အခ်စ္ေရး

ဒီလိုယောကျ်ားမျိုးနဲ့တွေ့ဆုံတဲ့ အချိန်မှသာအိမ်ထောင်ပြုဖို့ စဉ်းစားပါ…

မိန်းကလေးတိုင်းဟာအချစ်ရေးမှာကံကောင်းချင်ကြပါတယ်။

ကိုယ့်အပေါ်ပျော်ရွှင်မှု၊ဂရုစိုက် မှုပေးနိုင်ပြီးသစ္စာရှိတဲ့ယောကျာ်းမျိုးနဲ့ပဲဆုံဆည်းချင်ကြပါတယ် …… ။

အောက်ပါအချက်လေးတွေနဲ့ကိုက်ညီတဲ့ ချစ်သူကောင်လေးမျိုးကိုရထားပြီးပြီဆိုရင် သင်ဟာပတ်ဝန်းကျင်မှာရော သူငယ်ချင်းအပေါင်းအသင်းကြားမှာပါသင့်ကိုဝိုင်းပြီး အားကျရမယ့်ပျော်ရွှင်ဖွယ် အချစ်ရေးကိုပိုင်ဆိုင်ထားပြီးဖြစ်ပါတယ် ….. ။

၁။ဦးစားပေးမှုမှာ သင်ကနံပါတ်တစ်ပဲ ။

အလုပ်နဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ ဖြစ်စေ သူငယ်ချင်းအပေါင်းအသင်းကြားမှာ ဖြစ်စေသင်နဲ့ယှဉ်ရမယ့် ကိစ္စမျိုးရှိလာခဲ့ရင်သင့်ကိုပဲ ပထမဦးစားပေး ရွေးချယ်မယ့်သူမျိုးပါ။

သင်ရဲ့ ပျော်ရွှင်မှု၊ကျန်းမာရေးကိုလည်း သူကအမြဲစောင့်ရှောက်တတ်တဲ့သူမျိုးပါပဲ …. ။

ဒီလို ယောင်္ကျားမျိုးနဲ့ တွေ့ဆုံတဲ့အချိန်မှသာ အိမ်ထောင်ပြုဖို့ စဉ်းစားပါ။

၂။ရင်ဖွင့်စကားတွေနားထောင်ပေးပြီး အမြဲအားပေးသူမျိုး ။

သင်က ရင်ဖွင့်စရာတောင် မလိုပါဘူး။ သင့်မျက်နှာမှာ အလိုမကျတာတွေ့ရင် သူက ဘာဖြစ်နေလဲဆိုတာကို သိနှင့်ပြီး သင့်မကျေနပ်ချက်တွေကို မေးမယ့်သူမျိုးပါ။

သင်ရဲ့အခက်အခဲတွေမကျေမနပ်ဆိုလာတဲ့ ရင်ဖွင့်စကားတွေကိုဂရုတစိုက်နားထောင်ပေးပြီးအကြံဉာဏ်ပေး မယ့်သူမျိုးပါ …. ။

၃။ဘဝရဲ့အခက်အခဲတွေကိုကူညီဖြေရှင်းမယ့်သူမျိုး ။

နေ့စဉ် အသက်ရှင်ဖို့လှုပ်ရှားနေရတဲ့ ဘဝဟာတစ်ခါတစ်ရံမှာ တစ်ယောက်ထဲရင်ဆိုင်ဖို့ ခက်ခဲလွန်းပါတယ်။

သင်က စိတ်ဓာတ်ကြံ့ခိုင်တဲ့ မိန်းကလေးဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ တစ်ယောက်ထဲရင်ဆိုင်ဖြေရှင်းဖို့ မတတ်နိုင်တဲ့အခါမျိုးမှာသူကသင့်ရှေ့ကမားမားမတ်မတ်ရပ်တည်ပြီး ရင်ဆိုင်ဖြေရှင်းပေးမှာပါ။

သင့်ရဲ့အခက်အခဲတွေကိုအားနည်းချက်လို့ အပြစ်မမြင်ပဲသူဘက်က ကူညီခွင့်ရတဲ့အတွက်တောင်ဂုဏ်ယူဦးမယ့်သူပါ ….. ။

