အခ်စ္ေရး

အချစ်ဆိုတာ တစ်ယောက်ကတင်းနေရင် တစ်ယောက်ကအလျှော့ပေးရတယ် နှစ်ဖက်လုံးတင်းရင်တော့ အလွယ်တကူ ပြတ်စဲသွားနိုင်ပါတယ်

အချစ်ဆိုတာ တစ်ယောက်ကတင်းနေရင် တစ်ယောက်ကအလျှော့ပေးရတယ်။ နှစ်ဖက်လုံးတင်းရင်တော့ အလွယ်တကူ ပြတ်စဲသွားနိုင်ပါတယ်

တစ်ခါတုန်းက ခဏခဏ စကားများ ရန်ဖြစ်တတ်ကြတဲ့ ချစ်သူနှစ်ဦး ရှိတယ်…။

ဒါပေမဲ့ စကားများတဲ့အခါတိုင်း ကောင်လေးက ကောင်မလေးကို အလျှော့ပေးတတ်တယ်။

တစ်ခါမှာတော့ ကောင်မလေးက ချစ်သူကောင်လေးကို မေးတယ်။” ရန်ဖြစ်တိုင်း နင်ဘာလို့ ငါ့ကိုအလျှော့ပေးတာလဲ။

တခါတလေ ငါ့ဘက်ကမှားတာလဲ ရှိတယ်လေ ”ကောင်လေးက ပြန်ဖြေတယ်။

” မင်းက ငါ့ချစ်သူလေ…။ ဘာပဲပြောပြော ရှေးဘဝက ရေစက်ကြောင့် ဒီဘဝမှာ ချစ်သူဖြစ်လာကြတာ…။စကားများကြလို့ ကိုယ်ပြောတာ နိုင်သွားတော့ရော ဘာထူးမှာလဲ။

စကားနိုင်ပေမဲ့ ချစ်ချင်းမေတ္တာမှာတော့ ရှုံးသွားမှာလေ။ ဒါကိုတော့ ကိုယ်အရှုံးမခံနိုင်ဘူး။ ”

ကောင်မလေးက ငြိမ်ပြီးနားထောင်နေတယ်။ ကောင်လေးက ဆက်ပြောတယ်။”

မင်းကဆူလိုက် ကိုယ်ကပြုံးပြီးနားထောင်လိုက်။ မင်းကစိတ်တိုလိုက် ကိုယ်ကချော့လိုက်။

တွေးကြည့်ရင် ကြည်နူးစရာကြီးပါ။

ဒါပေမဲ့ ကိုယ်မင်းကို အမြဲအလျှော့ပေးနေတာ စကားပြောမကျွမ်းကျင်လို့တော့မဟုတ်ဘူးနော်။

မင်းနာကျင်စေမဲ့စကားမျိုး ပြောမထွက်ရက်လို့ပါ။

တစ်ယောက်တင်းနေရင် တစ်ယောက်ကအလျှော့ပေးရမယ်လေ။

ဒါမှ နှစ်ယောက်လုံး ပျော်ပျော်ရွှင်ရွှင်နဲ့ တသက်လုံးလက်တွဲသွားနိုင်မှာ။

အလျှော့ပေးရတာ ဘာမှအပမ်းမကြီးဘူး။

ကိုယ်တို့နှစ်ယောက်ရဲ့ အချစ်ကိုတော့ လုံးဝအဆုံးရှုံးမခံနိုင်ပါဘူး။ ” တဲ့…။

အချစ်ဆိုတာ တစ်ယောက်ကတင်းနေရင် တစ်ယောက်ကအလျှော့ပေးရတယ်။

နှစ်ဖက်လုံးတင်းရင်တော့ အလွယ်တကူ ပြတ်စဲသွားနိုင်ပါတယ်။

May Hnin

Credit

Unicode