ၾကားသိရသမွ်

ယာဉ်တိုက်မှုဆိုးဆိုးဝါးဝါးဖြစ်ခဲ့လို့ လမ်းခွဲပေးဖို့တောင်းဆိုခဲ့တဲ့ချစ်သူကောင်လေးကို မင်္ဂလာဝတ်စုံဝတ်ကာ ချစ်ခွင့်ပန်ခဲ့တဲ့မိန်းကလေး (ရုပ်သံ)

ထိုင်ဝမ်နိုင်ငံ New Taipei မြို့ရှိ အမျိုးသမီးတစ်ဦးဟာ ယာဉ်တိုက်မှုကြောင့်ဖြစ်လာမယ့်ဆိုးကျိုးကို တွေးရင်း စိတ်ဓာတ်ကျနေခဲ့တဲ့ သူမရဲ့ချစ်သူကောင်လေးကို ဆေးရုံမှာ ချစ်ခွင့်ပန်ခဲ့ပါတယ်။သူတို့စုံတွဲဟာ ၂၀၁၈ခုနှစ်အတွင်း လက်ထက်ဖို့လုပ်ထားခဲ့ကြပေမဲ့ ချစ်သူကောင်လေးကယာဉ်တိုက်မှုမတော်တဆဖြစ်သွားခဲ့တာကြောင့် သူတို့ရဲ့အစီအစဉ်တွေဟာ မမျှော်လင့်ဘဲ ပျက်စီးသွားခဲ့ရပါတယ်။ဆရာဝန်တွေက ချစ်သူကောင်လေးရဲ့ကုသမှုအကျိုးဆက်တွေဟာ သူတို့နှစ်ဦးရဲ့အိမ်ထောင်ရေးဘဝကို ထိခိုက်စေနိုင်တာကြောင့် သူတို့ရဲ့ဆက်ဆံရေးကို ဖြတ်တောက်ရန်အကြံပြုခဲ့ကြပါတယ်။အဲတာကြောင့် ကောင်လေးက သူ့ကိုဘေးကနေအရိပ်တကြည်ကြည်နဲ့ဂရုတစိုက်ပြုစုပေးနေတဲ့ ချစ်သူကောင်မလေးလွတ်လပ်သွားအောင် လမ်းခွဲပေးဖို့ဆုံးဖြတ်ခဲ့ကြောင်းကို ဗီဒီယိုရဲ့ရှေ့ဆုံးနားလေးမှာ ကောင်မလေးကပြောပြထားပါတယ်။

ဒါပေမဲ့ ချစ်သူကောင်မလေးက သဘောမတူခဲ့တဲ့ အပြင် ရှေ့ရေးမှာကြုံလာမယ့် အဆိုးအကောင်းတွေကို ဂရုမစိုက်ဘဲ လူတစ်စုနဲ့အတူ ဆေးရုံခန်းထဲကိုဝင်လာပြီး ချစ်ခွင့်တောင် ပန်လိုက်ပါသေးတယ်။မင်္ဂလာဆောင်ဝတ်စုံဂါဝန်အဖြူလေးဝတ်ထားတဲ့ကောင်မလေးကပန်းစည်းကိုင်ရင်း”နင်ငါ့ကို နင့်ဇနီးအဖြစ်လက်တွဲမယ်ဆိုရင် ဒီပန်းစည်းကို လက်ခံပေးနိုင်မလား”လို့မေးခဲ့ပြီး “ငါဒီထက်ပိုကောင်းအောင် အတတ်နိုင်ဆုံးကြိုးစားသွားမှာပါ၊ပြီးတော့ ငါ့ရဲ့ကျန်ရှိနေတဲ့တစ်ဘဝလုံးကို နင့်လက်ဆွဲကိုင်ရင်း ဖြတ်သန်းသွားမယ်”လို့ချစ်သူကောင်လေးက ပြန်ဖြေရင်း ကောင်မလေးကိုနမ်းကာ ရင်ခွင်ထဲပွေ့ဖက်ထားခဲ့ပါတယ်။ဘာတွေဘဲဖြစ်နေဖြစ်နေ နှစ်ဦးနှစ်ဖက်စလုံးချစ်နေကြရင်တော့ ကြုံလာတဲ့အခက်အခဲမှန်သမျှကို ယုံယုံကြည်ကြည်နဲ့ လက်တွဲမဖြုတ်ဘဲ အတူတူရင်ဆိုင်ဖြေရှင်းသင့်ပါတယ်။သူတို့နှစ်ဦးရဲ့ ဗီဒီယိုဟာ လူအများကို မျက်ရည်ကျစေခဲ့သလို ကြည်နူးမှုလေးတွေပါ ခံစားမိစေခဲ့ပါတယ်။

1

2

3

4

5

6

Jasmine (Mckzone Daily)

Source: nextshark

Unicode