မိုးေလ၀သ

စူပါမွန်းဖြစ်မည့် ကဆုန်လပြည့်နဲ့ သတိထားရမယ့် ဆိုင်ကလုံး မုန်တိုင်း ရာစ် (YAAS)

စူပါမွန်းဖြစ်မည့် ကဆုန်လပြည့်နဲ့ သတိထားရမယ့် ဆိုင်ကလုံး မုန်တိုင်း ရာစ် (Yaas)

လာမည့် ၂၀၂၁ မေလ ၂၅ ရက်နေ့ဟာ ကဆုန်လပြည့်အချိန်အခါ သမယဖြစ်သလို စူပါမွန်းဖြစ်မည့် အချိန့်နှင့်လည်း တိုက်ဆိုင်လို့နေပါတယ်။ “ကဆုန်” ကို ပုဂံခေတ်မှာ “ကုဆုန်” ၊ “ခုဆုန်” စသည်ဖြင့် ရေးသားကြပါတယ်။ “ကု” ဆိုတာ ရေကို ခေါ်ပါတယ်။

“ဆုန်” ဆိုတာကတော့ သွန်းလောင်းခြင်း၊ စီးဆင်းစေခြင်း လို့ အဓိပ္ပာယ်ရပါတယ်။ အဲ့ဒါကြောင့် ကဆုန်ရဲ့ အဓိပ္ပာယ်ဟာ “ရေသွန်းလောင်းခြင်း” လို့ ဆိုနိုင်ပါတယ်။

ပုဂံခေတ်ဦး ယဉ်ကျေးမှုမှာတော့ ပူပြင်းတဲ့ကဆုန်လမှာ သစ်ပင်ပန်းမန်များကို ရေသွန်းလောင်းခဲ့ကြပါတယ်။ ရှင်အရဟံ သာသနာပြုပြီးသည့်နောက်မှာတော့ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားတဲ့ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းသော ဓလေ့ ဖြစ်လာခဲ့ပါတယ်။

ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဗျာဒိတ်တော်ခံယူခြင်း၊ ဖွားမြင်ခြင်း၊ ဘုရားအဖြစ်သိူ့ရောက်ရှိခြင်း နဲ့ ပရိနိဗ္ဗာန်ပြုခြင်း အစရှိသော နေ့ရက်များနဲ့ တိုက်ဆိုင်လို့နေပါတယ်။

အနောက်တိုင်းနက္ခတ်မှာတော့ ဒီလမင်းကြီးကို ပန်းမြိုင်လယ်က လမင်းကြီး (Full Flower Moon) လို့ ခေါ်ဆိုကြပါတယ်။ နွေဦးပန်းတွေ ဝေဝေဆာဆာ ပွင့်ဖူးချိန်မှာ တွေ့ရတဲ့ လမင်းကြီးလို့ ဆိုပါတယ်။

ဒီနှစ် လပြည့်ချိန်ဟာ လ ရဲ့ ပတ်လမ်းမှာ ကမ္ဘာနဲ့ အနီးဆုံးနေရာသို့ ရောက်ရှိနေချိန် (Perigee ) နှင့်လည်း တိုက်ဆိုင်လို့နေပါတယ်။ အဲ့ဒါကြောင့် ပုံမှန်မြင်တွေ့နေကျ အရွယ်အစားထက် အနည်းငယ်ပိုကြီးသော လကို စူပါမွန်းလအဖြစ် ကျနော်တို့ မြင်တွေ့ကြရမှာဖြစ်ပါတယ်။

လမင်းတည်ရှိနေမည့် ကြယ်စုဟာ Scorpius လို့ခေါ်တဲ့ ဗြိစ္ဆာရာသီ ကြယ်စုများပဲဖြစ်ပါတယ်။ လ ပြည့်ညမှာ လ နှင်​့ ကမ္ဘာအကွာအဝေးဟာ မိုင်ပေါင်း ၂၂၂၀၀၀ မိုင်ခန့် ရှိနေမှာ ဖြစ်ပါတယ်။

လဟာ ညနေ ၅:၂၀ လောက်မှာ အရှေ့အရပ်မှစတင်ပေါ်ထွက်လာမှာဖြစ်ပြီး နောက်တနေ့ နံနက် ၅:၃၀ လောက်မှာ အနောက်အရပ်သို့ ပြန်ဝင်မှာဖြစ်ပါတယ်။ မေလ ၂၆ ရက်နေ့ညဦးပိုင်းမှာတော့ လအပြည့်ကြတ်ခြင်းဖြစ်စဉ်ကို ကျနော်တို့ မြင်တွေ့ကြရဦးမှာ ဖြစ်ပါတယ်။

စူပါမွန်းလပြည့် နဲ့ ရာစ် (Yaas) ဆိုင်ကလုံး မုန်တိုင်းမှ မိုးရွာသွန်းခြင်းများကြောင့် ကမ်းရိုးတန်း နှင့် မြစ်ဝကျွန်းပေါ် ဒေသများမှာဒီရေအတက်-အကျ ကရုပြုသင့်ပါတယ်။

