆောင်ကာ ဆေးရုံသို့ပြန်သွားခဲ့သည့်လေးစားဖွယ်ဆရာဝန်
ချစ်သူစုံတွဲတိုင်းအတွက် မင်္ဂလာပွဲလေးသည် ဘဝ၏ အခမ်းနားဆုံးသော ပွဲလေးအဖြစ်တင်စားနိုင်ရန် အချိန်ကြာမြင့်စွာ ကြိုးစားပြီး ဆောင်ရွက်ကာ အားထုတ်တတ်ကြသည်။သို့သော် တရုပ်နိုင်ငံမှ ဆရာဝန်တစ်ဦးအတွက်တော့ သူ၏ မင်္ဂလာပွဲသည် ကပ်ဆိုးကြောင့် ဒုက္ခရောက်နေသော လူနာများ၏ အသက်လောက် အရေးမကြီးခဲ့ပေ။
တရုပ်နိုင်ငံမှ ဆရာဝန်တစ်ဦးသည် သူ၏မင်္ဂလာပွဲလေးကို ခမ်းနားစွာဖြင့် ကျင်းပနိုင်ရန် စီစဉ်ထားသော်လည်း ကပ်ဆိုးကြောင့် ပြည်သူများဒုက္ခရောက်လာသည်ကို မကြည့်ရက်သောကြောင့် အစီအစဉ်များကိုပြောင်းလဲခဲ့သည်။
ဆရာဝန်သည် သူ၏လက်ထပ်မင်္ဂလာပွဲလေးကို နှစ်ဖက်မိဘများနှင့်အတူ စုစုပေါင်း၅ဦးနှင့်သာ လက်မှတ်ထိုးပြီး ကျင်းပခဲ့သည်။မင်္ဂလာပွဲ၏ ကြာချိန်သည် စုစုပေါင်း၁၀မိနစ်သာကြာခဲ့ပြီး လက်မှတ်ထိုးပြီးသည်နှင့် ဆရာဝန်သည် လူနာများအား ဆက်လတ်ကုသပေးနိုင်ရန်ဆေးရုံသို့ ပြန်သွားခဲ့ပေသည်။
Credit
Credit