တွဲတာကြာလာရင်ဘာဖြစ်တတ်လဲဆိုတော့
တွဲတာကြာလာရင်ဘာဖြစ်တတ်လဲဆိုတော့ ပြောစရာစကားတွေကုန်လာတယ်။တစ်ခါတစ်လေ ဖုန်းပြောနေရင်းဖြစ်ဖြစ်စာရိုက်နေရင်းဖြစ်ဖြစ် အင်းအဲနဲ့ဘာဆက်ပြောရမယ်မှန်းမသိဘူး။
ပြီးတော့ အရင်ကထက်ပိုပြီးပြဿနာများလာတယ်။ မိသားစုရေး လူမှုရေးအကုန်ပါ၀င်ပတ်သက်လာတော့ ပြဿနာသေးသေးလေးကအစကိုယ်နဲ့ဆိုင်လာတယ်။
ပြောရရင် အတူရင်ဆိုင်ဖြေရှင်းရမယ့်ကိစ္စတွေများလာတာပေါ့။ ဒါပေမယ့် အဲဒီကာလမှာအပြတ်များတယ်။တစ်ယောက်နဲ့တစ်ယောက်စိတ်အခန့်မသင့်ဖြစ်တာများပြီး ကြုံလာမယ့်ကိစ္စတွေကိုရင်မဆိုင်ချင်တော့တာမျိုး နည်းနည်းဆိုပြဿနာဖြစ်လို့စိတ်ကုန်စိတ်ပျက်လာပြီး အတူရှိခဲ့သမျှအချိန်တွေအကုန်ပလုံသွားတယ်။
သုံးနှစ်ကျော်လေးနှစ်၀န်းကျင်ကာလက အခက်ခဲဆုံးဖြစ်လိမ့်မယ်။အဲဒီအချိန်က တွဲခါစတုန်းကလိုအနုအရွတွေလုပ်ရမှာပျင်းလာပြီး မလိုအပ်ရင်စကားမပြောချင်ပဲ ချစ်နေရင်ရပြီတခြားဘာလိုသေးလဲဆိုတဲ့ခံစားချက်မျိုးနဲ့ စိတ်
အပြောင်းအလဲစဖြစ်ကြပြီး နှစ်ဖက်လုံးအထိအခိုက်များတဲ့ကာလတွေပဲ။ နေ့တိုင်းတွေ့ရတဲ့သူတွေက ညဆိုဖုန်းမပြောချင်တော့ဘူး အေးဆေးနားချင်လာတယ်။
အားလပ်ချိန်တွေမှာ ကိုယ်စိတ်ပါတာတွေပဲလုပ်ချင်လာတယ် game ဆော့တာဖြစ်ဖြစ် ဇာတ်လမ်းကြည့်တာဖြစ်ဖြစ်
တကူးတကကြီးအချိန်ပေးပြီးစကားပြောမနေချင်တော့တာမျိုးဖြစ်လာကြတယ်။ အမြဲမတွေ့ရတဲ့သူတွေကသံသယများလာတယ် တစ်ခုခုဆိုသွေးအေးနေပြီဆိုတဲ့ခေါင်းစဥ်နဲ့စကားများကြတယ်။
ဒီလိုဖြစ်နေတဲ့အချိန်မှာ အပေးအယူတည့်နေကြရင်တော့ပြဿနာမရှိပေမယ့် တစ်ဖက်မဟုတ်တစ်ဖက်က အဲဒီအပြောင်းအလဲဒဏ်ကိုမခံနိုင်ဘူးဆိုရင်တော့ ပြတ်သွားတာပဲ။
မပြတ်ကြရင်တောင် စိတ်ပျက်စိတ်ကုန်နေပြီး သံယောဇဥ်အရဆက်တွဲနေကြတာမျိုးလည်းရှိတယ်။
အဲလိုဖြစ်လာပြီဆိုရင် ဘာမှလုပ်မရဘူး မချစ်လို့လားဆိုလည်းမဟုတ်ဘူး ဒီအတိုင်းကိုယ့်ဘာသာအေးဆေးနေချင်ပြီး အီတာလိုလိုဟုန်သွားတာလိုလိုနဲ့ဘာဖြစ်ချင်မှန်းမသိတာမျိုးပေါ့။
