ၾကားသိရသမွ်

ရုပ်ရှင်ရုံတွေ ပြန်ဖွင့်တော့မယ့် ကိစ္စအပေါ် စိတ်မကောင်းစွာ ပြောပြလာတဲ့ ဒါရိုက်တာ သည်ခေတ်နေ ရဲ့ စကားတစ်ခွန်း

မတရားမှုကို လက်မခံတဲ့ တော်လှန်ရေး အရေးတော်ပုံကြီး အတွက် ပြည်သူတွေနဲ့အတူ အနုပညာရှင်တွေကလည်း သူတို့ရဲ့အောင်မြင်ကျော်ကြားမှု၊ နဲ့ ချမ်းသာကြွယ်ဝမှု တွေကိုစွန့် လွှတ်ပြီး တိုက်ပွဲဝင်နေကြတာ တွေ့ရပါတယ်။

အခက်အခဲတွေ အမျိုးမျိုးကြားက မိသားစုလိုက် လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့သူတွေရှိသလို နှောင်ကြိုးတွေကို နောက်ဆံတင်းစွာထားခဲ့ပြီး အများအကျိုးအတွက် ကြိုးစားနေကြတဲ့ အနုပညာရှင်တွေလည်းရှိနေကြပါတယ်..။

ချီးကျူးစရာကောင်း လောက်အောင် ကျရာတာဝန်ကိုထမ်းကာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေကြတဲ့အနုပညာရှင်တွေထဲမှာ ဒါရိုက်တာ သည်ခေတ်နေလည်း အပါအဝင်ပါပဲ။

ဇာတ်ကားကောင်းတွေ တော်တော်များများ ရိုက်ကူးထားတဲ့ ဒါရိုက်တာ သည်ခေတ်နေကတော့ဖေဖော်ဝါရီလ အစပိုင်းကတည်းကတော်လှန်ရေး အရေးတော်ပုံကြီးမှာ အားကြိုးမာန်တက်ပါဝင်နေသူပါ။

အမှန်တရားဘက်ကနေ ရပ်တည်ပြီး အာဏာရှင်ကို ရဲဝင့်စွာဆန့်ကျင်ခဲ့တာကြောင့် ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခံထားရတဲ့ အနုပညာရှင်တွေထဲမှာ ဒါရိုက်တာ သည်ခေတ်နေကလည်း အပါအဝင်ပါပဲ ဖြစ်ပါတယ်။

ရှောင်တိမ်းနေရပေမယ့်လည်း လတ်တလောအခြေအနေတွေနဲ့ပတ်သက်ပြီး အမှန်တရားတွေကို သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာကနေတစ်ဆင့် အမြဲမျှဝေပေးလေ့ရှိပါတယ်။

အခုလည်း ရုပ်ရှင်ရုံတတွေကို COVID စည်းကမ်းချက်နဲ့ အညီ ပြန်ဖွင့်နိုင်အောင် စီစဉ်နေတယ်လို့ စစ်ကောင်စီခန့်အပ်ဝန်ကြီးက ထုတ်ပြန် ပြောကြားထားပါတယ်။

ဒါကြောင့် ရုပ်ရှင်ရုံတွေ ပြန်ဖွင့်တော့မယ့် ကိစ္စနဲ့ ပတ်သက်ပြီး သည်ခေတ်နေက ရုပ်ရှင်နဲ့ အဝေးကြီးရောက်သွားသူတွေ အတွက် အဝေးကနေ လွမ်းနေရုံပဲ ဆိုပြီး စိတ်မကောင်း ဖြစ်နေတာ ဖြစ်ပါတယ်။

သူ့ခံစားချက်လေးကို မနေ့က လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့စာလေးကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Credit

unicode









Credit