Life Style

ထက်မြက်တဲ့ မိန်းကလေးတွေသာ နားလည်နိုင်မယ့် အချစ်နဲ့ ပတ်သတ်တဲ့ ယူဆချက်များ

ထက်မြက်တဲ့ မိန်းကလေးတွေသာ နားလည်နိုင်မယ့် အချစ်နဲ့ ပတ်သတ်တဲ့ ယူဆချက်များ

လူတိုင်းက အရွယ်ရောက်လာတာနဲ့ အချစ်ဆိုတာကို မလွှဲမသွေ ရင်ဆိုင်ကြရပါတယ်။

အချစ်နဲ့ ပတ်သတ်ရင် လူတိုင်းက စိတ်ပျော့ညံ့တာ ဒါမှမဟုတ် အလွဲတွေ ဖြစ်ကုန်တာ စသဖြင့် အမျိုးမျိုး ဖြစ်တတ်ကြပါတယ်။

အချစ်နဲ့ ပတ်သတ်ပြီး ထက်မြက်တဲ့ မိန်းကလေးတွေကတော့ သူများထက်ကို ထူးခြားနေလေ့ ရှိပါတယ်။ သူတို့ကတော့ အခုလိုမျိုး တွေးလေ့ ရှိကြသူတွေလည်း ဖြစ်ပါတယ်။

(၁) တကယ်မချစ်ပဲ ချဉ်းကပ်တတ်တာ သိတယ်

မိန်းကလေးတွေကို ကောင်လေးတွေက ချစ်စကားဆိုဖို့ အတွက် ချဉ်းကပ်တတ်တာက သဘာဝ တစ်ခုဖြစ်ပါတယ်။

ဒါပေမယ့် ထက်မြက်တဲ့ မိန်းကလေးတွေကတော့ သိပ်ပြီး စိတ်မယိုင်တတ်ကြပါဘူး။ သူတို့ သန်မာနေရတဲ့ ထက်မြက်တဲ့ ကောင်မလေး ဖြစ်ရတဲ့ အချက်လည်း ဖြစ်ပါတယ်။

သူတို့က အချစ်ကို လွယ်လွယ်လေး မပေးတတ်ကြပါဘူး။

သူတို့အနားကို ရောက်လာသူတွေက သူတို့ကို တကယ်မချစ်ပဲ လာချဉ်းကပ်ကြောင်းကိုလည်း ကောင်းကောင်း သဘောပေါက်တတ်ကြပါတယ်။

(၂) ကိုယ့်အတွက် တန်ဖိုးရှိတာတွေကို သိတယ်

ထက်မြက်တဲ့သူတွေက ကိုယ်က ဘာကိုလိုချင်လဲဆိုတာကို ကောင်းကောင်း သိပါတယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိပြီး ဉာဏ်ကောင်းမှု၊ လှပမှုတွေ၊ အရည်အချင်းရှိမှုတွေကြောင့် ကိုယ့်နဲ့ လိုက်ဖက်ညီတဲ့ အကောင်းဆုံး လက်တွဲဖော်တွေကို ရွေးချယ်နိုင်ကြပါတယ်။

သူတို့ကတော့ အပြန်အလှန် လေးစားမှု၊ ကြင်နာမှု၊ အသိအမှတ်ပြုမှုတွေကို ပေးနိုင်တဲ့သူတွေနဲ့မှသာ ချစ်သူအဖြစ် လက်တွဲလိုတတ်ကြပါတယ်။

(၃) ကိုယ့်အတွက် ကိုယ်ကြည့်ဖို့လည်း လိုတယ်

အဆင်မပြေတဲ့အခါ ကိုယ်တိုင် ထုတ်ပြောဖို့ လိုအပ်ပါတယ်။

ကိုယ်က ဘယ်လောက်ပဲ တစ်ခြားသူတွေအတွက် လုပ်ပေးတယ်ဆိုရင်တောင် ကိုယ့်ကို အဆင်မပြေဖြစ်တဲ့ အရာမျိုးတွေ ဖြစ်လာရင် ထက်မြက်တဲ့ မိန်းကလေးတွေက ထုတ်ပြောတတ်ကြပါတယ်။