၄။သင့်ရဲ့စိတ်ကို သိနေတဲ့သူမျိုး ။

သူက သင့်ကိုအရမ်းချစ်တဲ့အတွက်ကြောင့်သင့်ရဲ့စိတ်ခံစားချက်တွေ အကြိုက်တွေကိုအမြဲသိချင်နေတဲ့သူမျိုးပါ။သိဖို့အတွက်အမြဲလည်းအကဲခတ်နေပါတယ်။

ဒါကြောင့်မို့ သင့်ဘက်ကလိုအပ်ချက်ရှိလာတဲ့အခါမျိုးမှာတောင်းဆိုစရာမလိုပဲ သူ့အသိစိတ်နဲ့သင့်ရဲ့ လိုအပ်ချက်ကို သိနှင့်ပြီးသား၊လုပ်ပေးနှင့်နေပြီးသားဖြစ်နေတတ်ပါတယ်။

တခါတရံ လက်ဆောင်တွေအစားအသောက်တွေဝယ်လာပေးတဲ့အခါမျိုးကျရင်သင့်အကြိုက်နဲ့ထပ်တူညီနေတာမျိုး ရှိနေတတ်တာတွေက တိုက်ဆိုင်တာမဟုတ်ပါဘူး။

သင့်ရဲ့အကြိုက်၊သင့်ရဲ့စိတ်ကိုသိပြီးအသေးအဖွဲ့လေးတွေကအစဂရုစိုက်တတ်တဲ့သူမို့ပါ ….. ။ဒီလို ယောင်္ကျားမျိုးနဲ့ တွေ့ဆုံတဲ့ အချိန်မှသာ အိမ်ထောင်ပြုဖို့ စဉ်းစားပါ။

၅။သင့်ခန္ဓာကိုယ်မှာသင်မလှပဘူးလို့ထင်တဲ့အရာတွေကိုလည်းသူက ချစ်ပေးတဲ့သူမျိုး ။

သင်က လှပတဲ့သူတစ်ယောက်မို့သူက ချစ်တာ မဟုတ်ပါဘူး။

သင်က ဗိုက်ပူခါးတုတ်နေနေရင်တောင်သူကအဲဒါလေးကို ချစ်ဖို့ကောင်းတယ်လို့ထင်နေတဲ့သူမျိုးပါ။

သင့်မျက်နှာမှာဝက်ခြံတွေများနေလို့မှန်မကြည့်ချင်ဘူးဆိုရင်တောင်သင့်ကိုသူက တစိမ့်စိမ့်ကြည့်နေပြီးဝက်ခြံလေးတွေကိုတောင်မှဲ့လေးတွေလို့မြင်ပေးမယ့်သူမျိုးပါပဲ ….. ။

၆။ဘဝရဲ့အရေးပါတဲ့နေ့ရက်တိုင်းကိုအတူဖြတ်သန်းချင်သူမျိုး ။

အထိမ်းအမှတ်နေ့ရက်တွေ၊ဥပမာ-ဘွဲ့ယူတဲ့နေ့မျိုးမှာသူကသင့်နဲ့အတူ ဖြတ်သန်းချင်တာပါ။

သူက စိတ်ညစ်စရာအရာတွေသာသင့်ကို မပြောပြချင်နေမယ်ပျော်ရွှင်စရာကိစ္စ ဝမ်းသာစရာကိစ္စတွေ ရှိလာတဲ့အခါကျရင်

သင့်ကို ပထမဆုံးပြောပြပြီးအပျော်တွေကိုအတူတူမျှဝေချင်တဲ့သူမျိုးပါ။

အဲလိုကောင်လေးမျိုးကိုပိုင်ဆိုင်ထားပြီးရင် သင့်ဘက်ကလည်းအပြည့်အဝနဲ့နားလည်မှု ပေးနိုင်တဲ့ချစ်သူမျိုးဖြစ်အောင် ကြိုးစားဖို့မမေ့နဲ့နော်။

မူရင်းရေးသားသူအားလေးစားစွာဖြင့် Credit ပေးပါတယ်

Unicode

ဒီလို ယောင်္ကျားမျိုးနဲ့တွေ့ဆုံတဲ့ အချိန်မှသာအိမ်ထောင်ပြုဖို့ စဉ်းစားပါ…