အနာဂတ်ပညာရေးအတွက် သန့်ဦး (အာကာသနှင့် စကြဝဠာ)

စူပါမွန်းဖြစ်မည့် ကဆုန်လပြည့်နဲ့ သတိထားရမယ့် ဆိုင်ကလုံး မုန်တိုင်း ရာစ် (Yaas)

လာမည့် ၂၀၂၁ မေလ ၂၅ ရက်နေ့ဟာ ကဆုန်လပြည့်အချိန်အခါ သမယဖြစ်သလို စူပါမွန်းဖြစ်မည့် အချိန့်နှင့်လည်း တိုက်ဆိုင်လို့နေပါတယ်။ “ကဆုန်” ကို ပုဂံခေတ်မှာ “ကုဆုန်” ၊ “ခုဆုန်” စသည်ဖြင့် ရေးသားကြပါတယ်။ “ကု” ဆိုတာ ရေကို ခေါ်ပါတယ်။

“ဆုန်” ဆိုတာကတော့ သွန်းလောင်းခြင်း၊ စီးဆင်းစေခြင်း လို့ အဓိပ္ပာယ်ရပါတယ်။ အဲ့ဒါကြောင့် ကဆုန်ရဲ့ အဓိပ္ပာယ်ဟာ “ရေသွန်းလောင်းခြင်း” လို့ ဆိုနိုင်ပါတယ်။

ပုဂံခေတ်ဦး ယဉ်ကျေးမှုမှာတော့ ပူပြင်းတဲ့ကဆုန်လမှာ သစ်ပင်ပန်းမန်များကို ရေသွန်းလောင်းခဲ့ကြပါတယ်။ ရှင်အရဟံ သာသနာပြုပြီးသည့်နောက်မှာတော့ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားတဲ့ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းသော ဓလေ့ ဖြစ်လာခဲ့ပါတယ်။

ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဗျာဒိတ်တော်ခံယူခြင်း၊ ဖွားမြင်ခြင်း၊ ဘုရားအဖြစ်သိူ့ရောက်ရှိခြင်း နဲ့ ပရိနိဗ္ဗာန်ပြုခြင်း အစရှိသော နေ့ရက်များနဲ့ တိုက်ဆိုင်လို့နေပါတယ်။

အနောက်တိုင်းနက္ခတ်မှာတော့ ဒီလမင်းကြီးကို ပန်းမြိုင်လယ်က လမင်းကြီး (Full Flower Moon) လို့ ခေါ်ဆိုကြပါတယ်။ နွေဦးပန်းတွေ ဝေဝေဆာဆာ ပွင့်ဖူးချိန်မှာ တွေ့ရတဲ့ လမင်းကြီးလို့ ဆိုပါတယ်။

ဒီနှစ် လပြည့်ချိန်ဟာ လ ရဲ့ ပတ်လမ်းမှာ ကမ္ဘာနဲ့ အနီးဆုံးနေရာသို့ ရောက်ရှိနေချိန် (Perigee ) နှင့်လည်း တိုက်ဆိုင်လို့နေပါတယ်။ အဲ့ဒါကြောင့် ပုံမှန်မြင်တွေ့နေကျ အရွယ်အစားထက် အနည်းငယ်ပိုကြီးသော လကို စူပါမွန်းလအဖြစ် ကျနော်တို့ မြင်တွေ့ကြရမှာဖြစ်ပါတယ်။

လမင်းတည်ရှိနေမည့် ကြယ်စုဟာ Scorpius လို့ခေါ်တဲ့ ဗြိစ္ဆာရာသီ ကြယ်စုများပဲဖြစ်ပါတယ်။ လ ပြည့်ညမှာ လ နှင့် ကမ္ဘာအကွာအဝေးဟာ မိုင်ပေါင်း ၂၂၂၀၀၀ မိုင်ခန့် ရှိနေမှာ ဖြစ်ပါတယ်။

လဟာ ညနေ ၅:၂၀ လောက်မှာ အရှေ့အရပ်မှစတင်ပေါ်ထွက်လာမှာဖြစ်ပြီး နောက်တနေ့ နံနက် ၅:၃၀ လောက်မှာ အနောက်အရပ်သို့ ပြန်ဝင်မှာဖြစ်ပါတယ်။ မေလ ၂၆ ရက်နေ့ညဦးပိုင်းမှာတော့ လအပြည့်ကြတ်ခြင်းဖြစ်စဉ်ကို ကျနော်တို့ မြင်တွေ့ကြရဦးမှာ ဖြစ်ပါတယ်။

စူပါမွန်းလပြည့် နဲ့ ရာစ် (Yaas) ဆိုင်ကလုံး မုန်တိုင်းမှ မိုးရွာသွန်းခြင်းများကြောင့် ကမ်းရိုးတန်း နှင့် မြစ်ဝကျွန်းပေါ် ဒေသများမှာဒီရေအတက်-အကျ ကရုပြုသင့်ပါတယ်။

အနာဂတ်ပညာရေးအတွက်..သန့်ဦး (အာကာသနှင့် စကြဝဠာ)