အရာရာတိုင်း သည်းခံစရာ မလိုဘူးလို့လည်း တွေးထားတတ်ပြီး ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်း ပြောတတ်ကြပါတယ်။

(၄) ဘယ်လို ချစ်ရမယ်ဆိုတာ သိတယ်

အချစ်မတတ်ရင် အချစ်ငတ်တတ်ပါတယ်။ အချစ်ခံချင်ရင် ကိုယ်ကလည်း တစ်ဖက်သူကို ချစ်ပေးတတ်ဖို့ လိုပါတယ်။

ဒါတွေကို ထက်မြက်တဲ့ မိန်းမတွေကတော့ ကောင်းကောင်း သိကြပါတယ်။ တစ်ဦးစေတနာ တစ်ဦးက မေတ္တာဆိုတာမျိုးကို သူတို့က သိနားလည်ကြပါတယ်။

ဒါကြောင့် သူတို့က အချစ်တွေကို ဘယ်လို အပြန်အလှန် ဖလှယ်ရမယ်ဆိုတာကို သိပြီး အဆင်ပြေတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ကြပါတယ်။

(၅) ဆုံတဲ့သူတိုင်းက လူကောင်း မဟုတ်ဘူး

လောကမှာ လူဆိုးတွေနဲ့ လူကောင်းတွေနဲ့ အတူယှဉ်တွဲပြီး နေထိုင်ကြရပါတယ်။

တူရာ တူရာ ပေါင်းသင်းနေထိုင်ကြတယ်ဆိုပေမယ့် မတူညီဘဲ လိုချင်တဲ့ တစ်ချို့ရည်ရွယ်ချက်တွေကြောင့် လာရောက် ပေါင်းသင်းကြတာလည်း ရှိကြပါတယ်။

ထက်မြက်တဲ့ အမျိုးသမီးတွေကတော့ သူတို့နဲ့ တွေ့ဆုံသိကြတဲ့သူတွေမှာ ဘယ်သူတွေက အကျိုးလိုလို့ ညောင်ရေလောင်းတယ်ဆိုတာကို သိကြပါတယ်။

သူတို့ဆီကို လိုချင်တဲ့အရာအတွက် ချဉ်းကပ်ကြတဲ့သူတွေကိုလည်း လက်မခံတတ်ကြပါဘူး

(၆) အချစ်စစ်ဆိုတာကို သိတယ်

အချစ်စစ်ဆိုတာ တစ်ညတည်းတွေ့ဆုံရုံနဲ့ ပေါ်ပေါက်သွားတာမျိုး မဟုတ်ပါဘူး။

အချစ်စစ်ဆိုတာ စိတ်ရှည်မှု၊ သည်းခံမှု၊ ရင်းနှီးမှုတွေကနေ အခြေခံပြီး အချိန်တွေ အတူဖြတ်သန်းပြီးမှ ပေါ်ပေါက်တာမျိုးပါ။

ဒီလိုမျိုး တစ်ယောက်နဲ့ တစ်ယောက် နားလည်ဖို့အတွက် အချိန်တွေ လိုအပ်တယ်ဆိုတာကို ထက်မြက်တဲ့အမျိုးသမီးတွေက နားလည်တဲ့အတွက် လွယ်လွယ် စိတ်မကစားဘူးလို့ ဆိုရမှာပါ။

(၇) တစ်ခြားသူကို ချစ်ဖို့ ကိုယ့်ကိုယ်ကို အရင် ချစ်ရမယ်

သူတို့တွေကတော့ တစ်ခြားသူတွေကို ဘယ်လို ချစ်ရမယ် သိကြသလို ကိုယ့်ကိုယ်ကိုလည်း ချစ်တတ်ကြသူတွေပါ။

ဒါကြောင့် သူတို့တွေက ကိုယ့်ကိုယ်ကိုမှ မချစ်တတ်ရင် တစ်ခြားသူက ဘယ်လို တန်ဖိုးထားမလဲလို့လည်း တွေးတတ်ကြသူတွေလည်း ဖြစ်ပါတယ်။

Kham