ထစ်ခနဲရှိပြတ်မယ်ဖြစ်ကြပြီး လမ်းခွဲရအောင်ပြောလာရင်လည်း သဘောပဲဆိုပြီးပြန်ပြောဖို့၀န်မလေးဘူး။ အဲဒါတွေကိုခံနိုင်ရည်ရှိရင်ရှိ ဒါမှမဟုတ် နားလည်မှုရှိရင်ရှိ ဒါမှပဲရမယ်။
အဲလိုနဲ့ကျော်ဖြတ်သွားကြပြီး လေးနှစ်ငါးနှစ်ထဲလောက်ထဲရောက်လာရင်တော့ ခက်ခဲသင့်သလောက်ခက်ခဲပြီးပြီဆိုတော့ တစ်ယောက်နဲ့တစ်ယောက်ပိုနားလည်ပြီး ပြတ်ဖို့ခဲယဥ်းသွားပြီ။
တကယ်လို့ ကိုယ်ကဒီခက်ခဲတဲ့အခြေအနေမျိုးရောက်လာပြီဆိုရင် စိတ်လိုက်မာန်ပါမဆုံးဖြတ်ပဲ သူနဲ့အမှတ်တရတွေ အရေးပါတာတွေ
အတူရှိပေးခဲ့တာတွေခဏခဏဆိုသလိုပြန်တွေးပြီး ပြန်နွေးနေဖို့လိုတယ်။ ပြီးရင် ကိုယ့်သဘောနဲ့ကိုယ်နေတာထက် ကိုယ်ဖြစ်ချင်တဲ့ပုံစံကို
ပြောပြတာမျိုး ကိုယ်လည်းသူဖြစ်ချင်တာကိုလိုက်လျောပေးတာမျိုး အပေးအယူတည့်ပြီးစိတ်ရှည်လိုက်မယ်ဆိုရင် ရေရှည်အတွက်အတူနေနိုင်မယ့် နည်းလမ်းကိုရှာတွေ့သွားကြလိမ့်မယ်Pageကို like and followလုပ်ထားကြပါအုံးနော်
ညီစေမင်း
#Depression
တြဲတာၾကာလာရင္ဘာျဖစ္တတ္လဲဆိုေတာ့ ေျပာစရာစကားေတြကုန္လာတယ္။တစ္ခါတစ္ေလ ဖုန္းေျပာေနရင္းျဖစ္ျဖစ္စာရိုက္ေနရင္းျဖစ္ျဖစ္ အင္းအဲနဲ႔ဘာဆက္ေျပာရမယ္မွန္းမသိဘူး။
ၿပီးေတာ့ အရင္ကထက္ပိုၿပီးျပႆနာမ်ားလာတယ္။ မိသားစုေရး လူမႈေရးအကုန္ပါ၀င္ပတ္သက္လာေတာ့ ျပႆနာေသးေသးေလးကအစကိုယ္နဲ႔ဆိုင္လာတယ္။
ေျပာရရင္ အတူရင္ဆိုင္ေျဖရွင္းရမယ့္ကိစၥေတြမ်ားလာတာေပါ့။ ဒါေပမယ့္ အဲဒီကာလမွာအျပတ္မ်ားတယ္။တစ္ေယာက္နဲ႔တစ္ေယာက္စိတ္အခန္႔မသင့္ျဖစ္တာမ်ားၿပီး ႀကံဳလာမယ့္ကိစၥေတြကိုရင္မဆိုင္ခ်င္ေတာ့တာမ်ိဳး နည္းနည္းဆိုျပႆနာျဖစ္လို႔စိတ္ကုန္စိတ္ပ်က္လာၿပီး အတူရိွခဲ့သမ်ွအခ်ိန္ေတြအကုန္ပလံုသြားတယ္။
သံုးႏွစ္ေက်ာ္ေလးႏွစ္၀န္းက်င္ကာလက အခက္ခဲဆံုးျဖစ္လိမ့္မယ္။အဲဒီအခ်ိန္က တြဲခါစတုန္းကလိုအႏုအရြေတြလုပ္ရမွာပ်င္းလာၿပီး မလိုအပ္ရင္စကားမေျပာခ်င္ပဲ ခ်စ္ေနရင္ရၿပီတျခားဘာလိုေသးလဲဆိုတဲ့ခံစားခ်က္မ်ိဳးနဲ႔ စိတ္
အေျပာင္းအလဲစျဖစ္ၾကၿပီး ႏွစ္ဖက္လံုးအထိအခိုက္မ်ားတဲ့ကာလေတြပဲ။ ေန့တိုင္းေတြ့ရတဲ့သူေတြက ညဆိုဖုန္းမေျပာခ်င္ေတာ့ဘူး ေအးေဆးနားခ်င္လာတယ္။
အားလပ္ခ်ိန္ေတြမွာ ကိုယ္စိတ္ပါတာေတြပဲလုပ္ခ်င္လာတယ္ game ေဆာ့တာျဖစ္ျဖစ္ ဇာတ္လမ္းၾကၫ့္တာျဖစ္ျဖစ္
တကူးတကႀကီးအခ်ိန္ေပးၿပီးစကားေျပာမေနခ်င္ေတာ့တာမ်ိဳးျဖစ္လာၾကတယ္။ အၿမဲမေတြ့ရတဲ့သူေတြကသံသယမ်ားလာတယ္ တစ္ခုခုဆိုေသြးေအးေနၿပီဆိုတဲ့ေခါင္းစဥ္နဲ႔စကားမ်ားၾကတယ္။
ဒီလိုျဖစ္ေနတဲ့အခ်ိန္မွာ အေပးအယူတည့္ေနၾကရင္ေတာ့ျပႆနာမရိွေပမယ့္ တစ္ဖက္မဟုတ္တစ္ဖက္က အဲဒီအေျပာင္းအလဲဒဏ္ကိုမခံႏိုင္ဘူးဆိုရင္ေတာ့ ျပတ္သြားတာပဲ။
မျပတ္ၾကရင္ေတာင္ စိတ္ပ်က္စိတ္ကုန္ေနၿပီး သံေယာဇဥ္အရဆက္တြဲေနၾကတာမ်ိဳးလည္းရိွတယ္။
အဲလိုျဖစ္လာၿပီဆိုရင္ ဘာမွလုပ္မရဘူး မခ်စ္လို႔လားဆိုလည္းမဟုတ္ဘူး ဒီအတိုင္းကိုယ့္ဘာသာေအးေဆးေနခ်င္ၿပီး အီတာလိုလိုဟုန္သြားတာလိုလိုနဲ႔ဘာျဖစ္ခ်င္မွန္းမသိတာမ်ိဳးေပါ့။
ထစ္ခနဲရိျွပတ္မယ္ျဖစ္ၾကၿပီး လမ္းခြဲရေအာင္ေျပာလာရင္လည္း သေဘာပဲဆိုၿပီးျပန္ေျပာဖို႔၀န္မေလးဘူး။ အဲဒါေတြကိုခံႏိုင္ရည္ရိွရင္ရိွ ဒါမွမဟုတ္ နားလည္မႈရိွရင္ရိွ ဒါမွပဲရမယ္။
အဲလိုနဲ႔ေက်ာ္ျဖတ္သြားၾကၿပီး ေလးႏွစ္ငါးႏွစ္ထဲေလာက္ထဲေရာက္လာရင္ေတာ့ ခက္ခဲသင့္သေလာက္ခက္ခဲၿပီးၿပီဆိုေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ပိုနားလည္ၿပီး ျပတ္ဖို႔ခဲယဥ္းသြားၿပီ။
တကယ္လို႔ ကိုယ္ကဒီခက္ခဲတဲ့အေျခအေနမ်ိဳးေရာက္လာၿပီဆိုရင္ စိတ္လိုက္မာန္ပါမဆံုးျဖတ္ပဲ သူနဲ႔အမွတ္တရေတြ အေရးပါတာေတြ
အတူရိွေပးခဲ့တာေတြခဏခဏဆိုသလိုျပန္ေတြးၿပီး ျပန္ေနြးေနဖို႔လိုတယ္။ ၿပီးရင္ ကိုယ့္သေဘာနဲ႔ကိုယ္ေနတာထက္ ကိုယ္ျဖစ္ခ်င္တဲ့ပံုစံကို
ေျပာျပတာမ်ိဳး ကိုယ္လည္းသူျဖစ္ခ်င္တာကိုလိုက္ေလ်ာေပးတာမ်ိဳး အေပးအယူတည့္ၿပီးစိတ္ရွည္လိုက္မယ္ဆိုရင္ ေရရွည္အတြက္အတူေနႏိုင္မယ့္ နည္းလမ္းကိုရွာေတြ့သြားၾကလိမ့္မယ္Pageကို like and followလုပ္ထားၾကပါအံုးေနာ္
ညီေစမင္း



